SarPhat Official
မဟာသင်္ကြန်ကျချိန် - ၁၃၈၆ – ခုနှစ်နှောင်း တန်ခူးလပြည့်ကျော်(၂)ရက်
ခရစ်နှစ် ၂ဝ၂၅- ခုနှစ်၊ ဧပြီလ(၁၄)ရက်တနင်္လာနေ့
မြန်မာစံတော်ချိန် နံနက်(၆)နာရီ (၃၇)မိနစ် (၂၁)စက္ကန့် မင်္ဂလာအချိန်တွင် မဟာသင်္ကြန်ကျ၏။
မဟာသင်္ကြန်အကြတ်ရက် - ၁၃၈၆-ခုနှစ်နှောင်းတန်ခူးလပြည့်ကျော်(၃)ရက်၊ ခရစ်နှစ် ၂၀၂၅-ခုနှစ်ဧပြီလ(၁၅)ရက်အင်္ဂါနေ့ မဟာသင်္ကြန်(၁)ရက်ကြတ်ပြီး
မဟာသင်္ကြန်တက်ချိန် - ၁၃၈၆ – ခုနှစ်နှောင်းတန်ခူးလပြည့်ကျော်(၄)ရက်၊ ခရစ်နှစ်၂၀၂၅- ခုနှစ်ဧပြီလ(၁၆)ရက်ဗုဒ္ဓဟူးနေ့ မြန်မာစံတော်ချိန်နံနက်(၁၀)နာရီ(၄၂)မိနစ်(၃)စက္ကန့်မင်္ဂလာအခါတော်အချိန်တွင်မဟာသင်္ကြန်အတာတက်သည်။
မြန်မာနှစ်ဆန်းတစ်ရက် - ၁၃၈၇- ခုနှစ် ဦးတန်ခူးလပြည့်ကျော်(၅)ရက်၊ ခရစ်နှစ် ၂၀၂၅-ခုနှစ်ဧပြီလ(၁၇)ရက်ကြာသပတေးနေ့ နှစ်ဆန်းတစ်ရက်နေ့ဖြစ်သည်။
(၁၃၈၇ – ခုနှစ်သည် ရိုးရိုးနှစ်ဖြစ်သည်။)
မြန်မာသက္ကရာဇ် ၁၃၈ရ- ခုနှစ်တွင် စနေနံ ထွန်းပြီး တနင်္လာနံ ပုပ်သည်။
ဗုဒ္ဓဟူးသားသမီးများအတာစားသောနှစ်ဖြစ်သည်။
တနင်္ဂနွေဂြိုဟ်မင်းသည် မြွေ ကိုစီး၍ လက်တစ်ဖက်ကား အဲမောင်း ကျန်လက်တစ်ဖက်ကား ချွန်တောင်း ကိုကိုင်ထားသည်။
ဇေယတု သဗ္ဗမင်္ဂလံ ။ ။ကမ္ဘာပေါ်ဦး ပဂတုဂ အာဒိစ္စဟုခေါ်မှု ပညတ် နေပြဿဒ်သည် သဟဿရောင်ခြည်တစ်ထောင်ဖြင့် ဘာနုရာဇာ အမည်ရှိသော တနဂ်နွေဂြိုလ်မင်းသည် တပေါင်းဖြစ်သော မိန်ရာသီ၊ရေဝတီ နက္ခတ် စတုတ္တပါဒ်မှ တန်ခူးဖြစ်သော မိဿရာသီအာသဝနီနက္ခတ်ပထမပါဒ် အာဒိနဝင်းထက်သို့ မြန်မာသက္ကရာဇ် ၁၃၈၆-ခုနှစ် နှောင်းတန်ခူးလပြည့်ကျော် (၂) ရက် ခရစ်နှစ်၂ဝ၂၅-ခုနှစ် ဧပြီလ (၁၄) ရက် တနင်္လာနေ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရစံတော်ချိန် နံနက်စက်(၆)နာရီ (၃၇) မိနစ် (၂၁)စက္ကန့် အချိန်တွင် မြန်မာဗဟိုရ်ကာ နံနက် (၄) ချက်တီးကျော် (၂) နာရီပါဒ်ပြည် (၁၂)ဗီဇနာ (၁)ပြန် (၈)ခရာအချိန်၊ မိဿရာသီလဂ်၊တူရာသီစန်း၊တနင်္ဂနွေဟောရက် တနင်္ဂနွေတရင်း၊ တနင်္ဂနွေနဝင်း၊ ဗုဒ္ဓဟူးဒွါဒသင်း၊ ကြာသပတေးတိ သင်း၊ လဂ်စီးနက္ခတ် (၁) လုံး၊ ပါဒ်ပြည့် (၂) ဃဋီ (၅၆) ထိုနာရီ၏မွန်းတည့်နက္ခတ်ကား ဥတ္တရသာဠ်နက္ခတ်(၂၇၉)အံသာ (၂၀)လိတ္တာ၊ တိထီ(၁)လုံးကိတ်မြေခံ၊ဝရဇိန်ယုဂ်၊ ကောလဝကရိုဏ်းနှင့် ယှဉ်လျက်ဘာရာဇာအမည်ရှိသောတနင်္ဂနွေဂြိုဟ်မင်းသည် နွားနို့သစ်အဆင်းနှင့်တူသော အဝတ်တန်ဆာဝတ်ဆင်လျက် မြေကိုစီး၍ လက်တစ်ဖက်ကာ.အဲမောင်း ကျန်လက်တစ်ဖက်ကား ချွန်တောင်းကိုကိုင်လျက် အနောက်မြောက်ထောင့် က သည်။ တောင်သို့ ဝင်၏။
ကညာဒေဝီနတ်သမီးကား အလှည့်စေ့၍ ပရမီသွာနတ်မင်း၏သား “အာသီ”အမည်ရှိသော ဗြဟ္မာမင်း၏ဦးခေါင်းကိုကမ်းသည်ရှိသော် ဓံသီနတ်သမီးကား ရွှင်သောမျက်နှာဖြင်လှမ်းလင့်၏။
ဃောရဿဒေဝီနတ်သမီးကား အဖြူ၊အနီ၊အစိမ်း၊အပြာ၊အဝါအားဖြင့်ငါးပါးသောအဆင်းဖြင့်ပြီးသော ဖြင့်ပြီးသောအဝတ်တန်ဆာကိုဝတ်ဆင်လျက်သင်္ကြန်မင်းကိုစောင့်လင့်၏။
ထို့ကြောင့် မိုးဦးတုံအံ့၊မိုးလယ်၊မိုးနှောင်းကောင်းအံ့။မိုးတဖျင်းသုံးရွာအံ့။
လူတို့အနာအဖျားများကုန်အံ့။
အဆိတ်ထန်သောမြွေထုအံ့။
မြွေခဲ၍ သတ္တဝါတို့ဘေးဖြစ်ကုန်အံ့။
ပြည်ရွာဟူသမျှ ဥပါဒ်ဖြစ်အံ့၊
ကုန်သည်တို့၌ကား ဒဏ်ရှိအံ့၊ပြည်ရှင်မင်းနှိပ်စက်တံ့။
မင်းမိန်မတို့ အမှုအခင်းများဖြစ်သည်များအံ့။
ဗြဟ္မာပြည် ပျက်အံ့၊ ဆား၊ဆေးရှာအံ့၊
(ဤကား မဟာသင်္ကြန် အကျ အဟောတည်း)
သင်္ကြန်အကျ အလိုကား ။ ။ ဗသျှူသင်္ကြန်၊ အာယမသင်္ကြန်နှင့်သာမန္တသင်္ကြန်ဟူ၍ သင်္ကြန် သုံးပါးရှိသည့်အနက်မှာ မဟာသင်္ကြန်အခါလဂ်သည်မိဿရာသီလဂ်ဖြစ်၍“ဗသျှူသင်္ကြန်ဖြစ်သောကြောင့် သင်္ကြန်မကျမီအချိန်၌ ဦးခေါင်းဆေးမင်္ဂလာပြုရ၏။
ဤကား အများနှင့် ဆိုင်သော သာမညအခါပေတည်း။
