မောရိသျှ
ဘဝမှာ ကစားလို့ မပြီးစီးနိုင်တဲ့ ရာသက်ပန်ကစားပွဲတွေ အများကြီး ရှိပါတယ်။ ဥပမာ ကမ္ဘာပေါ်မှာ အကြီးမားဆုံးနဲ့ အရေးကြီးဆုံး ကစားပွဲကြီးကတော့ “အသက်မွေးဝမ်းကြောင်း ဘဝတိုက်ပွဲ”ကြီးပါပဲ။ ဒီတိုက်ပွဲကြီးကို ကစားမယ်ဆိုရင်တော့ တိုက်ပွဲကြီးက သတ်မှတ်ထားသမျှ စည်းမျဉ်းတွေအားလုံးကို လိုလားလက်ခံလိုက်နာရပါတယ်။
တိုက်ပွဲစည်းမျဉ်းတွေအများကြီး ရှိပေမဲ့ ကစားသမားတိုင်း မဖြစ်မနေလိုက်နာရတာတွေက – အခြေခံပညာပြီးစီးကြောင်း အာမခံပေးနိုင်တဲ့ ဒီကရီ (ဘွဲ့လက်မှတ်) တစ်ခုခုရှိရမယ်၊ ပြီးရင် ရရာအလုပ် ဝင်လျှောက်ရမယ်၊ ကစားသမားပီသစွာနဲ့ အချိုးပြေပြေနေပြတတ်ရမယ်၊ ကိုယ့်ရဲ့ ပင်ကိုစရိုက်တွေ အားလုံးကို ဖုံးကွယ်ထားရမယ်၊ အလုပ်ရှင်အပေါ် ရိုကျိုးနာခံရမယ်၊ သူတို့ရဲ့ မွေးနေ့ပွဲတွေ တက်ရမယ်၊ ကြိုက်ကြိုက် မကြိုက်ကြိုက် ခိုင်းသမျှ လုပ်တတ်ရမယ် စသဖြင့် အများကြီးပါ။ တကယ်လို့ ကစားတာတော်မယ်ဆိုရင် အကျိုးဆက်ရလဒ်အနေနဲ့ ဂုဏ်သိက္ခာအဆင့်အတန်း အချို့ရယ် အသက်ဆက်ရရုံမျှ လုံလောက်တဲ့ လစာငွေအချို့ ခံစားခွင့် ရှိပါတယ်။ ဒါပေမဲ့ ဒီဘဝတိုက်ပွဲထဲ ဝင်ကစားသူတိုင်း မေ့နေကြတာ ရှိတယ်ဗျ။ အဲတာကတော့ “ဘယ်ကစားပွဲမဆို တန်ရာတန်ကြေး ပေးဆပ်ရတာကြီးပါပဲ”။
အသက်မွေးဝမ်းကြောင်းအလုပ်နဲ့ ပတ်သက်လာတာနဲ့ ကိုယ့်ရဲ့ ကိုယ်ကျင့်တရားတွေ၊ ကိုယ်ပိုင်တန်ဖိုးတွေနဲ့ ကိုယ်ပိုင်အချိန်တွေ၊ အရာအားလုံးထက် မိသားစု၊ အပေါင်းအသင်းနဲ့ ဝါသနာတွေဟူသမျှ သွားပြီပဲ။ မရှိတော့တာမဟုတ်ဘူး။ ချောင်ထဲထိုးထည့်လိုက်ရမှာပါ။ အဲတာတွေက ဘဝအတွက် မဖြစ်မနေပေးဆပ်ရတဲ့ တန်ရာတန်ကြေးဖြစ်ပါတယ်။ တကယ်လို့ ကိုယ့်ဘဝတိုက်ပွဲက ကိုယ်ထင်ထားသလို ခက်ခဲမနေဘဲ စတေးရတာ သိပ်မရှိရင်၊ သေချာပါတယ်၊ ကိုယ်ရင်ဆိုင်နေရတဲ့ ဘဝတိုက်ပွဲက ဘဝတိုက်ပွဲအစစ် မဟုတ်သေးလို့ပါ။ ဘဝကို ချက်ချင်းလက်ငင်း တိုးတက်ပြောင်းလဲစေနိုင်မယ့် ဘဝတိုက်ပွဲမှန်သမျှ အရင်းအနှီး ရှိပါတယ်။ ပေးဆပ်ရတာ ကြီးရင် တိုးတက်မှုလည်း ကြီးမားပါလိမ့်မယ်။ တခြားဖြတ်လမ်း မရှိပါဘူး။ တန်ရာတန်ကြေး ပေးနိုင်မှ ထိုက်ရာတန်ရာ ပြန်ရမှာပါ။ ဘဝရဲ့ အလုပ်လုပ်ပုံကိုက ဒီအတိုင်းပါပဲ။ အပြောင်းအလဲ မရှိပါဘူး။ ဈေးညှိလို့မရပါဘူး။ ဈေးဆစ်လို့ မရပါဘူး။
“တကယ်လို့ ကိုယ့်အလုပ်မှာ ပွဲရှိနေတာ ကိုယ့်ကို အဖတ်မလုပ်ဘဲ မဖိတ်ဘူးဆိုရင် ဖိတ်ရလောက်အောင် အကျုံးမဝင်သေးလို့ ဖြစ်ပါလိမ့်မယ်၊ ဒါမှမဟုတ် ဖိတ်ရလောက်တဲ့အထိ ကိုယ့်ဘက်က ပေးဆပ်ထားတာ မရှိသေးလို့ဖြစ်မှာပါ။ အထက်လူကြီးတွေကို မဖားတတ်တာတို့၊ တံစိုးလက်ဆောင် မပေးတာတို့ ဖြစ်ပါလိမ့်မယ်။ နေရာတကာမှာ အကျုံးဝင်တဲ့သူ ဖြစ်ချင်လား၊ ဒါဆိုရင် နေရာစုံအနှံ့ ပေးတတ် ဖို့တတ် ပို့တတ်တဲ့သူ ဖြစ်ပါစေ၊ ကုန်ကျသွားတာကို ထည့်မတွက်ပါနဲ့၊ ပေးဆပ်ရတာကို မညည်းပါနဲ့။ လိုချင်ရင် ပေးတတ်ရတယ်။ ပေးတတ်မှ ရနိုင်တာကို မမေ့ပါနဲ့။”
အပေါ်က စကားက တပဓမ္မဆရာကြီး ဧပ္ပိတေတုစ်ရဲ့ အဆုံးအမတစ်ခုပါ။ ကောင်းတာလိုချင်ရင် ကောင်းတာနဲ့ တန်းတူတဲ့ အပေးအယူရှိကိုရှိပါတယ်။ ပေါချောင်ကောင်းဆိုတာ မရှိပါဘူး။ တန်ကြေးနည်းရင် အရည်အသွေးညံ့မှာပါ။ တန်ကြေးကို ထည့်တွေးမနေဘဲ မျက်လုံးမှိတ် ပေးကျွေးနိုင်ရင်တော့ အရည်အသွေးအကောင်းဆုံးကို ရမှာပါ။
လုပ်ငန်းခွင်မှာလည်း ထိုနည်းလည်းကောင်းပါပဲ။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆင်ပြေချင်ရင် သူတို့တတွေနဲ့ ပျော်ပါးတာမျိုး၊ သောက်စား
Unlock to read this premium article with 100 points.