စောမြတ်နွယ်
ဒီနေ့မှာတော့
Have နဲ့ Have got ရဲ့ အသုံးကိုပြောပြမှာဖြစ်ပါတယ်။
?Have နဲ့ Have got ကို ပိုင်ဆိုင်မှုတွေကို ဖော်ပြရန်အတွက်သုံးတယ်။
ဥပမာ
We've got a new car.
(or)
We've a new car.
ကျွန်တော်တို့မှာ ကားအသစ်တစ်စီး ရှိတယ်။
John has got two sisters.
(or)
John has two sisters.
John မှာ ညီမနှစ်ယောက် ရှိတယ်။
?နောက်တစ်ခုကကိုယ်ခံစားနေရတဲ့ နာကျင်မှုတို့၊ဖျားနာမှုတို့အတွက်လည်း သုံးတယ်။
ဥပမာ
I've got a headache. (or)
I have a headache.
ကျွန်တော် ခေါင်းကိုက်နေတာ။
I've got a fever. (or)
I have a fever.
ကျွန်တော် ဖျားနေတာ။
He has got a cold.(or)
He has a cold.
သူ အအေးမိနေတာ။
Have နဲ့ Have got ကို မေးခွန်းနဲ့ အငြင်းဝါကျတွေမှာ do/does/did နဲ့လဲ တွဲသုံးတယ်။
ဥပမာ
Have you got any money?
(or)
Do you have any money?
မင်းမှာ ပိုက်ဆံအချို့ရှိသလား။
I haven't got any money. (or)
I don't have any money.
ကျွန်တော့်မှာ ပိုက်ဆံမရှိဘူး ။
Did they have a car when they were living in London?
သူတို့ လန်ဒန်မှာ နေခဲ့တုန်းက သူတို့မှာ ကားရှိခဲ့သလား။
I don't usually have a big breakfast.
ကျွန်တော်က များသောအားဖြင့် နံနက်စာကို အများကြီးမစားဘူး။
ဒီနေရာလေးမှာ ကြုံတိုက်လို့ ပြောချင်တာလေးရှိပါတယ်။
နံနက်စာ အများကြီး စားတယ်ဆိုရင်
have a big breakfast လို့သုံးတယ်။
နည်းနည်းလေးပဲ စားတယ်ဆိုရင်
have a light breakfast လို့သုံးပြီး
နံနက်စာကို အားရပါးရစားတယ်ဆိုရင်
have a hearty breakfast လို့သုံးပါတယ်။
အတိတ်ကာလအတွက် သုံးချင်ရင် had လို့သုံးရမယ်။got ကို မထည့်ရပါဘူး။
Phyu Phyu had long hair when she was a child.
ဖြူဖြူကလေးဘဝတုန်းက ဆံပင်ရှည် လေးနဲ့။
?????
Have နဲ့ တွဲသုံးတဲ့ အသုံးအချို့
Have breakfast /lunch /dinner
Have a cup of coffee=ကော်ဖီ သောက်သည်။
Have a bath= ရေချိုးသည်။
Have a shower =ရေပန်းဖြင့် ရေချိုးသည်။
Have a party =ပါတီပွဲ ကျင်းပသည်။
Have a rest = အနားယူသည်။
Have a swim = ရေကူးသည်။
Have a dream =အိပ်မက်မက်သည်။
Have a cigarette =စီးကရက်သောက်သည်။
Have an accident =မတော်တဆမှု ဖြစ်သည် ။
Have a baby= ကလေးမီးဖွားသည်။
?????
ဒီနေအတွက်တော့ ဒီလောက်ပါပဲ။
Englishစာ ဗဟုသုတများတိုးပွားနိုင်ကြပါစေ။
#S.M.T.Z
11.9.2024
Keep Reading