နီမိုးနန်
(အမျိုးသမီးတစ်ဦးအတွက် စိတ်ပိုင်းဆိုင်ရာ ဟန်ချက်ညီမှုရှိစေရန် ရည်ရွယ်ရေးသားပါသည်)
မီယာ သည် သူမ၏ ဥယျာဉ်အလယ်တွင် ရပ်နေသည်။ ပူနွေးသော ညနေခင်းလေထဲတွင် နှင်းဆီရနံ့များ ဝေ့ဝဲနေသည်။
ဂရုတစိုက် ပြုစုပျိုးထောင်ပေးခဲ့သည့် သပ်ရပ်သော ပန်းတန်းများတွင် သူသည် နှစ်သိမ့်မှုကို အမြဲတွေ့နေရသည်။
သို့ပေမဲ့ သည်နေ့တွင် တစ်ခုခုက မတူညီမူရှိနေသည်။ ဥယျာဉ်က အရင်ကလို မခံစားရပဲ ဖြစ်နေသည်။ သူနှင့် မသက်ဆိုင်တော့သလို ခံစားရသည်။
မီယာ သည် သူ၏အသက်မွေးဝမ်းကြောင်းအလုပ်၊ သူ၏အိမ်၊ သူ၏ခံစားချက်များကို ထိန်းချုပ်ခြင်း — အနုပညာကို နှစ်ပေါင်းများစွာ ကျွမ်းကျင်ခဲ့သည်။
သူသည် အေးဆေးတည်ငြိမ်သော အပြုံးနှင့် အဖြေတစ်ခုခုရှိသဖြင့် လူတိုင်းအားကိုးနိုင်သည့် သူတစ်ဦးဖြစ်သည်။ သို့သော်လဲ မကြာသေးခင် အချိန်မှစပြီး အက်ကြောင်းများ ပေါ်လာခဲ့သည်။
သူ မမျှော်လင့်ထားချိန်တွင် ဝမ်းနည်းရမူ အခိုက်အတန့်လေးများက ရောက်လာတတ်သည်။ သူငယ်ချင်းဟောင်းဆီက ပျောက်ဆုံးသွားခဲ့သည့် စာတစ်စောင်ရောက်လာချိန်၊ နှစ်များစွာ မကြားခဲ့ရသည့်သီချင်းတစ်ပုဒ် ကြားရသည့်အချိန်မျိုးတွင်။ သူသည် ခံစားချက်များကို လျင်မြန်စွာ ဘေးဖယ်ထားတတ်ပြီး ဝမ်းနည်းမူသည် သူ၏ စနစ်တကျရှိနေသည့် ဘဝတွင် နေရာမရှိဟု ယုံကြည်ထားခဲ့သည်။
ယခုညတွင် ဝမ်းနည်းမူက ပိုပြင်းထန်လာသည်။ နှင်းဆီပန်းများသည် တက်ကြွမူ မရှိလှပဲ လေထုထဲ ချိုမြိန်မူများ လျော့နည်းနေသည်။
သူသည် ဖုန်များနှင့်မြေကြီးပေါ် ဒူးထောက်ထိုင်ချလိုက်သည်။ နုနုနယ်နယ် ပွင့်ချပ်များကို ထိလိုက်ရင်း သူ့လက်များက တုန်တုန်ယင်ယင် ဖြစ်နေသည်။
"ဘာလို့ အခုလဲ" သူမ တိုးတိုးလေးပြောရင်း သူ့အသံက မထွက်သလောက်ပင်။ "ဘာလို့ မပျော်နိုင်ရတာလဲ”
ထိုအချိန်တွင် ဥယျာဥ်၏ အစွန်တွင် သူ မမျှော်လင့်ထားသောပန်းတစ်ပွင့်ကို သတိထားလိုက်မိသည်- နှင်းဆီပန်းများအကြား တစ်ကိုယ်တည်း ငွားစွင့် ပွင့်နေသည့် အပြာရောင် အိုင်းရစ်ပန်းပွင့်။
ထိုနေရာတွင် သူ စိုက်ခဲ့သည်မှ မဟုတ်ပဲ။ သို့တိုင်၊ ပန်းပွင့်သည် ဥယျာဥ်ရှိ တစ်ခြား မည်သည့်ပန်းနှင့်မျှ မတူ နူးနူးညံ့ညံ့ သိမ်သိမ်မွေ့မွေ့ တက်ကြွစွာ ပွင့်နေပါတော့သည်။
