Author's Profile Photo

ပြာလဲ့ရီဝေ

31/01/2025

ရင်ထဲက ဝါရွက်

1 min read
3
ရင်ထဲက ဝါရွက်'s photo

ပြာလဲ့လဲ့ ကောင်းကင်ကြီးဝယ်
မှုန်တွဲ့တွဲ့ တိမ်မျှင်ပြေးတယ်
ဖော်ငှက်တို့ လေပြင်ထဲမယ်
ရယ်သံသွဲ့သွဲ့ ပြုရင်းပျံနေတယ်။

ဖုန်ငွေ့ငွေ့ မြေပြင်ထက်ဝယ်
ဝါရင့်ရင့် ဟောင်းရွက်တို့ရယ်
လေသော့သော့ ခေါ်ရာရွေ့လည်
ဘယ်ဆီမရှိဘဲဖြေသာနေရတယ်။

ဖော်ငှက်လို ပျံမဝဲနိုင်မို့
ရော်ရွက်လို အလွမ်းလေသယ်တိုင်း
ရင်ထဲမှာချာချာလည်
သူသိပါ့မလားကွယ်.......

[ ကောင်းကင်အာကာ လှပန်းချီ
ဖော်ငှက်နှံလည်း အားကျပါသည် ] ၂

သော့တိုင်းသော့တိုင်း ရွေ့ဆဲရွက်ခမျာ
ဦးတည်ရာမဲ့ ကိုယ့်ဘဝထိုရွက်ဝါ။

ဝါရွက်တွေလည်း ဖြေသာ‌‌သည်လေ
ကိုယ့်စိတ်မှာလည်း ပြေပါသည်လေ
ဝါရွက်ဟာလည်း မမုန်းတတ်သည်ပေ
ကိုယ့်စိတ်မှာလည်း မုန်းမရက်သည်မေ။

ဝေ့ရင်း လည်ရင်း ရင်ထဲရွက်ဟောင်းနွှယ်။

ပြာလဲ့လဲ့ ကောင်းကင်ကြီးဝယ်
မှုန်တွဲ့တွဲ့ တိမ်မျှင်ပြေးတယ်
ဖော်ငှက်တို့ လေပြင်ထဲမယ်
ရယ်သံသွဲ့သွဲ့ ပြုရင်းပျံနေတယ်။

ဖုန်ငွေ့ငွေ့ မြေပြင်ထက်ဝယ်
ဝါရင့်ရင့် ဟောင်းရွက်တို့ရယ်
လေသော့သော့ ခေါ်ရာရွေ့လည်
ဘယ်ဆီမရှိဘဲဖြေသာနေရတယ်။

ဖော်ငှက်လို ပျံမဝဲနိုင်မို့
ရော်ရွက်လို အလွမ်းလေသယ်တိုင်း
ရင်ထဲမှာချာချာလည်
သူသိပါ့မလားကွယ်.......

[ ကောင်းကင်အာကာ လှပန်းချီ
ဖော်ငှက်နှံလည်း အားကျပါသည် ] ၂

သော့တိုင်းသော့တိုင်း ရွေ့ဆဲရွက်ခမျာ
ဦးတည်ရာမဲ့ ကိုယ့်ဘဝထိုရွက်ဝါ။

ဝါရွက်တွေလည်း ဖြေသာ‌‌သည်လေ
ကိုယ့်စိတ်မှာလည်း ပြေပါသည်လေ
ဝါရွက်ဟာလည်း မုန်းမတတ်မောင်ရေ
‌ကိုယ့်စိတ်မှာလည်း မုန်းမရက်ပါသလေ။

ဝေ့ရင်း လည်ရင်း ရင်ထဲရွက်ဟောင်းနွှယ်။

3

Keep Reading