သီးသန့်ဝိသေသအခါပေးကာ သင်္ကြန်မြေခံသော သင်္ကြန်ကျသည့်အချိန်တွင် တိထီ(၁)လုံးကိတ်မြေခံဖြစ်၏။
သင်္ကြန်ကျသည့်နေ့မှာ တနင်္လာနေ့ဖြစ်၏။
သို့ဖြစ်ပါ၍ တနင်္လာသားသမီးတို့မှအပ ကြွင်းကျန်ကုန်သော နေ့နံသားသမီးတို့သည် မိမိတို့၏ နေ့အလိုက်ဂဟပတိအရပ် သစ်ပင်ရင်းသို့သွား၍ မိမိတို့၏နံအမြစ်ဖြစ်သော ပန်းပွင့်၊ ပန်းညွှန့်ကို အခင်းပြု၍ မိမိတို့၏နံအညွန့်ဖြစ်သောပန်းကိုဆောင်လျက် သင်္ကြန်အကျဂြဟဇာပွင့်ရာ အနောက်မြောက်ထောင့်အရုပ်သို့ မျက်နှာမူရမည်။
ထို့ကြောင့် တနဂ်နွေသားသမီးများသည် ဒန်းညွန့် ကို အခင်းပြု၍ ကံ့ကော်ညွန့်ကိုကိုင်ဆောင်လျက် အနောက်တောင်ထောင့်အရပ်မျက်နှာမူပြီးသော်လည်း၊
အင်္ဂါသားသမီးများသည်ကံ့ကော်ညွှန့်ကို အခင်းပြု၍ချယား(သို့)ရွက်လှညွှန့်ကို ကိုင်ဆောင်လျက် အနောက်မြောက်အရပ်မျက်နှာမူပြီးသော်လည်းကောင်း၊
ဗုဒ္ဓဟူးသားသမီးများသည် မြေဇာညွှန့်ကိုအခင်းပြု၍ သပြေညွှန့်ကိုကိုင်ဆောင်လျက် မြောက်အရပ်သို့လည်းကောင်း၊
ဗုဒ္ဓဟူးမွန်းလွဲ ရာဟုသားသမီးများသည် မြေဇာညွှန့်ကိုအခင်းပြု၍ သပြေညွန့်ကို ကိုင်ဆောင်ပြီးအရှေ့တောင်အရပ်သို့လည်းကောင်း၊
ကြာသပတေးသားသည် ချယား သို့ ရွက်လှညွန့်ကို
အခင်းပြု၍ သီးညွန့်ကိုကိုင်ဆောင်ပြီးလျက်အရှေ့အရပ်သို့လည်းကောင်း၊
သောကြာသားသမီးများသည်သပြေညွှန့်ကို အခင်းပြု၍ ဒန်းညွန့်ကိုကိုင်ဆောင်ပြီးတောင်အရပ်သို့လည်းကောင်း၊
စနေသားသမီးများသည်သီးညွှန့်ကိုအခင်းပြု၍ အုန်းညွှန့်ကို ကိုင်ဆောင်ပြိး အရှေ့မြောက်ထောင့်အရပ် သစ်ပင်ရင်းသို့သွား၍ ဂြဟဇာပွင့်ရာအရပ် ဖြစ်သော အနောက်မြောက်အရပ်သို့ မျက်နှာမူပြီးလျှင် ရတနာ(၃)ပါးမိဘ၊ ဘိုးဘွား၊ ဆရာသမား၊ သကြား၊ ဗြဟ္မာ၊ စတုလောကပါလ သာသနာတော်စောင့် သမ္မာဒေဝနတ်မြတ်၊ နတ်ကောင်းတို့ကို ပူဇော်ကန်တော်ပြိး မိမိတို့လိုရာ ဆန္ဒကိုဆုတောင်း၍ ဦးခေါင်းဆေးမင်္ဂလာပြုကုန်ရသည်။