သိချင်စိတ်ပြင်းပြသဖြင့် မီယာသည် ပန်းပွင့် အနီးသို့ ချဉ်းကပ်လာပြီး ပျော့ပျောင်းသော ပွင့်ချပ်များကို ထိမိသောအခါ မျက်ဝန်းမှ မျက်ရည်များ စီးကျလာသည်။
အိုင်းရစ်ပန်းပွင့်သည် အမှားတစ်ခု မဟုတ်ကြောင်း သူမသဘောပေါက်ရပါသည်။ သူ့ဥယျာဉ်က အတိအကျ လိုအပ်နေခဲ့တာပဲဖြစ်သည်။
ပန်းပွင့်၏ တိတ်ဆိတ်သော အလှတရားသည် သူ လျစ်လျူရှုခဲ့သည်မှာ ကြာပြီဖြစ်သော- ပျော်ရွှင်ခြင်းသာမက အရာအားလုံးကို ခံစားရန် လိုအပ်ကြောင်း ပြောပြနေသလိုပင်။
သူမသည် မြေကြီးထဲတွင် ထိုင်ကာ မျက်ရည်များကို စိတ်ရှိတိုင်း စီးကျနေစေလိုက်သည်။ ငိုလေလေ ပေါ့ပါးလေဖြစ်သည်။
သူသည် ဥယျာဉ်ကို လှည့်ပတ်ကြည့်လိုက်ရာ ရုတ်တရက်ပင် အရာအားလုံးက ယခင်ကထက် ပိုပြီး ရှင်သန်ခြင်းရှိနေသလိုပင်။
နှင်းဆီ၊ ဒေစီ၊ လာဗင်ဒါ — ပန်းတစ်ပွင့်စီတွင် သူမ၏ စိတ်ခံစားမှုတစ်ခုစီကဲ့သို့ပင် နေရာတစ်ခုစီ၌ ကိုယ်စီရှိနေကြသည်။
ဝမ်းနည်းမှု၊ ပျော်ရွှင်မှု၊ ကြောက်ရွံ့မှု၊ အခိုက်အတန့် ရှိတတ်သောဒေါသ- သူတို့အားလုံးသည် သူ၏အစိတ်အပိုင်းများဖြစ်ကြသည်။
ထိုခံစားမူများကို ငြင်းဆိုခြင်းသည် သူ့ဘဝ၏ အရောင်များကိုသာ မှေးမှိန်စေခဲ့သည်ပင်။
နေဝင်ချိန်၏ နောက်ဆုံးရောင်ခြည်များက ဥယျာဉ်ပေါ်တွင် ရွှေရောင်တောက်နေချိန်တွင် မီယာက ပြုံးလိုက်သည်။
ပန်းများကဲ့သို့ပင် စိတ်ခံစားမှုများကို ထိန်းချုပ်ရန် သို့မဟုတ် ပြီးပြည့်စုံဖို့ရာအတွက် ဖြတ်ထုတ်ထားဖို့ရည်ရွယ်ခဲ့ကြောင်း ယခု သူ နားလည်ခဲ့ပါပြီ။
ယင်းတို့သည် တစ်ခုလုံးပြည့်စုံရန်အတွက် မရှိမဖြစ်လိုအပ်သော အရာတစ်ခုစီကို ကိုယ်စီ ပေါင်းထည့်နေကြခြင်းဖြစ်သည်။
သူက မတ်တပ်ထရပ်ပြီး လက်မှ အညစ်အကြေးများကို ပွတ်သပ်လိုက်ပြီး အသက်ပြင်းပြင်းရှူလိုက်သည်။
ဥယျာဉ်မှာကား ယခုလို ဘယ်တော့မှ ပိုလှနိုင်မည် မဟုတ်တော့ပါ။
(ဤဝတ္ထု သည် "Inside Out “ အက်နီမေးရှင်းရုပ်ရှင်ကို မှီငြမ်းထားပြီး မျှတပြီး ပြည့်စုံသောဘဝအတွက် စိတ်ခံစားမှုများ၊ ကျွန်ုပ်တို့ရှောင်ရှားခဲ့သည် တစ်ခုကပင် လိုအပ်ကြောင်း ဖော်ပြထားပါသည်)
Keep Reading