Yours Nu Nu Aung
အသည်းကွဲခြင်းကနေ ဘယ်လို
move on လုပ်မလဲ။ဘယ်လို
healing လုပ််မလဲ။
Unhealthy Relation ကနေ
ဘယ်လို ရုန်းထွက်မလဲ။
အချက် (၅)ချက်ဖြင့် ဝေမျှလို
ပါတယ်။
၁။ အချိန်ပေးပါ(give it time)
ဒီလိုအချိန်မှာ လူတွေ အမှား
လုပ်မိတာတစ်ခုရှိတယ်။ချက်ချင်း
ချစ်သူပြန်ထားတာမျိုး။စိတ်ဒဏ်ရာကို တစ်ယောက်ထဲ မရင်ဆိုင်ရဲလို့ အစားထိုးတာမဟုတ်ပေမဲ့ အစားထိုးသလို ဖြစ်သွားတတ်တယ်။so,don't love someone to forget someone.
ရင်ထဲက ဒဏ်ရာတွေ အနာကျက်ဖို့ အချိန်ပေးပါ။ယဲ့ယဲ့လေးသာ
ကျန်းမာတော့တဲ့နှလုံးသားကို
သေချာ ပြန်ဂရုစိုက်ယူပါ။အချိန်က အကောင်းဆုံးဆရာပါ။
၂။ စွန့်လွှတ်ပါ (let it go)
ကိုယ်နဲ့ မထိုက်တန်ဘူး၊ကံကုန်
သွားလို့၊ဒီလောက်ပဲ ရေစက်ပါလို့
တွေးယူပြီး စွန့်လွှတ်တတ်ဖို့သာ
ရွေးချယ်ပါ။ဆုံးရှုံးလိုက်တယ်ဆို
တိုင်း ဆုံးရှုံးသွားတယ်လို့ မဆိုလိုပါဘူး။ဟင့်အင်းဆိုပြီး ငြင်းလိုက်တဲ့အရာက သင့်ကို တခြားကောင်မြတ်တဲ့အရာတွေဆီ ခေါ် ဆောင်ပေးပါတယ်။ရဲရဲ လက်လွှတ်ဖို့လိုပါမယ်။
၃။အချိန်မဖြုန်းပါနဲ့ (don't waste time)
သင့်ရဲ့နုပျိုခြင်းတွေ ထပ်မဖြုန်းဖို့
ပြောရင် ပိုမှန်ပါတယ်။အချိန်တွေအင်မတန် တန်ဖိုးရှိပါတယ်။
လူတစ်ယောက်က သင့်နဲ့ရှေ့ဆက်ဖို့ ဖြစ်နိုင်လား မဖြစ်နိိုင်လားဆိုတာ သင့်စိတ်က အလိုလို
Unlock to read this premium article with 100 points.