Author's Profile Photo

အက္ခရာ - Haruki

14/04/2024

မိမိကိုယ်ကို ပြုပြင်ခြင်း (၈)

4 mins read
Life Style
Personal Development
18 Again
မိမိကိုယ်ကို ပြုပြင်ခြင်း (၈)'s photo

အပိုင်း ၈ ဖြစ်ပါတယ်ခင်ဗျာ။ ဒီဆောင်းပါးလေးတွေဟာ စာဖတ်သူလေးကို ပြုပြင်ပြောင်းလဲဖို့ အင်မတန်အထောက်အကူဖြစ်လိမ့်မယ်ဆိုတာ ကျွန်တော်အာမခံပါတယ်။ အပိုင်း ၈ ဆောင်းပါးလေးကို စလိုက်ကြပါစို့....။

၁။ အပြစ်သဘောနဲ့ မနေပါနဲ့

* ဘဝခရီးကို လျှောက်လှမ်းတဲ့အခါ မတူညီတဲ့နေရာတွေမှာ ပြောင်းရွှေ့ကာ ကြိုးစားဖြတ်သန်း သင်ယူလုပ်ကိုင် နေထိုင်ကြရပါတယ်။

* ဘယ်နေရာကိုပဲရောက်ရောက် မိမိနေထိုင်တဲ့နေရာမှာ အပြုသဘောနဲ့နေပါ။ အပြစ်သဘောနဲ့ မနေပါနဲ့။

* အပြစ်သဘောနဲ့နေရင် မိမိရော ပတ်ဝန်းကျင်ပါ စိတ်ဆင်းရဲရတတ်ပါတယ်။ အပြုသဘောနဲ့နေမှ မိမိရော ပတ်ဝန်းကျင်ပါ စိတ်ချမ်းသာရပါတယ်။

* အပြစ်သဘောနဲ့နေရင် မိမိအတွက် မတိုးတက်သလို ပတ်ဝန်းကျင်အတွက်လည်း အနှောင့်အယှက်ဖြစ်တတ်ပါတယ်။ အပြုသဘောနဲ့နေမှ မိမိဘဝ တိုးတက်သလို ပတ်ဝန်းကျင် အတွက်လည်း အကျိုးဖြစ်ထွန်းပါတယ်။

* အပြုသဘောနဲ့နေမလား၊ အပြစ်သဘောနဲ့နေမလား၊ သင်ဘယ်လိုနေမလဲ။

၂။ မအောင်မြင်သေးတဲ့အခါ၊ အောင်မြင်လာတဲ့အခါ

* မအောင်မြင်သေးတဲ့အခါ သည်းခံမှုရှိပါ။ အောင်မြင်လာတဲ့အခါ သဘောတရား ကြီးကြီးထားပါ။

* မအောင်မြင်သေးတဲ့အခါ ချွေတာစုဆောင်းပါ။ အောင်မြင်လာတဲ့အခါ ပေးကမ်း စွန့်ကြဲ လှူဒါန်းပါ။

* မအောင်မြင်သေးတဲ့အခါ ကြိုးစားလေ့လာ သင်ယူမှတ်သားပါ။ အောင်မြင်လာတဲ့အခါ တစ်ဖန်ပြန်လည် မျှဝေသင်ကြားပါ။

* မအောင်မြင်သေးတဲ့အခါ ကိုယ့်အတွက် ဂရုတစိုက် အလုပ်လုပ်ပါ။ အောင်မြင်လာတဲ့အခါ အများအတွက် ဂရုတစိုက် အလုပ်လုပ်ပေးပါ။

* မအောင်မြင်သေးတဲ့အခါ ဝေဖန်ဒဏ်ကို ခံနိုင်ရည်ရှိပါ။ အောင်မြင်လာတဲ့အခါ တည်ငြိမ်ရင့်ကျက်ပါ။

၃။ ကိုယ်လျှောက်နေတဲ့လမ်း

* ကိုယ်လျှောက်နေတဲ့လမ်း ပျောက်သွားပြီလား။ ပျောက်သွားလို့ မဖြစ်ပါဘူး။ လမ်းပျောက်သွားရင် ဘဝပါ ပျောက်သွားပါလိမ့်မယ်။

* ကိုယ်လျှောက်နေတဲ့လမ်း စမ်းတဝါးဝါး ဖြစ်နေပြီလား။ စမ်းတဝါးဝါး ဖြစ်နေလို့မရပါဘူး။ စမ်းတဝါးဝါးဖြစ်နေရင် ဘဝပါ မရေမရာဖြစ်သွားပါလိမ့်မယ်။

