သိုက်စံထွန်း
စွမ်းအားတခုခုမှ မရှိထားဘူးဆိုရင်
ဖြစ်ချင်တာတွေ
ဖြစ်သင့်တာတွေ
ဖြစ်နေတာတွေရဲ့
အောက်ဆုံး တနေရာမှာပဲ ဖြစ်တည်ကြရတယ်
စွမ်းအားတခုခု ရှိထားမှသာလျှင်
ဖြစ်ချင်တာတွေ
ဖြစ်သင့်တာတွေ
ဖြစ်နေတာတွေရဲ့
အနီးတနေရာမှာ ဖြစ်ကောင်းဖြစ်နိုင်လိမ့်မယ်
ဒါတွေက
လက်ခံသည်ဖြစ်စေ
လက်မခံသည်ဖြစ်စေ
ထင်ထင်ရှားရှား ညွှန်းကိန်းတခုအဖြစ် ရှိနေတယ်
ခါးသက်သက် ညွှန်းကိန်း တခုပဲ ..........
သိုက်စံထွန်း
#ThikesantunWritingNotes #thikesantunwritingnote
Keep Reading