မောရိသျှ
“ကိုယ့်အနေနဲ့ ဘဝကြီးကို ဘယ်လောက်ထိ ကောင်းအောင် ကြိုးစားနိုင်ခဲ့ပါစေ၊ တစ်နေ့တစ်ချိန် အိပ်ရာထဲလဲသွားတဲ့အခါ ကူဖော်ရာမဲ့ ကိုယ့်အဖြစ်ကို ဝမ်းနည်းတဲ့အကြည့်တွေနဲ့ ဝန်းရံလာကြဦးမှာပါ” ဘယ်သူမှ လောကဓံရဲ့ ဒဏ်ကို ငြင်းဆန်နိုင်ကြမှာ မဟုတ်ပါဘူး။ လောကဓံရဲ့ ရိုက်ခတ်မှုကို လူတိုင်း တန်းတူ ရင်ဆိုင်ကြရပါတယ်။ ဘုရင်ကြီးဖြစ်နေလို့လည်း ပေါ့သွားမှာ မဟုတ်သလို၊ ဆင်းရဲသားမလို့ ပိုပြီးခံရတာမျိုးလည်း မရှိပါဘူး။ လောကကြီးရဲ့အမြင်မှာ လူတိုင်း အတူတူပါပဲ။
လူတွင်ကျယ်ဖြစ်သွားရင် မလိုတဲ့သူတွေ များလာတာ သဘာဝပါ။ လူကြီးဖြစ်မှ လူမုန်းခံရတာမျိုး မဟုတ်ပါဘူး။ ကျွန်တော့်မှာလည်း မလိုတဲ့သူတွေ အများကြီးရှိပါတယ်။ တချို့ဆိုရင် ဆွေမျိုးသားချင်းတွေပါ။ မတော်ချင်လို့လည်း မရသလို၊ မခင်ချင်လည်း မရတဲ့သူတွေရဲ့ မနာလိုစိတ်ကြီးကို သိသိကြီးနဲ့ ပေါင်းသင်းဆက်ဆံနေရတာ မလွယ်ပါဘူး။ ဘဝရဲ့ တစိတ်တပိုင်း တခန်းတကဏ္ဍဖြစ်တဲ့အတွက် ဒီလိုအဖြစ်မျိုးကို ကျေနပ်စွာ လက်ခံနိုင်အောင် ကြိုးစားခဲ့ရပါတယ်။ အောင်မြင်သူမှန်သမျှ ထိုးချခံရဖူးပါတယ်။ အနီးစပ်ဆုံးသော လူတွေရဲ့ မနာလိုအမုန်းထားမှုတွေကြောင့် အခက်တွေ့ဖူးကြတာကြီးပါပဲ။
ကျွန်တော့် အသက် ၁၅ နှစ်လောက်ကတည်းက ခင်ခဲ့တဲ့ ငယ်သူငယ်ချင်းတစ်ယောက်နဲ့ သိပ်မကြာသေးခင်က စကားပြောဖြစ်ခဲ့တယ်။ ငယ်ငယ်က ခင်ခဲ့တဲ့ သူငယ်ချင်းဟောင်း အများစုနဲ့ သူစကားမပြောဖြစ်တာပဲ အတော်ကြာခဲ့ပြီတဲ့။ သူ့ဘက်က သူတို့နဲ့ အဆက်အသွယ်ဖြတ်ခဲ့တာ မဟုတ်ပေမဲ့၊ သူ့အပေါ် အဆက်အသွယ် ဖြတ်သွားကြတာလို့ ဆိုပါတယ်။ ဒါမျိုး လူတိုင်း ဖြစ်ဖူးမှာပါ။ အစပိုင်းကတော့ အဆင်ပြေသလိုလိုနဲ့ တစ်ယောက်ကိုတစ်ယောက် အဖတ်လုပ်ဖြစ်သေးတယ်၊ ပြီးတော့ နောက်ပိုင်း ဟိုချိန်းဒီချိန်းတွေမှာ မပါတော့ဘဲ ကြဉ်ခံရတယ်၊ ပြီးရင် မွေးနေ့ပွဲလည်း အဖိတ်မခံရ၊ ဘာပွဲညာပွဲ ညစာစားပွဲတောင်မှ အခေါ်မခံရတော့ဘဲ ဘေးရောက်သွားရော။
နှစ်အနည်းငယ်တော့ ကြာခဲ့ပြီဆိုပေမဲ့၊ ဘာပြောပြော သူလည်း စိတ်ထဲမကောင်းဖြစ်နေရသေးတာပေါ့။ “ကျွန် တော် တကယ် နားမလည်နိုင်ဘူး၊ အားလုံးက သူငယ်ချင်းကောင်းတွေ ဖြစ်ခဲ့တာပဲ၊ ဘာလို့ ဒီလိုကြီး ချက်ချင်းဆိုသလို အဆက်အသွယ်တွေ ဖြတ် လမ်းတွေ ခွဲသွားကြတာလဲ နားမလည်နိုင်ဘူး။ တကယ်ပါ” လို့ သူ့ခံစားချက်တွေကို မသိုမဝှက် ဝန်ခံပြောဆိုရှာပါတယ်။
ဒါကလည်း ပြောရရင် တချို့လူတွေအတွက် အကြောင်းအရင်းရှိမှ လုပ်ကြတာမျိုး မဟုတ်ဘူးလေ။ အကြောင်းအရင်း မရှိလည်း သူတို့စိတ်က မထင်ရင် မထင်သလို လုပ်ချင်တာ လုပ်ကြတာပဲ။ တစ်ခါကဆိုရင် ကျွန်တော့် တခြား သူငယ်ချင်းတယောက် ကျောင်းပညာရေးကိစ္စ အကြောင်းပြပြီး ပေါင်းသင်းနေရာကနေ လမ်းခွဲသွားတာမျိုး ကြုံဖူးတယ်။ စိတ်ပိုင်းဆိုင်ရာအကြံပေးအဖြစ် အခု လုပ်နေလေရဲ့။ ပြောရရင် ကျောင်းတစ်ဘက်နဲ့ စာလုပ်တာရယ်၊ အပေါင်း
Unlock to read this premium article with 100 points.