* ကိုယ်လျှောက်နေတဲ့လမ်း ကိုယ်မသိတော့ဘူးလား။ ကိုယ်မသိလို့ မဖြစ်ပါဘူး။ လမ်းမသိဘဲ လျှောက်လှမ်းနေရင် ဘဝပါ ပန်းတိုင်နဲ့ ဝေးသွားပါလိမ့်မယ်။

၄။ လမ်းပျောက်သွားသူထဲ ကိုယ်မပါစေနဲ့

* မှန်ကန်မှုမရှိသူတွေဟာ သူတို့လျှောက်နေတဲ့လမ်းတွေ နောက်ဆုံးမှာ ပျောက်သွားတတ်ပါတယ်။

* ရိုးသားမှုမရှိသူတွေဟာ သူတို့လျှောက်နေတဲ့လမ်းတွေ နောက်ဆုံးမှာ ပျောက်သွားတတ်ပါတယ်။

* သစ္စာတရားမရှိသူတွေဟာ သူတို့လျှောက်နေတဲ့လမ်းတွေ နောက်ဆုံးမှာ ပျောက်သွားတတ်ပါတယ်။

* စိတ်သဘောထားကောင်းမရှိသူတွေဟာ သူတို့လျှောက်နေတဲ့လမ်းတွေ နောက်ဆုံးမှာ ပျောက်သွားတတ်ပါတယ်။

* အကောင်းမြင်စိတ်မရှိသူတွေဟာ သူတို့လျှောက်နေတဲ့လမ်းတွေ နောက်ဆုံးမှာ ပျောက်သွားတတ်ပါတယ်။

* ရည်မှန်းချက်တိတိကျကျမရှိသူတွေဟာ သူတို့လျှောက်နေတဲ့လမ်းတွေ နောက်ဆုံးမှာ ပျောက်သွားတတ်ပါတယ်။

* စနစ်ကောင်းမရှိသူတွေဟာ သူတို့လျှောက်နေတဲ့လမ်းတွေ နောက်ဆုံးမှာ လမ်းပျောက်သွားတတ်ပါတယ်။

၅။ ကြိုတင် တွေးပေးပါ

* ကြိုတင်တွေးခြင်းဆိုတာ အရာရာအတွက် မမှားပါဘူး။ ကောင်းတဲ့သဘောတရားမို့ တကယ်တွေးသင့်ပါတယ်။

* တကယ်လက်တွေ့ဘဝမှာ ကြိုတင်တွေးထားတဲ့သူနဲ့ ကြိုတင်မတွေးထားတဲ့သူက မတူပါဘူး။ ရေရှည်မှာ များစွာကွဲပြား ခြားနားတတ်ပါတယ်။

* ကြိုတင်တွေးထားတဲ့သူက တွေ့ကြုံရမယ့် အခက်အခဲတွေကို ကျော်လွန်နိုင်ကာ ချမ်းသာသုခ ရရှိတတ်ပါတယ်။

* ကြိုတင်မတွေးထားသူက တွေ့ကြုံရမယ့် အခက်အခဲတွေ့ကို မကျော်လွန်နိုင်ဘဲ ဆင်းရဲဒုက္ခ ရရှိတတ်ပါတယ်။

* ကြိုတင်တွေးထားသူက ရောက်သင့်ရောက်ထိုက်တဲ့နေရာကို ချောမောစွာ ရောက်တတ်ပါတယ်။

* ကြိုတင်မတွေးထားသူက ရောက်သင့်ရောက်ထိုက်တဲ့နေရာကို ချောမောစွာရောက်ဖို့ ခက်ခဲတတ်ပါတယ်။

* အနာဂတ်မှာ ချမ်းသာသုခရရှိပြီး အောင်မြင်ချင်ရင် ကိုယ့်ဘဝအတွက် လုပ်သင့် လုပ်ထိုက်တာတွေကိုလုပ်ဖို့ ကြိုတင်တွေးထားမှ ဖြစ်ပါမယ်။

၆။ ပြောဆိုတတ်သူဖြစ်ပါစေ

* ဘဝမှာ ရှင်သန် ကြိုးစားနေထိုင်တဲ့အခါ ပြောဆိုတတ်ဖို့ အင်မတန် အရေးကြီးပါတယ်။ ပြောဆိုတတ်တယ်ဆိုတာ ဘဝမှာ ပညာပါပဲ။

* ပြောဆိုတတ်ရင် ထိပ်တန်းကိုရောက်ပါတယ်။ မပြောဆိုတတ်ရင် ထိပ်တန်းကိုမရောက်နိုင်ပါဘူး။

