Hnin
အရိုးသားဆုံးနှင့် အမှန်အတိုင်းပြောရရင် အခုချိန်မှာ အဆင်ပြေတယ်မှတ်လား ဆိုတာထက် အဆင်ပြေအောင် ဘယ်လိုနေထိုင်လဲဆိုတဲ့ မေးခွန်းမျိုးက ပိုပြီးအဆင်ပြေမယ်ထင်တယ်။
ကျွန်မတို့အားလုံးရဲ့အခြေအနေတစ်ခုကို လူတစ်ယောက် ရောဂါဖြစ်လာပြီဆိုတဲ့ အခြေအနေလေး
နှင့် ယှဥ်ပြီးတွေးကြည့်ရအောင်....
လူတစ်ယောက်က မထင်မှတ်ဘဲ သွေးတိုးရောဂါ ရှိလာတယ်။ ဟော.. နောက်တစ်ခု ဆီးချိုပါ ဖြစ်လာပြီ။ ပြီးတော့ နှလုံးရောဂါ။အစရှိသည် ဆက်တိုက်ဖြစ်လာသလိုဘဲ ကျွန်မတို့အားလုံး ကုန်စျေးနှုန်းတက်တဲ့ ဒဏ်တွေ ခံနေရတဲ့အချိန်မှာ အခုဆို ရေဘေးတွေပါ ကြုံနေရပြီ။ပင်ပန်းတာပေါ့ရှင်..
စိတ်တွေရော...လူတွေရောပါ....
ကျွန်မတို့အားတင်းထားရအုန်းမယ်လေ။
ကျွန်မတို့အသက်ရှင်နေသေးတယ်။
ကျွန်မတို့ တစ်ယောက်ကို တစ်ယောက် ရိုင်းပင်းကူညီရင်း ရှင်သန်ကြရအုန်းမယ်။
ကျွန်မတို့ အားလုံး ရင်ဆိုင်ကျော်ဖြတ်ကြရအုန်းမယ်လေ။
စိတ်တွေ ညစ်ပြီး စိတ်ဆင်းရဲခွင့်ရှိတယ်
ဒါပေမဲ့ စိတ်ဓာတ်တော့ မကျလိုက်ပါအုန်းနော။ကျွန်မတို့အားလုံး အတူတူ ကျော်ဖြတ်ကြရအောင်...
Hnin(12.9.24)9:55pm
Keep Reading