တင်ညွန့်
တရုတ်နိုင်ငံ ပေကျင်းမှာ ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့ကစတင်ပြီးတော့ မူလတန်းကျောင်းနဲ့ အလယ်တန်းကျောင်းတွေမှာ AI (Artificial Intelligence) ပညာရပ်တွေကို စတင်သင်ကြားတော့မယ်တဲ့။ ပေကျင်း မြူနီစီပယ်ပညာရေးကော်မရှင် (Beijing Municipal Education Commission) ကနေထုတ်ပြန်တဲ့ သတင်းကို ဖတ်လိုက်ရတာပါ။
ကျောင်းတွေမှာ AI ပညာကိုထည့်သွင်းသင်ကြားပေးဖို့ တရုတ်တွေ စီစဉ်နေကြပြီ။ AI ရဲ့အရေးပါပုံတွေကို သူတို့ကောင်းကောင်းသိသလို AI နဲ့ စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေးတွေကအစ ဘယ်လိုကမ္ဘာကြီးကို လွှမ်းမိုးနိုင် မလဲဆိုတာ ကြိုမြင်တဲ့သူတွေကတော့ ကြိုပြင်နေကြတာပေါ့။
AI ကို မပြင်လို့မဖြစ်တော့ဘူး။ AI ဟာ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လုံခြုံရေးစတဲ့ နယ်ပယ်တွေမှာ မရှိမဖြစ်လိုအပ်တဲ့ ပညာရပ်ဖြစ်လာတာကြောင့် နိုင်ငံတိုင်းကလည်း AI ပညာရေးကို အလေးပေးသင်ကြားဖို့ လုပ်နေကြပါတယ်။
စီးပွားရေး လုပ်ငန်းတွေမှာ AI က ဘာတွေလုပ်ပေးနိုင်သလဲ
(၁) လုပ်ငန်း လုပ်ကိုင်ရာမှာ ပိုပြီး မြန်ဆန်လာတယ်
AI Chatbots, Automation Software များကြောင့် Customer Service, Data Entry, Logistics တွင် မြန်မြန်ဆန်ဆန်လုပ်နိုင်။
(၂) ကုန်ကျစရိတ်လျှော့ချနိုင်တယ်
AI-powered Robots များကြောင့် ထုတ်လုပ်မှု လုပ်ငန်းများတွင် လုပ်အား (Labor Cost) ကို လျှော့ချနိုင်
(၃) အချက်အလက်တွေကို အမြန်ဆုံး လေ့လာဆန်းစစ်နိုင်တယ်
AI ကြောင့် ကြီးမားတဲ့ Data တွေကို အမြန်ဆုံး ခွဲခြမ်းစိတ်ဖြာ လေ့လာနိုင်တယ်
(၄) ဈေးကွက်ခန့်မှန်းနိုင်ခြင်း
AI သည် Customer Behavior & Market Trends များကို ခန့်မှန်းနိုင်ပြီး ဘဏ္ဍာရေးနှင့် စျေးကွက်သုံးသပ်မှု တွင် အထောက်အကူဖြစ်စေတယ်
ဒါဟာ စီးပွားရေးနယ်ပယ်လောက်ပဲ ကျွန်တော်ပြောသေးတာ။
AI ဟာ ကျန်းမာရေး၊ ပညာရေး၊ လုံခြုံရေးနယ်ပယ်တွေမှာလည်း မရှိမဖြစ်ကို လိုအပ်လာပြီ။
ကျန်းမာရေးနယ်ပယ်မှာ ရောဂါခန့်မှန်းတဲ့ နေရာမှာ သုံးလာတယ်။ ဘာရောဂါဆိုတာ အမြန်ဆုံး အတည်ပြု နိုင်အောင် AI ကအထောက်အကူပေးလာပြီ။ ခွဲစိတ်ရာမှာလည်း AI Surgical Robots တွေကိုသုံးပြီး တိကျစွာလုပ်လာနိုင်တယ်။ ကပ်ရောဂါအတွက် ဆေးဝါးဖော်စပ်ရာမှာလည်း AI က အမြန်ဆုံး အထောက်အကူ ပေးတယ်။ ဆရာဝန်တွေနဲ့လူနာ ဆွေးနွေးရာမှာလည်း AI ကအထောက်အကူတွေ များစွာပြုနိုင်တယ်။
ပညာရေးမှာလည်း AI က သင်ကြားချိန်ကို ချိန်ညှိတာ။ ကျောင်းသားတစ်ဦးချင်းရဲ့ ကိုယ်ပိုင်အားနည်းချက် တွေကိုရှာဖွေတဲ့နေရာ၊ စာမေးပွဲတွေကို အလိုအလောက် စစ်ဆေးတဲ့နေရာ၊ အွန်လိုင်းကနေ သင်ကြားလိုတဲ့ပညာကို ရှာဖွေသင်ကြားပြီး အကဲဖြတ်နိုင်တဲ့နေရာတွေမှာ AI ဟာ မရှိမဖြစ် လိုအပ်လာပြီ။
လုံခြုံရေးနယ်ပယ်မှာလည်း မှုခင်းကျဆင်းရေး၊ စစ်ရေး၊ ပြစ်မှုများဖြစ်ပွားမှုခန့်မှန်းရေး၊ အွန်လိုင်း လိမ်လည်မှု များကို ဖော်ထုတ်ရေးတို့မှာ AI ကို မဖြစ်မနေ သုံးစွဲလာကြရတယ်။
ပြောရင်အများကြီးပါ။
ပြောချင်တာက
နိုင်ငံသူနိုင်ငံသားကို AI နဲ့ အသိပညာ၊ အတတ်ပညာတွေ မြှင့်တင်ပေးဖို့လိုအပ်တယ်ဆိုတာ သိတဲ့နိုင်ငံတွေကသိ၊ ကြိုတင်ပြီး ပြင်တဲ့နိုင်ငံတွေကပြင်ဆင်လုပ်နေကြပြီဆိုတာပါ။
ကွန်ပျူတာပညာမှာ “Garbage in, garbage out” ဆိုတာရှိပါတယ်။
ကျွန်တော်တို့ လူငယ်တွေရဲ့ ခေါင်းထဲကို အမှိုက်တွေပဲသွင်းပေးရင် အမှိုက်တွေကလွဲပြီး ဘာမှမျှော်လင့်လို့ မရဘူးဆိုတာကိုပါ။
မိဘတွေ သိကြစေခင်ဗျ ….
ကိုယ့်သားသမီးခေါင်းထဲကို အမှိုက်အသွင်းခံမလား ရွှေအသွင်းခံမလား ကိုယ့်ဘာသာ ဆုံးဖြတ်ကြပါတော့။
(Photo Credit: The Economic Times)
တင်ညွန့်
၂၄.၃၄.၂၀၂၅
Keep Reading