Honey cho
ဒီနေ့မှာလည်း ဟန်နီက အရမ်းကို ဗဟုသုတရပြီးဖတ်လို့ကောင်းစေမဲ့ စာအုပ်လေးတွေကို ညွှန်းပေးလိုက်ပါတယ်။
နံပါတ်တစ်ဦးစားပေးလေးကတော့ ဘဝမှာတစ်ခုခုဆိုသူတစ်ပါးရဲ့အတွေးအခေါ်အမြင်တွေကို မူတည်ပြီးကိုယ့်ရဲ့အောင်မြင်မှု၊ကျရှုံးမှုတွေကို ပေတံတစ်ချောင်းလိုတိုင်းတာနေတာဟာ မကောင်းဘူးဆိုတဲ့အမှန်တရားကို မျက်ဝါးထင်ထင်မြင်တွေ့ရမဲ့"ဂရုမစိုက်ခြင်းအနုပညာ"ဆိုတဲ့ဆရာချမ်းမြေ့ဝင်းရဲ့eng to Myanmar ဘာသာပြန်စာအုပ်တစ်အုပ်ဘဲဖြစ်ပါတယ်။ဒီစာအုပ်လေးကိုဖတ်ပြီးရလာမဲ့အသိပညာဗဟုသုတေတွ၊mindsetေတွကတော့ တကယ့်ကို စာအုပ်စာပေလူ့မိတ်ဆွေဆိုတဲ့တိုင်းသင့်ဘဝရဲ့သေဖော်သေဖက်ရှင်ဖော်ရှင်ဖက် အဖော်မွန်လေးဖြစ်ပေးမှာဘဲဖြစ်ပါတယ်။
နောက်တစ်အုပ်ကတော့ ကိုယ့်ရဲ့အပြုအမူတွေ၊စကားတွေဟာ လူတိုင်းကြိုက်နှစ်သက်စရာမလိုဘဲကိုယ့်ရဲ့ပုံမှန်၊be yourself ပုံစံနဲ့သာဘဝမှာစိတ်အေးလက်အေးနဲ့သူများအမြင်ကြောင့် ပြောရဆိုရတာမဟုတ်ဘဲ မှန်တာလုပ်ပြီးဟုတ်တာပြောနေသူအဖို့တော့ လုံးဝကိုenergyတွေထပ်တိုးစေမဲ့စာအုပ်လေးဖြစ်ရုံသာမက ထိုenergyလိုအပ်နေသူတွေအတွက်လည်းဘဝကိုအသစ်တစ်ဖန်စတင်နိုင်ဖို့စိတ်ဓာတ်ခွန်အားအပြည့်ရစေမှာပါ။ထိုစာအုပ်ေလးကတော့ ဆရာညီညီဈာန်ရဲ့ No everyone needs to like it ဆိုတဲ့လူတိုင်းကြိုက်နှစ်သက်ဖို့မလိုဘူးဆိုတဲ့အမည်ရစာအုပ်ေလးဘဲဖြစ်ပါတယ်။
ဘဝမှာတည်တည်ငြိမ်ငြိမ်နဲ့ ပျော်ရွှင်မှု၊ဝမ်းနည်းမှုစတဲ့လောကဓံတွေဘယ်လောက်ထိကြုံကြုံ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချနိုင်ဖို့ရာအတွက်တော့ ရင့်ကျက်တဲ့၊အတွေ့အကြုံရှိနေဖို့နဲ့ အမှားအမှန်၊အကောင်းအဆိုးကိုသေချာလေးဝေဖန်ပိုင်းခြားနိုင်ပြီးတော့ ဘဝမှာအောင်မြင်တဲ့အရာတွေကိုပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ဆရာချမ်းမင်းခန့်(မိုးကောင်းမြေရဲ့ ရင့်ကျက်တဲ့သူတစ်ယောက်ဖြစ်ဖို့ဆိုတဲ့စာအုပ်လေးနဲ့ ဆရာမခမ်းရဲ့ရင့်ကျက်စွာသန်မာပါဆိုတဲ့စာအုပ်လေးတွေကတော့ တကယ့်ကို လိုချင်တဲ့အဖြေရနိုင်ဖို့လမ်းညွှန်ပေးနိုင်တဲ့စာအုပ်တွေဆိုလည်းမမှားပါဘူး။
စာဖတ်ခြင်းဖြင့်
အသိပညာ၊ဗဟုသုတများ
အတိုင်းဆမရှိတိုးပွားကြပါစေ။
စာဖတ်သူမျာအား
ထာဝရလေးစား၊ချစ်ခင်လျက်
ဟန်နီချို
Keep Reading