Kyaw Thu
⚔️⚔️⚔️⚔️⚔️⚔️⚔️⚔️⚔️⚔️⚔️⚔️⚔️⚔️⚔️
Sci-fiရုပ်ရှင်တွေမှာဆိုရင် အတိတ်ကိုပြန်သွားပြီး သမိုင်းကိုပြောင်းဖို့ကြိုးစားကြတာတို့ အနာဂတ်ကိုသွားကြတာတို့။အခုဒီစာအုပ်လေးကတော့ ကုန်းဘောင်တည်စ အချိန်ကိုရောက်သွားတဲ့ ဇာတ်လမ်းလေးနဲ့။
Time travelerတစ်ယောက် အချိန်နောက်ပြန်ဆုတ်ပြီး ခုံတစ်လုံးရွေ့လိုက်ရင်တောင် အနာဂတ်မှာသက်ရောက်မှုအကြီးစားဖြစ်သွားနိုင်တယ်ဆိုပြီး memeတွေ trendဖြစ်ခဲ့သေးတယ်။ဒီစာအုပ်ထဲက MCရဲမြတ်လုပ်ပုံမျိုးဆိုရင်တော့ မြန်မာပြည်အနာဂတ်ကြီး ဗြောင်းဆန်သွားလောက်မှာ အမှန်ပဲဗျ။သို့သော်လည်း ဇာတ်လမ်းက မထင်မရှားနေရာတွေမှာ ထည့်ရေးတာမလို့ အပြောင်းအလဲကြီးမဖြစ်ခဲ့တာလို့ပြောရမယ်။
အချိန်ခရီးသွားနိုင်တာမျိုးမဟုတ်ဘဲ စိတ်ရောဂါတစ်မျိုးလည်းဖြစ်နိုင်တာပဲ။သူနောက်ဆုံး တစ်ကိုယ်တည်းခရီးတွေထွက်ပြီး လျှောက်တွေးငေးနေတာ၊မျက်ရည်ကျနေတာတွေက မသိတဲ့ဘေးလူတွေအဖို့ စိတ်ရောဂါဝေဒနာရှင်လို့ သတ်မှတ်ကောင်းသတ်မှတ်မှာပဲ။(“ရဲမြတ်တစ်ယောက် ခေါင်းထိပြီး ရူးသွားပြီလား”စသဖြင့်ပေါ့လေ)သမိုင်းစာအုပ်တွေဖတ်များပြီး စိတ်စွဲသွားတာမျိုးပေါ့။
ရာဇဝင်နောက်ခံဝတ္ထုကြိုက်သူတွေအဖို့ ဒီစာအုပ်ဟာ တကယ်ကို အရသာခံဖတ်ရမှာပါ။ သမိုင်းအချက်အလက်တွေကို ဟိုဟိုဒီဒီ အစွန်းရောက်ရေးထားတာမျိုးမရှိအောင် အတတ်နိုင်ဆုံးတင်ပြထားပါတယ်။ဒီဘက်ခေတ်ကို ပြန်သွားလိုက် ဟိုခေတ်ကိုရောက်သွားလိုက်နဲ့ ရုပ်ရှင်ကြည့်နေရသလိုလေးပေါ့။ဇာတ်ရှိန်အမြင့်ဆုံးကတော့ ယိုးဒယားကိုစစ်ချီသွားတဲ့ကာလနဲ့ အဝကို ပြန်သိမ်းတဲ့အချိန်တွေပါပဲ။
သမိုင်းအချက်အလက်တွေကို ချက်ကျလက်ကျထည့်ထားတဲ့ ရသမြောက်ဝတ္ထု။ကျနော့်တစ်ဦးတည်းအမြင်ပြောရရင် စကားပြောတွေ၊တချို့နေရာတွေမှာ ဖတ်ရတာ အဆင်မပြေတာမျိုးရှိပေမယ့် historical fiction ကို fictionလို ဖတ်တာပဲကောင်းပါတယ်။ဗိုလ်တွန်၊မယ်စံ၊အင်းဝ စတဲ့ ဇာတ်ကောင်တွေနဲ့အတူ ရဲမြတ်ကြုံခဲ့ရတဲ့ ကုန်းဘောင်ခေတ်ကို တူတူလွမ်းကြတာပေါ့ဗျာ။
Rating-⭐️⭐️⭐️
Keep Reading