Hein Htet Ko Ko
> မြန်မာစာ ရေးသားရာတွင် သတိပြု ရှောင်ရှားသင့်သည့် အပြစ်များ
စာရေးခြင်း၏ ရည်ရွယ်ချက်သည် မိမိဆိုလိုချက်ကို စာဖတ်သူ နားလည်စေရန်ဖြစ်သည်။မိမိအရေးအသား၌ မသင့်သောအသုံးများ မှားယွင်းသုံးမိလျှင် စာဖတ်သူ နားမလည်နိုင်အောင် ဖြစ်သွားတတ်သည်။ထိုသို့သော စာအရေးအသားမျိုးကို ပညာရှင်များက
'ဒေါသ'သင့်သည်။'အပြစ်'သင့်သည်ဟုခေါ်ကြသည်။ အပြစ်ဒေါသ မကင်းလျှင် ဂုဏ်မြောက်သောစာ မဖြစ်နိုင်ပါ။
အပြစ်ဒေါသ (၁၀)ချက်
၁။စကားရိုင်း အပြစ်
၂။စကားပို အပြစ်
၃။စကားလို အပြစ်
၄။သဒ္ဒါအသုံးမှား အပြစ်
၅။ပုဒ်ထားမှား အပြစ်
၆။ပုဒ်ထားရှုပ် အပြစ်
၇။ရှေးဆို နှောင်းဖျက် အပြစ်
၈။ဟပ်စဥ်ပျက် အပြစ်
၉။အကြောင်းအကျိုး ပြောင်းပြန် အပြစ်
၁၀။အသိခက် အပြစ်
"စကားရိုင်း၊စကားပို၊စကားလို
သဒ္ဒါမှားသုံး၊ပုဒ်ထားမှား
ပုဒ်ထားရှုပ်တာ အပြစ်များ
ရှေးဆိုနှောင်းဖျက်၊ဟပ်စဥ်ပျက်
ကြောင်းကျိုးပြောင်းပြန်၊အသိခက်
အပြစ်ဒေါသ (၁၀) ချက်။ "
အဓိပ္ပါယ်အကျယ်အား နောက်စာတစ်ပုဒ်ဖြင့် ရှင်းလင်းရေးသားသွားမည် ဖြစ်ပါသည်။
#HeinHtet
#SarPhat
Keep Reading