သင်္ကြန်အကျနေ့သည် တနင်္လာနေ့ဖြစ်ရာ တနင်္လာသားသမီးတို့သည် သင်္ကြန်အကြတ်နေ့ဖြစ်သော အင်္ဂါနေ့၌ ဂဟပတိအရပ်ဖြစ်သော အနောက်မြောက်ထောင့် အရပ်ရှိ သစ်ပင်းရင်းတွင် အုန်းညွန့်ကို အခင်းပြု၍ မြေဇာညွှန့်ကိုကိုင်ဆောင်ပြီးလျက် ဂြဟဇာပွင့်ရာဖြစ်သောမြောက်အရပ်သို့မျက်နှာမူပြီးလျှင်ရတနာသုံးပါးဦးထိပ်ထားလျက် ဦးခေါင်းဆေးမင်္ဂလာအခါပြုကုန်ရာသည်။
ဦးခေါင်းဆေးမင်္ဂလာပြုရသော အကျိုးကား။
သင်္ကန္တေသင်္ကြန်ဟုခေါ် ဝေါ်အပ်သော တနင်္ဂနွေဂြိလ်မင်းသည် ပုဏ္ဏမေ၊အံသာ(၃၆၀)ရသဖြင့် တစ်ဘဂဏပြည့်၍မိန်ရာသီအဝဿန်နဝင်းမှမိဿရာသီအာဒိနဝင်းသို့ပြောင်းခဲ့သည် သူတို့အား။
သတ္တဘာဂီ ခုနစ်နှစ်ကဖြစ်ကုန်သောရောဂီ၊အနာမျိုးတို့သည်။
ဝီနာသေယျုံ ကင်းပျောက်ကုန်၏။
သုခဘဂီချမ်းသာဖြစ်စေ၏ အဖို့ဖြစ်ကုန်သော သတသဟဿာနိတစ်သိန်းတို့ အကျိူးတို့သည်။
ဘဂေယျုံ ဖြစ်ကုန်ရာ၏။
(သင်္ကြန်အကျ အလိုတည်း။)
သင်္ကြန်အခါရှောင်ကြဉ်ရန်အမှုများကား။ ။
(၁)အိမ်ရာမမှား
(၂)သားငါးသုတ်သင်
(၃)သစ်ပင်ခုတ်ဖြတ်၊
(၄)ပုပ်ခပ်ငိုကြွေး၊
(၅)ကိုယ် သွေးထုတ်ခြင်း၊
(၆)ဆီ၊နနွင်းကားနေ့၊
(၇)သောက်ခြင်းသေစာ၊
(၈)ဥစ္စာထုတ်သွင်း၊
(၉)ရောင်းဝယ်ခြင်း၊
(၁၀)အောင်တမန်စေလွှတ်ခြင် ၊
(၁၁)ပါးသောအမှုတို့ကိုရှောင်ကြဉ်ကုန်ရ၏။
(ဤကားမဟာသင်္ကြန်အကျအလိုတည်း။)
သင်္ကြန်အတာတက်သော အခါတော်ကား။ ။ မြန်မာသက္ကရာဇ်၁၃၈၆-ခုနှစ် နှောင်းတန်ခူးလပြည့်ကျော်(၄)ရက်၊ခရစ်နှစ်၂၀၂၅-ခုနှစ်ဧပြီလ(၁၆)ရက်ဗုဒ္ဓဟူးနေ့ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အစိုးရစံတော်ချိန်နံနက်စက်(၁၀)နာရီ(၄၂)မိနစ်(၃)စက္ကန့်အချိန် မေထုန်ရာသီလဂ်၊ ဗြိစ္ဆာရာသီစန်း၊ တနင်္လာဟောရက် သောကြာတရင်း၊ကြာသပတေးနဝင်း၊ စနေဒွါဒသင်း၊ ကြာသပတေးတိ” သင်း၊လဂ်စီးနက္ခတ်(၅)လုံး၊(၃)ပါဒ်၊(၄)ဃဋီ၊(၁၄)ဝိဃဋီ(၅၅) အနုဃဏဋီ ထက်လဂ်စီးလျက်တွင်၊ တိထီ(၃)လုံး စနေမြေခံ၊ ဗျာတိပါတယုဂ်၊ ဗိသျှတိကရိုဏ်းနှင့်ယှဉ်လျှက် (၃၆၅)ရက် (၁၅)နာရီ (၃၁)ဗီဇနာ (၃၁)ခရာ (၂၄)အနုခရာပြည့်၍ သူရိယသိဒ္ဓန္တ ကြမ္မတ်ဗိုလ်ပြိုသည်နှင့်အညီ၊ သညီဝေါဟာရ သက္ကရာဇ် ၁၃၈၆-ခုနှစ်ပြည့်၍ အတာနှစ်သစ် ၁၃၈၇-ခုနှစ်သို့ အတာတက်သည်။
အတာသင်းသော ဗုဒ္ဓဟူးသားသမီးတို့သည် အတာတက်သောအချိန်ကောင်းမွန်ထူးခြားဝတ်စားလျက် ဘုန်းအင်သကျ၊မြတ်ဇိနနှင့်ဓမ္မသင်္ဃာဆရာ၊မိဘ၊ဘိုးဘွားသွားစုံပူဇော်တုံမှမွှေးထုံနံ့သာကိုယ်မှာပြုပြင်ဝတ်ဆင်လျက်ရွှင် ပျော်မွေးလျက်ဗုဒ္ဓံ၊ဓမ္မံ၊သံဃံ၊သကြား၊ဗြာဟ္မ၊စတုလောကပါလ၊သာသနာတော်စောင့်နတ်၊ နတ်မြတ်ပူဇော်လျှက်တိထီမြေခံဖြစ်သော စနေမြေခံ၏ ဂြဟဇာပွင့်ရာအရှေ့မြောက်အရပ်သို့မျက်နှာမူလျက် သပြေညွှန့်ကိုကိုင်ဆောင်ပြီးလျှင် ဘိသိက်မင်္ဂလာခံယူပြီးအတာစားကုန်ရာသည်။
အတာစားခြင်းအကျိုးကား။ ။ အတာပုည၊ကုသလကိုပြုကြကုန်သောအမျိုးသား၊အမျိုးသမီးတို့သည်“ အတာကမ္မံ ကရောန္တဿ မဟာဘောဂံ၊မဟာသုခံ၊မဟပ္ဖလံ စတုဒ္ဒိသံ၊ဝေရီဇေယျသုမင်္ဂလံ” ဟု ပနဒကောသလမင်းကြီးအားမြတ်စွာဘုရားဟောကြားတော်မှုသည်ကိုအကြောင်းပြု၍ ဆိုခဲ့သောရတနာသုံးပါးစသည့်တို့အားလှူဒါန်းပူဇော်ကြသော သူတို့သည်ခပ်သိမ်းသော အန္တရာယ်ကင်းပျောက်၍ ကောင်းကျိုးချမ်းသာမင်္ဂလာအပေါင်းတို့နှင့်ပြည့်စုံကုန်၏။
အတာ့ဆန်းထူး နှစ်ဟောင်းကျူး၍တန်ခူးလည်သည်နှစ်အမည်ကား“သရဝဏ္ဏနှစ်"နှစ်ကိုမိကျောင်းစောင့်၏။
လကို ယုန် စောင့်၏။
ရက်ကို သင်္ကြန်စောင့်၏။
မြေကိုကုမ္ဘဏ်ဘီလူးစောင့်၏။
ကောင်းကင်ကို ကြက်စောင့်၏။
ရေကို မင်းစောင့်၏။
မိုးကို လင်းတစောင့်၏။
တောကို ဆင်စောင့်၏။
လူတို့၏အဓိပတိကား ဘုရား။
အခြေလေးခု၏အဓိပတိကား မိကျောင်း။
ဌက်တို့၏ အဓိပတိကား ကျီး။
သစ်ပင်တို့၏ အဓိပတိကား သရက်ဖြူ။