* ပြောဆိုတတ်ရင် ခေါင်းဆောင်လို့ရပါတယ်။ မပြောဆိုတတ်ရင် ခေါင်းဆောင်လို့ မရနိုင်ပါဘူး။

* ပြောဆိုတတ်ရင် အားလုံးနဲ့အဆင်ပြေပါတယ်။ မပြောဆိုတတ်ရင် ဘယ်သူနဲ့မှ အဆင်မပြေနိုင်ပါဘူး။

* ပြောဆိုတတ်ရင် အလိုရှိရာရပါတယ်။ မပြောဆိုတတ်ရင် အလိုရှိရာမရနိုင်ပါဘူး။

* ပြောဆိုတတ်ရင် အပြစ်လွတ်ပါတယ်။ မပြောဆိုတတ်ရင် အပြစ်မလွတ်နိုင်ပါဘူး။

* ပြောဆိုတတ်ရင် ချစ်ခင်မှုရပါတယ်။ မပြောဆိုတတ်ရင် ချင်ခင်မှုမရနိုင်ပါဘူး။

* ပြောဆိုတတ်ရင် အောင်မြင်မှုရပါတယ်။ မပြောဆိုတတ်ရင် အောင်မြင်မှု မရနိုင်ပါဘူး။

* ပြောဆိုတတ်ဖို့ စာများများဖတ်ပါ ။ များများလေ့လာပါ။ များများလေ့ကျင့်ပါ။

၇။ ပြုပြင်လို့ရတဲ့သူလား၊ မရတဲ့သူလား

* ဘဝတစ်ခု တိုးတက်အောင်မြင်မှုရရှိဖို့ လမ်းညွှန် ဆုံးမပြုပြင်ပေးမယ့်သူ ရှိဖို့လိုအပ်ပါတယ်။ လမ်းညွှန်ဆုံးမ ပြုပြင်ပေးမယ့်သူမရှိရင် အောင်မြင်မှုရဖို့ အရမ်းကို ပင်ပန်းခက်ခဲပါတယ်။

* တချို့က လမ်းညွှန်ဆုံးမ ပြုပြင်လို့ရသလို တချို့က လမ်းညွှန်ဆုံးမပြုပြင်လို့ မရတာလည်းရှိပါတယ်။

* ပြုပြင်လို့ရတဲ့သူက ဆုံးမပြုပြင်သူကို စိတ်ချမ်းသာမှုပေးပါတယ်။ ပြုပြင်လို့မရတဲ့သူက ဆုံးမပြုပြင်သူကို စိတ်ဆင်းရဲမှုပေးပါတယ်။

* ပြုပြင်လို့ရတဲ့သူက ဆုံးမပြုပြင်သူကို ကျေးဇူးစကားပြောဆိုပါတယ်။ ပြုပြင်လို့မရတဲ့သူက ဆုံးမပြုပြင်သူကို အပြစ်စကားပြောဆိုပါတယ်။

* ပြုပြင်လို့ရတဲ့သူက ဆုံးမပြုပြင်တာကို အကောင်းသဘောလို့ခံယူပါတယ်။ ပြုပြင်လို့မရတဲ့သူက ဆုံးမပြုပြင်တာကို မကောင်းသဘောလို့ခံယူပါတယ်။

၈။ အရည်အချင်းရှိလာတဲ့အခါ

* တိုးတက် ပြောင်းလဲလာတဲ့ ခေတ်စနစ်နဲ့အညီ လူတိုင်းအရည်အချင်းရှိအောင် အဘက်ဘက်က ကြိုးစားနေကြပါတယ်။

* အရည်အချင်းရှိလာတဲ့အခါ အဓိက ရိုးသားမှုရှိဖို့ လိုအပ်လာပါတယ်။

* ရိုးသားမှု မရှိဘူးဆိုလို့ရှိရင် ကိုယ့်အရည်အချင်းက မကြာမီပျောက်ကွယ်သွားတတ်ပါတယ်။ ရိုးသားမှုက ဘယ်တော့မှ ကိုယ့်အရည်အချင်းတွေကို ကျဆင်းမသွားစေပါဘူး။

* ဒါကြောင့်ကိုယ်က စဉ်းစား တွေးခေါ်တဲ့အခါတိုင်းမှာ ရိုးသားမှုရှိနေဖို့လိုအပ်ပါတယ်။

