သင်္ကေတ
စာခွဲရေးရင်း လေးပိုင်းမြောက်ရောက်လာပါပြီ။
ကျွန်မ သူငယ်ချင်း တွေနဲ့စကားအချေအတင်ပြောခြင်း နိုင်ပြီး
သောနောက်မှာ ကျွန်မ စာဖတ်ရတာကို ပိုပြီး သဘောကျလာသည်။ သဘောကျသောကြောင့် ကျွန်မ မျက်စိရှေ့မြင်သော စိတ်ဝင်စားသမျှ စာအုပ်တိုင်းကို လိုက်ဖတ်ဖြစ်သည်။
ကျွန်မဖတ်ပြီးတိုင်းလည်း လိုက်ပြီးတွေးတောတတ်လာသည်။ ကျွန်မဖတ်ပြီးသမျှ စာအုပ်လေးများကိုလည်း ဗလာစာအုပ်အလွတ်တစ်အုပ်မှာ ရေးမှတ်ထားလေ့ရှိသည်။ ကျွန်မ ဒီလိုနဲ့ နေရင်း Online ကနေ Grade 10 သင်ယူပြီးမြောက်ခြင်း စာမေးပွဲကို ဖြေဆိုသည်။ ဖြေဆိုပြီး ကျောင်းပိတ်ရက်တွင်လည်း ကျွန်မ စာအုပ်များဆက်ဖတ်ဖြစ်လာသည်၊ စာအုပ်များသည် ကျွန်မရဲ့ အဖော်သဖွယ် ဖြစ်လာသည်။ ကျွန်မသူငယ်ချင်းများနဲ့ စကားပြောသောအချိန်များသည် စာအုပ်ဖတ်သော အချိန်ထက် ပို၍နည်းလာသည်။ တစ်ယောက်ထဲနေခြင်းကို ပို၍လည်း နေသားကျ သဘောကျလာသည်။ ကျွန်မစာဖတ်ရင်း မသိသောအရာများ၏ အဓိပ္ပာယ်ကို လိုက်လံရှာခြင်း၊ မိဘများအားမေးခြင်းများ လုပ်ရခြင်းကိုလည်း သဘောကျလာသည်။ ဒီလိုဖြင့် ကျွန်မ စာအုပ်တွေနဲ့ အချိန်ကုန်ဆုံးရင်း ကျောင်းပြန်ဖွင့်ရက်အချိန်ကို ရောက်ရှိလာသည်။ ကျောင်းများပြန်ဖွင့်လာသောအခါ ကျွန်မအိမ်မှ မိဘများသည် Online ဖြင့် ပညာဆက်မသင်ကြားစေတော့ဘဲ အပြင် Private School တွင်သာ တက်ရောက်သင်ကြားစေခဲ့သည်။ အဲ့ချိန်တွင် ကျွန်မသည် အပြင်လူများနှင့် စကားမပြောဘဲ အလှမ်းကြာခဲ့သည့် အချိန်ဖြစ်သဖြင့် စစကျောင်းတက်ခြင်းရက်များတွင် အဆင်မပြေမှုများ အနည်းငယ်ကြုံခဲ့ရသည်၊ သိုပေမဲ့ စာဖတ်ထားခြင်းကြောင့် တခြားသူများနှင့် ပေါင်းသင်းဆက်ဆံရေးမှာ အလွယ်တကူပင် အဆင်ပြေသည်။ ကျွန်မအပြင်ကျောင်းတွင်လည်း ကျောင်းစာကြည့်တိုက်လေး တစ်ခုကို ကျောင်းမှ ကျောင်းအုပ်ဆရာကြီးက ပြုလုပ်ထားပေသည်၊ စာအုပ်များစွာကိုလည်း ယူဖတ်နိုင်အောင် စုံလင်စွာထားရှိထားပေးသည်။ ကျွန်မသည် ကျောင်းတက်ရင်းဖြင့်လည်း ကျောင်းက စာအုပ်များကို ယူဖတ်ဖြစ်ပေသည်။
ကျောင်းတွင် စာဖတ်ဖြစ်သည်မှာ ကျွန်မ၏ဘေးတွင် အတူတူထိုင်သော သူငယ်ချင်းကောင်မလေးတစ်ယောက်ကြောင့်ဖြစ်သည်။ သူမသည် ကျွန်မပထမ ကျောင်းစတက်ရက်၌ပင် အလွန်ခင်မင်ရသော လူတစ်ယောက်ဖြစ်သည်။ ဘယ်အတွက်ကြောင့် ခင်သလဲဆိုတာ......နောက်အပိုင်းဆက်ရန်
(Part 1)
(Part 2)
(Part 3)
April 16 Tuesday 2024
@Ag
#အတွေးစုများ
Keep Reading