ဝါးတို့၏အဓိပတိကားကြသောင်း။
မြက်တို့၏ အဓိပတိကား မြက်ခါး။
နက္ခတ်(၇)လုံး ငုပ်၏။ (၈)လုံးပေါ်၏။
မြေဩဇာတက်အံ့။ မိုးဦးအံ့အံ့၊ မိုးလယ်၊ မိုးနှောင်းကောင်းအံ့။ ရေကြီးအံ့။ သား ငါးရှားအံ့။
မိုးအကြိမ်(၇၀)ရွာအံ့။မိကျောင်းရဲအံ့။မြွေထူအံ့။
ကဆုန်၊သီတင်းကျွတ်၊တန်ဆောင်မုန်း၊ပြာသို၊တပို့တွဲဤ(၅)လကားပြည့်ရှင်မင်းတို့ထံ လာဘ်သပ်ပကာရောက်အံ့။
ကောက်ပဲ၊အသီးအနှံကောင်းအံ့။ဝပြောအံ့။
လူတို့အနာအဖျားများကုန်အံ့။ တပေါင်းလဆန်းမိုးသံကြားအံ့။ ကဆုန်လမှာရွာအံ့။အပျက်အစီးများအံ့။
ပြည်ရွာ မီးလောင်ဘန်များအံ့။ ဇနပုဒ်တိုင်းကားပုန်ကန်အံ့။ ခိုက်ရန်များအံ့။ မင်း၊ရဟန်းပုဏ္ဏားမကောင်း။ အချင်းချင်းသတ်ကြလတ္တံ့။
မုဒိမ်းထူပြောအံ့။ထိုနှစ်ဖွားသောသားကား ပညာလျင်အံ့။ထက်မြက်အံ့။ ပိဋကတ် ဗေဒင်တတ်အံ့။ ဘုန်းတန်ခိုးအာနုဘော်ကြီးအံ့။
စောင်းမာန်ကြီးအံ့။ အခြေ(၄)ခု သခင်ဖြစ်အံ့။ ခိုက်ရန်မလို။ အသက်(၉၀)နေရာအံ့။
(ဤကား အတာစက္ခုအလိုတည်း)။
မိုးလအခါ သိရိန္ဒ အမည်ရှိသော နတ်သားသည် အညို၊အပြာ၊အစိမ်း၊အမှောင်၊အမည်းအားဖြင့်ငါးပါးသော အဆင်းဖြင့်ပြည့်သော အဝတ်တန်ဆာရတနာ(၇)ပြည့်သော ဘယက်တန်ဆာနားဋောင်း၊မကိုဋ်သရဖူတို့ကိုဝတ်ဆင်ပြီးသော်အလျား၂-ဥဿဘရှိသည့် အရောင်တို့ဖြင့် ထွန်းလင်းတောက်ပသော သန်လျက်ကို လက်ယာလက်ဖြင့်ကိုင်လျက် လက်ဝဲလက်ဖြင့် မိုးရေကိုဆောင်၍ စကြာဝဠာတိုက်အလုံးကိုနှံ့စေပြီး လူအမျိုးများသားငါး တိရစ္ဆာန်တို့ကိုသနားကြင်နာ မေတ္တာထား၍ တစ်နှစ်တစ်ခါ ကမ္ဘာတန်ဆာဖြစ်သောမိုးတင်းများကို ကယ်တင်ထောက်ပံ့သည်ကား လူ့ပြည်၌ ၂-တင်း၊ သတ္တရဘန်၌ဝ-တင်း။ဟိမဝန္တ၌ ၁-တင်း၊ကောင်ကင်း၌ ၃-တင်း။သမုဒ္ဒရာ၌ ၉-တင်းဖြစ်ရာသမုဒ္ဒရာတွင်မိုးတင်းများသောကြောင့် ပွတ်များအံ့။
နဂါး၊ဂဠုန်တို့မြူထူးခြင်းလွန်ကုန်အံ့။ သားကြီး၊ငါးကြီး အသေများအံ့။ကောင်းကင်၌ မိုးတင်းများသောကြောင့် နေရှိန်၊ လရှိန် ညံအံ့။
