မောရိသျှ
ငယ်ငယ်တုန်းက ကြားဖူးနေကျစကားရှိတယ်၊ “ကိုယ်ဖြစ်ချင်တာ ဖြစ်လို့ရတယ်” ဆိုတာမျိုး။ အဲဒီစကားကြောင့်လည်း ကျွန်တော် စာကြိုးစားခဲ့တယ်၊ လူလိမ္မာလေးဖြစ်အောင် နေခဲ့တယ်။ အချိန်တန် ကြီးလာရင် ကိုယ်ဖြစ်ချင်တာ ဖြစ်အောင်လုပ်လို့ရမယ်လို့ပဲ အမြဲ တွေးခဲ့တယ်။ တကယ်တော့ ဘဝက အဲဒီလို အလုပ်မလုပ်ဘူး။
ကြီးလာတော့ နောက်တစ်မျိုးကြားရပြန်ရော၊ “မင်းဘဝရဲ့ ဒါရိုက်တာက မင်းကိုယ်တိုင်ပဲ” တဲ့။ ဆိုလိုတာက ကိုယ့်ဘဝကို ကိုယ်တိုင် ကြိုက်သလို ပုံဖော်လို့ရတယ်ဆိုတဲ့အဓိပ္ပါယ်မျိုး။ ဧပ္ပိတေတုစ်လည်း အလားတူပေမယ့် တခြားရှုထောင့်မျိုးနဲ့ ပြောထားတာလေးတစ်ခု ရှိတယ်။
“ကိုယ့်ကိုယ်ကိုယ် သရုပ်ဆောင်အဖြစ် မြင်လိုက်ပါ၊ ကရမယ့်ဇာတ်က တိုရင်လည်းတိုမယ် ရှည်ရင်လည်းရှည်မယ်၊ ပြဇာတ်မှူး ဒါရိုက်တာကပဲ ဆုံးဖြတ်လိမ့်မယ်၊ ကိုယ့်ရဲ့ ဇာတ်ကောင်ကိုလည်း သူပဲ ဆုံးဖြတ်မှာပါ၊ ဆင်းရဲသားလည်းဖြစ်ချင်ဖြစ်မယ်၊ သူဌေးလည်းဖြစ်ကောင်းဖြစ်မယ်၊ ဒုဋ္ဌနူနာသည်လည်းဖြစ်ရင်ဖြစ်မယ်၊ ဘုရင်ကြီးလည်းဖြစ်ကောင်းဖြစ်မယ်၊ ဒါမှမဟုတ် သာမှန်လူပဲလုပ်ရင် လုပ်ရလိမ့်မယ်။ သရုပ်ဆောင်အနေနဲ့ ကိုယ်ဘာလုပ်မယ်ဆိုတာကိုတော့ ဆုံးဖြတ်ခွင့် ရမှာမဟုတ်ဘူး၊ ဒါပေမဲ့ ကိုယ်ကရမယ့် ဇာတ်ကိုတော့ နိုင်အောင် ကရလိမ့်မယ်၊ ကိုယ့်ဇာတ်ကောင်အလိုက် အကကောင်းရင် ကိုယ်တော်တာပဲ မကတတ်ရင်တော့ ကတတ်တဲ့ တခြားလူက ကိုယ့်နေရာဝင်ယူသွားလိမ့်မယ်”
အဲဒီလိုကြီး ဖတ်လိုက်ရတော့ စိတ်မကောင်းဘူး။ ကျွန်တော်ထင်ခဲ့တာ လူတိုင်း ကိုယ့်ဘဝရဲ့ ဒါရိုက်တာ လုပ်ရမယ်ပေါ၊ ကိုယ့်မှာ ဆုံးဖြတ်ပိုင်ခွင့် ရှိတယ်ပေါ့နော်။ အမှန်တော့ မဟုတ်ဘူး။ ဘယ်သူမှ ဘဝရဲ့အစိုးမရမှုကို မလွန်ဆန်နိုင်ဘူး။
ရင်းနှီးမြုပ်နှံမှုသူဌေးကြီး ဝါရင်ဘတ်ဖတ်ကို ကျွန်တော် သိပ်ပြီးလေးစားတယ်၊ သမိုင်းတစ်လျှောက် အထူးချွန်ဆုံး ရင်းနှီးမြုပ်နှံသူ သူကြွယ်ကြီးသာ ဖြစ်နေတာ စကားပြောရင် သိပ်ပြီး နှိမ့်ချတယ်။ သူ့ဘဝကြီး ဘာလို့ အဲဒီလောက် အောင်မြင်နေရတာလဲလို့ မေးလိုက်တိုင်း ဖြေလေ့ရှိတာက “ကံကောင်းလို့”တဲ့။ Value Investing ရဲ့ Founder ကြီး Benjamin Graham လို ပုဂ္ဂိုလ်မျိုးသက်ရှိထင်ရှား ရှိနေချိန်မှာ သူလူဖြစ်လာလို့၊ အမေရိကန်နိုင်ငံသား အဖြစ် မွေးဖွားလာခဲ့လို့ပါတဲ့။ Berkshire Hathaway ရဲ့ နှစ်စဉ်ရှယ်ယာရှင်များ အစည်းအဝေး သတင်းစာ ရှင်းလင်းပွဲတိုင်း အမြဲတက်လေ့ရှိတဲ့ သူ့စီးပွားဖက် Charlie Munger ဆိုရင်လည်း သူ့အတိုင်းပဲ အမြဲပြောတယ်၊ “ကျွန်တော်တို့က ကံကောင်းတာဗျ အမေရိကန်နိုင်ငံသားအဖြစ် မွေးလာခဲ့လို့သာ အခုလို ဖြစ်နိုင်တာ ထီပေါက်သလိုပဲ ကံသိပ်ကောင်းလို့ ဖြစ်လာကြတာ” တဲ့။
သူတို့နှစ်ယောက်လုံး နှိမ့်ချပြီး ပြောနေကြတာပါ။ နှစ်ယောက်လုံးက သိပ်ပြီး ထူးချွန်ကြပါတယ်။ တခြားနိုင်ငံ တခြားခေတ်ကြီးမှာ မွေးလာကြလည်း ဒီလောက်အနေအထားအထိ မအောင်မြင်ရင်တောင် ပိုကောင်းတဲ့ ဘဝတစ်ခုခုနဲ့ ရှင်သန်နိုင်ကြမှာ သေချာပါတယ်။ ခက်တော့ အခက
Unlock to read this premium article with 100 points.