ဒီတစ်ပတ်မှာ Editor တို့ကနေ "က"အက္ခရာနဲ့ ပတ်သက်ပြီး မှားလေ့ရှိတဲ့ သတ်ပုံလေးတွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်။
အမှန် အမှား
- ကတိကဝတ် ဂတိဂဝတ်
- ကတည်းက ကထဲက
- ကရုဏာ ဂရုဏာ
- ကတ်ပြား ကဒ်ပြား
- ကတ်တီးကတ်ဖဲ့ ကတ်သီးကတ်ဖဲ့
- ကတိ ဂတိ
- ကဏန်း ဂဏန်း
- ကတောင်ချောက်ချား ဂယောင်ချောက်ချား
- ကတုန်ကရင် ဂတုန်ဂရင်
- ကတုံး ဂတုံး
- ကာရန် ကာရံ
- ကူးခပ် ကူးခတ်
- ကောလာဟလ ကောလာဟာလ
- ကောဏာဂုံ ကောဏဂုံ
- ကံ့ကူဆံ ကန့်ကူဆံ
- ကံ့ကော်ပန်း ဂန့်ဂေါ်ပန်း
- ကိုးရိုးကားရား ကိုးယိုးကားယား
- ကောက်နုတ်ချက် ကောက်နှုတ်ချက်
- ကင်းခြေများ ကင်းချေများ
- ကင်းမြီးကောက် ကင်းမြှီးကောက်
- ကင်းလိပ်ချော ကင်းလိပ်လျှော
- ကိုင်စွဲ ကိုင်ဆွဲ
- ကိုင်ဆုပ် ကိုင်ဆုတ်
- ကိုင်းညွတ် ကိုင်းညွှတ်
- ကတ်ထူ ကတ္ထူ
- ကန်ပေါင် ကန်ဘောင်
- ကိန်းဂဏန်း ကိန်းကဏန်း
- ကုန်ခန်း ကုန်ခမ်း
- ကပ်ငြိ ကပ်ညိ
- ကပ်စေးနှဲ ကပ်စီးနဲ
- ကုပ်ပိုး ဂုတ်ပိုး
- ကမ္ပည်း ကဗ္ဗည်း
- ကမ္ဗလာသီး ကဗ္ဗလာသီး
- ကိုယ်စီကိုယ်င ကိုယ်စီကိုယ်ငှ
- ကိုယ်ထူးကိုယ်ချွန် ကိုယ်ဒူးကိုယ်ချွန်
- ကိုယ်ရည်သွေး ကိုယ်ရေသွေး
- ကျကျနန ကြကြနန
- ကျူထရံ ကျူထရန်
- ကျေချမ်း ကြေချမ်း
- ကျေညက် ကြေညက်
- ကျေပျောက် ကြေပျောက်
- ကျေပွန် ကြေပွန်
- ကျေလည် ကြေလည်
- ကျေအေး ကြေအေး
- ကျဲတောက်တောက် ကြဲတောက်တောက်
- ကျော်ကြား ကြော်ကြား
- ကျက်သရေ ကြက်သရေ
- ကျင်လည် ကျင်လယ်
- ကျောင်းသင်္ခမ်း ကျောင်းသင်ခန်း
- ကျစ်ဆံမြီး ကျစ်ဆံမြှီး
- ကျစ်လျစ် ကျစ်လစ်
- ကျဉ်းကျပ် ကျဉ်းကြပ်
- ကျဉ်းမြောင်း ကြဉ်းမြောင်း
- ကျည်ဆန် ကျည်ဆံ
- ကျဉ်းပေါင် ကျဉ်းဘောင်
- ကျိတ်ကျိတ်မြည် ကြိတ်ကြိတ်မြည်
- ကျိတ်ကြံကျိတ်လုပ် ကြိတ်ကြံကြိတ်လုပ်
- ကျိတ်ကျိတ်ခဲခဲ ကြိတ်ကြိတ်ခဲခဲ
- ကျိန်းကျေ ကျိန်းကြေ
- ကျိန်းသေ ကျိမ်းသေ
- ကျပ်ကျပ်တင်းတင်း ကြပ်ကြပ်တင်းတင်း
- ကျပ်ခိုးစင် ကြပ်ခိုးစင်
Source-မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း
အားလုံးပဲသာယာချမ်းမြေ့သော နေ့လေးကိုပိုင်ဆိုင်ကြပါစေ............