* ကိုယ်က ပြောဆို ဆက်ဆံတဲ့အခါ တိုင်းမှာ ရိုးသားမှုရှိနေဖို့လိုအပ်ပါတယ်။

* ကိုယ်က လုပ်ကိုင် တင်ပြတဲ့အခါ တိုင်းမှာ ရိုးသားမှုရှိနေဖို့လိုအပ်ပါတယ်။

၉။ ပြုပြင် ပြောင်းလဲ ရင်းနှီးမှုတွေလုပ်ပါ

* မိမိဘဝအတွက် မိမိကိုယ်တိုင် ပြုပြင်ရမှာဖြစ်ပါတယ်။ ဘယ်သူကမှ မိမိဘဝကို ပြုပြင်ပေးနိုင်မှာ မဟုတ်ပါဘူး။ အခုပဲ မိမိကိုယ်ကိုပြုပြင်ပါ။

* မိမိဘဝအတွက် မိမိကိုယ်တိုင် ပြောင်းလဲရမှာဖြစ်ပါတယ်။ ဘယ်သူကမှ မိမိဘဝကို ပြောင်းလဲပေးနိုင်မှာ မဟုတ်ပါဘူး။ အခုပဲ မိမိကိုယ်ကိုပြောင်းလဲပါ။

* မိမိဘဝအတွက် မိမိကိုယ်တိုင် ရင်းနှီးရမှာဖြစ်ပါတယ်။ ဘယ်သူကမှ မိမိဘဝကို ရင်းနှီးပေးနိုင်မှာ မဟုတ်ပါဘူး။ အခုပဲ မိမိကိုယ်ကိုရင်းနှီးပါ။

၁၀။ ကိုယ့်မှာရှိနေတာကို တန်ဖိုးထားပါ

* တချို့လူတွေဟာ ကိုယ့်မှာရှိနေတာတွေကို မေ့နေတတ်ကြပြီး အခြားသူများမှာရှိနေတဲ့ အားသာချက်တွေ အောင်မြင်မှုတွေကိုပဲ တွေ့မြင်လေ့ရှိတတ်ကြပါတယ်။

* တစ်ခါတစ်ခါ အခြားသူများရဲ့ အားသာချက်တွေ အောင်မြင်မှုတွေကို အလေးပေးမှုတွေများနေရင် ကိုယ့်မှာရှိတဲ့အရာတွေက အားနည်းချက်တွေ မအောင်မြင်တဲ့အနေအထားတွေ ဖြစ်သွားတတ်ပါတယ်။

* အဲဒီလိုမဖြစ်အောင် ကိုယ့်မှာကြိုးစားရရှိ ပိုင်ဆိုင်ထားတဲ့ အရာတွေကိုလည်း ကိုယ်က ကြည့်မြင် တန်ဖိုးထားပေးဖို့လိုအပ်ပါတယ်။

* ဒါကြောင့် ကိုယ့်မှာရှိတာကို ကိုယ်က အကောင်းဆုံးမြင်ပါ။

* ကိုယ့်မှာရှိတာကို ကိုယ်က အကောင်းဆုံးလက်ခံကျေနပ်ပါ။

* ကိုယ့်မှာရှိတာကို ကိုယ်က အကောင်းဆုံး အသုံးချလုပ်ကိုင်ပါ။

* ကိုယ့်မှာရှိတာကို ကိုယ်က အကောင်းဆုံး အသိအမှတ်ပြု တန်ဖိုးထားပါ။

မိမိကိုယ်ကိုတန်ဖိုးရှိစွာ ပြုပြင်ပြောင်းလဲနိုင်ပါစေခင်ဗျာ။

  • မိမိကိုယ်ကို ပြုပြင်ခြင်း(၁)

https://sarphat.com/posts?id=2684

  • မိမိကိုယ်ကို ပြုပြင်ခြင်း(၂)

https://sarphat.com/posts?id=2753

  • မိမိကိုယ်ကို ပြုပြင်ခြင်း(၃)

https://sarphat.com/posts?id=2840

  • မိမိကိုယ်ကို ပြုပြင်ခြင်း(၄)

https://sarphat.com/posts?id=2902

  • မိမိကိုယ်ကို ပြုပြင်ခြင်း(၅)

https://sarphat.com/posts?id=2939

  • မိမိကိုယ်ကို ပြုပြင်ခြင်း(၆)

https://www.sarphat.com/articles/2985

  • မိမိကိုယ်ကို ပြုပြင်ခြင်း(၇)

https://www.sarphat.com/articles/3011

ᏂᏗᏒᏬᏦᎥ ( April 14, 2024 . 8:30 PM )

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအပေါ်ယံသမားစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)