မောရိသျှ
တပဓမ္မဆရာတွေ အများကြီးရှိတဲ့အနက် ဆေဏိကက ငွေကြေးချမ်းသာနဲ့ပတ်သက်ပြီး သွန်သင်ချက်တွေ အများဆုံး ပေးခဲ့သူပါ။ သူကိုယ်တိုင်ကလည်း ချမ်းသာကြွယ်ဝတဲ့ မိသားစုက ဆင်းသက်လာသူဆိုတော့ ဒီအကြောင်းတွေနဲ့ ငွေကြေးပြည့်စုံခြင်းရဲ့ တန်ဖိုးကို သိနေတော့လည်း မပြောဘဲမနေဘူးလေ။ နောက်တစ်ချက်ထည့်ပြောရမှာက (အေဒီ ၅၄ ကနေ အေဒီ ၆၂ အထိ) အုပ်ချုပ်မင်းလုပ်သွားတဲ့ ဧကရာဇ်ကြီး နီရိုအတွက် အကြံပေးလုပ်ခဲ့သူဆိုတော့လည်း ဒီအကြောင်းအရာတွေနဲ့ ပတ်သက်လာရင် ဆရာကြီးလို့ အလွယ်ပြောရင် ရတယ်။
ဒါပေမဲ့ ဆေဏိကက တပဓမ္မအတွေးအခေါ်သမားဆိုတော့ ငွေကြေးချမ်းသာမှုနဲ့ ဂုဏ်သိက္ခာတွေကို အဲဒီလောက်ကြီး မက်မောတာမျိုး မရှိပါဘူး။ သူ့ဘဝဆည်းဆာဆိုရင် ခက်ခဲမှုတွေကြီးပဲ။ နိုင်ငံရေးလောကထဲမှာ အရှိန်အဝါမရှိတော့တဲ့နောက်ပိုင်း အေဒီ ၆၅ ခုနှစ်ကို ရောက်တော့ ဧကရာဇ်နီရိုကို လုပ်ကြံရေး ကြံရာပါအဖြစ် စွပ်စွဲခံရပြီး အပြစ်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ဓားထိုးစီရင်ဖို့ အပြစ်ပေးခံရတယ်။ ငြင်းလို့ရတဲ့ အမိန့်မျိုးမဟုတ်တော့လည်း လုပ်ခဲ့ရတာပေါ့။ သူရဲ့နောက်ဆုံး သုံးနှစ်က သူ့ဘဝတစ်ခုလုံးစာကို ပြန်သုံးသပ်ပြီး အမွေအနှစ်အဖြစ် သူ့အတွေးအခေါ်တွေကို တစ်ခုမကျန် ချန်ထားခဲ့တဲ့နှစ်တွေပါ။ သူ့အတွက် အပျော်ရဆုံးသော နှစ်တွေဖြစ်သလို သူ့အတွက် လူဖြစ်ရကျိုးနပ်တဲ့ နှစ်တွေဖြစ်ကြောင်း သူ့စာတွေထဲ ခဏခဏ ထည့်ရေးခဲ့ပါတယ်။
“ကြောက်ရင် လိုချင်တယ်၊ ပျော်ချင်ရင် ရှိတာကိုတောင် ပစ်လိုက်ချင်တာ။ လိုအပ်ချက်တွေ များနေရတဲ့အကြောင်းအရင်းက လိုအပ်ကြောင်းတွေ ဖန်တီးနေမိလို့ပဲ၊ ရှိတာနဲ့ အဆင်ပြေနိုင်သူက လိုအပ်ချက်နည်းတဲ့အတွက် လောဘမတက်တော့ဘဲ ခြိုးခြံမှုရဲ့ တန်ဖိုးကို အပြည့်အဝ နားလည်တယ်။ ရှိလာခဲ့တောင်မှ သုံးစွဲဖို့ရာ မေ့သွားတတ်တယ်။”
ပိုက်ဆံရှိတာက အရေးကြီးဆုံးလို့ တွေးထားရင် ဘယ်သူမဆို ပိုက်ဆံပိုရအောင် ရှာကြမှာပါပဲ။ ဒါထုံးစံပဲလေ။ ဒါပေမဲ့ ပိုက်ဆံထက် ပျော်ရွှင်နိုင်မှုက အရေးပိုကြီးတယ်လို့ တွေးထားရင် ပိုက်ဆံရှာတာက ရှာတာပဲ ပျော်နိုင်အောင် ရှာတတ်ကြတယ်။ ရှာတာချင်းတူပေမဲ့ ရည်ရွယ်ထားပုံကွဲတယ်ဗျ။ ဒီသဘောပါပဲ။ ငွေနောက်လိုက်တာ ကောင်းပါတယ်။ ဘယ်သူမဆို ငွေလိုတယ်လေ။ ငွေမှမရှိရင် ဒီနေ့ခေတ်ကြီးမှာ ဘယ်လိုမှ နေလို့မရဘူး။
ငွေနဲ့ပတ်သက်ပြီး ထဲထဲဝင်ဝင် သုံးသပ်ထားတဲ့ စာအုပ်လေးတအုပ်ရှိတယ်ဗျ။ Morgan Housel ရဲ့ The Psychology of Money ပါ။ လူတိုင်းဖတ်သင့်တဲ့စာအုပ်ပဲဗျ။ မော်ဂန်ရဲ့ အဆိုအရ “ပိုက်ဆံ” ဆိုတာ “စိတ်ပိုင်းဆိုင်ရာခံစားချက်” နဲ့ ဆက်နွယ်နေတဲ့အရာတဲ့။
“လူအချို့က သူတို့ရဲ့ ငွေကြေးဆိုင်ရာ ဆုံးဖြတ်ချက်တွေကို စာရင်းဇယားတွေအပေါ် အခြေခံပြီး စိတ်ပိုင်းဖြတ်တတ်ကြတယ်။ ဘယ်သူမဆို အကြောင်းအကျိုးနဲ့ယှဉ်ပြီး တွေးတတ်ခေါ်တတ်တဲ့အသိဉာဏ်ရှိသလို၊ ငွေကြေးဆိုင်ရာ ဆုံးဖြတ်အလွဲတွေမချမိအောင် စေ့စေ့စပ်စပ် သုံးသပ်တတ်သလိုမျိုး ထင်ယူမိနေတတ်ကြတယ်၊ ဒါပေမဲ့ လူကလူပါပဲ၊ စက်ရုပ်မဟုတ်ဘူး။”
ပိုက်ဆံက တစ်ကမ္ဘာလုံးပတ်ပြီး လည်နေတာ၊ ပိုက်ဆံနဲ့ အရောလွန်သွားရင် မကောင်းတဲ့ အပေါင်းအသင်းလိုပဲ ကိုယ်ပါပျက်စီးသွားရော။ ပိုက်ဆံကို ဘုရားနေရာထားပြီး ကိုယ်နဲ့ ကိုယ့်မိသားစုအတွက် ရှာတာက ပြဿနာမရှိပေမယ့်၊ ကိုယ့်ရဲ့ ဘဝရော ကိုယ့်မိသားစုရဲ့ ဘဝကိုပါ စတေးပြီး ရှာမယ်ဆိုရင်တော့ မဖြစ်သင့်ဘူးပေါ့။
အဲဒီလို လုပ်တတ်ကြလွန်းလို့လည်း လွန်ခဲ့တ
Unlock to read this premium article with 100 points.