မြသွန်း(တောင်ဒဂုံ)
🔰အခုမိတ်ဆွေတို့အားလုံးမြင်တွေ့နေရတဲ့ နှင်းလွှာထုကြီးတွေဖုံးလွှမ်းနေတဲ့ အိမ်ခေါင်တွေ၊ မျက်စိတစ်ဆုံးရှိတဲ့ ဆီးနှင်းတွေအပြည့်နဲ့နေရာက တောင်ကိုရီးယားက မဟုတ်သလို ဥရောပနိုင်ငံတွေကလည်းမဟုတ်ပါဘူး။
🔰ဒါဆိုရင် မြန်မာနိုင်ငံမှာတင် အဲ့လိုနေရာမျိုးရှိတယ်လို့ပြောရင် ယုံနိုင်ကြမလားရှင်။ တကယ်လည်း ဒါက မြန်မာနိုင်ငံမှာရှိတဲ့ ရွာလေးတစ်ရွာပဲဖြစ်ပါတယ်။ ဒီတော့ အခုလို ဥရောပတိုက်ရောက်သွားသလိုခံစားရတဲ့ ဒီနေရာလေးက မြန်မာနိုင်ငံရဲ့ဘယ်အပိုင်းမှာ တည်ရှိတာလဲ? အဲ့ဒီဒေသကိုရော ဘယ်လိုသွားရောက်လည်ပတ်နိုင်မလဲ?
🔰ဒီရွာလေးကတော့ ကချင်ပြည်နယ်၊ ခေါင်လံဘူးမြို့နယ်၊ ဇဲတန်းကျေးရွာအနီးမှာတည်ရှိတဲ့ ရှိန်းခေါင်ဆိုတဲ့ရွာလေးပဲဖြစ်ပါတယ်။
🔰အခုလိုမြန်မာပြည်မြောက်ဖျားပိုင်းက အအေးဆုံးနေရာဖြစ်တဲ့ ကချင်ပြည်နယ်မှာ နှင်းကျတယ်ဆိုတာက အထူးဆန်းကြီးတော့မဟုတ်ပေမယ့် ဒီရှိန်းခေါင်ရွာလေးမှာက ထူးထူးခြားခြားပဲ တစ်နှစ်ပတ်လုံး ဆီးနှင်းတွေဖုံးလွှမ်းနေတာကို တွေ့ရပါတယ်။
🔰ဆီးနှင်းတွေထူးပိန်းချက်ကတော့ အိမ်ဆိုရင် ဘယ်တော့မှခေါင်မမြင်ရသလို၊ လမ်းဆိုရင်လည်း ဘယ်တော့မှ မြေမမြင်ရတတ်ပါဘူး။ ဒီလိုနေရာမျိုးက မြန်မာနိုင်ငံထဲမှာရှိတယ်ဆိုတာကို အခုလိုဂျက်နဲ့လက်နဲ့မပြောနိုင်ရင် ဘယ်သူမှယုံနိုင်ကြမယ်တောင်မထင်ပါဘူး။
🔰 ရှိန်းခေါင်ရွာလေးဟာဆိုရင် ပင်လယ်ရေမျက်နှာပြင်အထက် ပေ(တစ်သောင်းကိုးရာ)အမြင့်မှာတည်ရှိနေတဲ့ ကုန်းမြင့်ဒေသလေးတစ်ခုဖြစ်ပြီး တစ်နှစ်ပတ်လုံးဆီးနှင်းတွေဖုံးလွှမ်းနေတဲ့ ရွာလေးပဲဖြစ်ပါတယ်။
🔰 ရွာဆိုပေမယ့် စာသင်ကျောင်းလည်းရှိသလို ဆေးရုံတွေလည်းရှိပါတယ်။ ရှိန်းခေါင်ရွာမှာနေထိုင်တဲ့ လူဦးရေကတော့ (၁၅၀၀)ဝန်းကျင်လောက်ပဲရှိတဲ့အတွက်ကြောင့် သိပ်တော့မများလှပါဘူး။
