ပြာလဲ့ရီဝေ
မိုးရွာမယ်ပြင်လာတဲ့အခါ ကောင်းကင်ပြင်နဲ့ လေထုကြီး မှိုင်းအုံ့လာတယ်။ အေးစိမ့်လာတယ်။ ချမ်းတုန်စေခြင်း မဟုတ်တဲ့ ချမ်းစိမ့်စိမ့်အအေး။ လတ်လတ်ဆတ်ဆတ်လေး။ ရင်ထဲအေးပြီး လူလည်း လန်းသွားသလိုပဲ။ တချို့က မိုးတွေမှိုင်းရင် လွမ်းစိတ်ပေါ်တယ်တဲ့။ လွမ်းစိတ်။ ဒီအတွေးဝင်လိုက်မှ သူ့မျက်နှာ ဖျက်ခနဲ မြင်ယောင်မိလိုက်တယ်။ ဪ... သူ့ကို လွမ်းတာလား။ လွမ်းတယ်လို့ ပြောရတဲ့ အဆင့်မှ မဟုတ်တာ။ လွမ်းတယ်ဆိုတာ သတိရခြင်းတစ်မျိုးပဲလေ။ ဘယ်ကန့်သတ်ချက်မှ မရှိလောက်ပါဘူး။ သတိရရင် လွမ်းတာပါလေ။ အင်း... ဒါဆို သူ့ကို လွမ်းပါတယ်။ သူ့ကို သတိရပါတယ်။
Keep Reading