မိုးကြိုးထစ်ဘန်များအံ့။ လူပြည့်နှင့် ဟိမဝန္တ၌ မိုးများသောကြောင့် ဝပြောသာယာအံ့။ မိုးကောင်းအံ့။ဆီးနှင်းထန်းအံ့။ သစ်ရွက်မျိူးပေါအံ့။
သတ္တရဘန်၌ မိုးနည်းအံ့။ဂန္တန္တရမိုးကိန်းကားမိုးဦးတံ့အံ့၊မိုးလယ်၊မိုးနှောင်းကောင်းအံ့။ ဂန္တန္တရရေကိန်းကားရေဦးနှင့်ရေလယ်နည်းအံ့။ ရေကြီးအံ့။
(ဗျာကရာသီ ရှင်ရသေ့အလိုတည်း)။
ဝါဆိုဝါကပ်ရက်။ ၁၃၈၇-ခုနှစ်တွင်ဝါဆိုလ၌လထပ်၊အဓိမာသ်ကင်းသည်ဖြစ်၍ ၁၃၈၇-ခုနှစ်ဝါဆိုလပြည့်ကျော်(၁)ရက်(၁ဝ-၇-၂၀၂၅) ကြာသပတေးနေ့ ရဟန်းတော်အရှင်သူမြတ်တို့သည် ပထမပုရိမာဝါကပ်ဆိုတော်မူကြရပါမည်။ ၁၃၈၇-ခု ဝါခေါင်လပြည့်ကျော်(၁) ရက် (၉-၈-၂၀၂၅)စနေနေ့ ဒုတိယပစ္ဆိမဝါကပ်ဆိုတော်မူကြရမည်။ မလ္လာမင်းတို့အင်းပင်စည် ပန်းဥယျာဉ်၌ မြတ်စွာဘုရားပရိနိဗ္ဗာန်စံဝင်သည့်နေ့မှ စ၍ရေတွက်သော် သာသနာတော်နှစ် (၂၅၆၉) ရှိပြီဖြစ်၍ အနာဂတ်သာသနာတော်နှစ် (၂၄၃၁)နှစ် ကျန်ရှိနေပါသေးသည်။
သာသနာတော်အတွင်း၌ကြုံကြိုက်ကြကုန်သောသူတော်ကောင်းအပေါင်းတို့သည် ရတနာသုံးပါးကို မပြတ်မှီဝဲဆည်းကပ်ခြင်း၊ဒါန၊သီလ၊ဘာဝနာအစရှိသော ကမ္မဌာန်းတရား•ကို ကားတက်ကြကုန်လျက် သဒ္ဓါ၊သီလ၊သုတ၊စာဂ၊ပညာ၊ဟီရီ၊သြက္ကပ္ပတည်းဟူသော သူတော်ကောင်းတရား(၇)ပါးတို့ကို ပွားများအားထုတ်ခြင်းပြုကုန်ရ၏။
မဟာသင်္ကြန်စာနှင့်ပြက္ခဒိန်ပညာရှိ ဆရာကြီးဦးပညာဗလ၏ တပည့် ဆရာဦးကြည်မောင် ၏သား၊ ဆရာမင်းသူရ B.A (Geog;)၏တူ နက္ခတ္တဗေဒ ပညာရှင်ဆရာဦးမျိုးသိန်း တို့က စီရင်တွက်ချက် ရေးသားပြုစုထုတ်သော မဟာသင်္ကြန်စာအား ဆရာမင်းသီဟ လက္ခဏာနှင့် KPနက္ခတ်ဗေဒင်ပညာရှင် မန္တလေးမှပြန်လည်မျှဝေပေးထားပါသည်။
SarPhat ၏ ပရိသတ်များ ပြန်လည်ဖတ်ရှုနိုင်စေရန် မူရင်းအတိုင်း ပြန်လည်မျှဝေ ကူးယူရေးသားထားပါသည်။
Keep Reading