🔰 ဒီမှာမေးစရာတစ်ခုက အခုလိုဥရောပက နှင်းလွှာထုကြီးတွေနဲ့ အပြိုင်အဆိုင်လှပနေတဲ့ မြန်မာနိုင်ငံက ဒီလိုနေရာလေးအကြောင်းကို ဘာ့ကြောင့်လူတွေ သိပ်မသိကြတာလဲ? အကြောင်းကတော့ သွားရေးလာရေးခက်ခဲနေတာကြောင့်ပါ။
🔰 ပူတာအိုကနေ ရှိန်းခေါင်ရွာလေးဆီသွားမယ်ဆိုရင် အချိန်အားဖြင့် (၃)ရက်ကနေ (၄)ရက်လောက်အထိကြာတတ်ပြီး ဒါကလည်း ချောချောမွေ့မွေ့နဲ့သွားနိုင်တဲ့လမ်းကြောင်းတစ်ခုတော့ မဟုတ်ပါဘူး။
🔰 ဒါမယ့်မြန်မာနိုင်ငံကနေ တရုတ်ဘက်ကိုကူးသွားပြီးတော့မှ တရုတ်ကနေတစ်ဆင့် ရှိန်းခေါင်ရွာကိုသွားမယ်ဆိုရင်တော့ လမ်းသိပ်မကြမ်းဘူးလို့သိရပါတယ်။
🔰ဆောင်းရာသီအလယ်လောက်ကနေ နွေရာသီအထိဆိုရင် ဆီးနှင်းတွေထူထပ်နေတတ်ပြီး အဲ့လိုအချိန်တွေမှာ နှင်းရုပ်ကြီးတွေလုပ်တာမျိုးတို့၊ နှင်းလုံးတွေကိုလုံးပြီး တစ်ယောက်နဲ့တစ်ယောက် ပစ်ပေါက်တမ်းဆော့ကစားတာမျိုးတို့၊ အတွဲတွေဆိုရင်လည်း အမိုးအောက်ကနေ ကော်ဖီလေးသောက်ရင်း နှင်းအလှကိုတစိမ့်စိမ့်ထိုင်ကြည့်ရတာမျိုးတို့ အခုလိုအပန်းဖြေဖို့အတွက် ရှိန်းခေါင်ရွာလေးက တကယ်ကိုသင့်တော်တဲ့နေရာလေးတစ်ခုပါ။
🔰ဒါမယ့်လည်း အရှေ့မှာပြောခဲ့သလို လမ်းပန်းဆက်သွယ်ရေးအခက်ခဲကြောင့် ရှိန်းခေါင်ရွာကို ခရီးသွားလာသူက မရှိသလောက်ကိုနည်းပါးနေပါတယ်။ နောက်ပြီး ရွာသားတွေက ဆောင်းရာသီဆိုရင် စားနပ်ရိက္ခာအခက်ခဲတွေနဲ့ပါ ရင်ဆိုင်နေရတာဖြစ်ပါတယ်။
🔰တကယ်လို့ လမ်းပန်းဆက်သွယ်ရေးတစ်ခုသာ အဆင်ပြေသွားခဲ့မယ်ဆိုရင် ဒီလိုအခက်ခဲတွေအားလုံး ပြေလည်သွားမှာဖြစ်သလို ရှိန်းခေါင်ရွာလေးက ရွာသားတွေအတွက်လည်း ပြည်တွင်းပြည်ပ ခရီးသွားဝင်ငွေတွေပါ တစ်ဖက်တစ်လမ်းကနေ ရရှိနိုင်မှာပဲဖြစ်ပါတယ်။
🔰ဒါဆိုရင် နောက်ဆုံးအနေနဲ့ပြောချင်တာက မိတ်ဆွေတို့လည်း အခါအခွင့်ကြုံရင် ရှိန်းခေါင်ရွာလေးဆီ တစ်ခါလောက်သွားလည်ကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်။
မြသွန်း(တောင်ဒဂုံ)
Keep Reading