ဆိုင်းရွယ်ပန်
ကျွန်မအပျော်ဆုံးနေ့မှာ အများနှင့်မတူ တစ်မူထူးခြားပါသည်။ အဘယ်ကြောင့်ဆိုသာ် မိုးတွေလတွေထန်ကာ လျှပ်တို့တဝင်းဝင်းလက် မိုးထစ်ချုန်းသောညဖြစ်ပါသည်။ မှန်ပါသည်။ ဤလိုရာသီဥတုဆိုးရွားနေသည်ကိုအပျာ်ဆုံးနေဟုသတ်မှတ်သည်။ ဟူတ်ပါသည်။ အကြောင်းမှာ ကျွန်မမှာ ငယ်စဉ်ကတည်းက လေထန်ကာမိုးသည်းစွာရွာသည်ကို ပုံမှန်သူများထက် ပိုကြောက်ပါသည်။ လေနည်းနည်းထန်လာလျှင် ရောက်သည့်နေရာမှ အိမ်သို့အတင်းပြန်ပြေးပြီး အိမ်တံခါးအကုန်ပိတ် အိပ်ရာထဲ စောင်ခြုံထဲ အတင်းတိုး နားပိတ် မျက်စိပိတ် ကြောက်လန့်ေနတတ်ပါသည်။
တစ်ခါကဆိုလျှင် လေရူးထန်သည့် နွေနှောင်းကာလ မိုးဦးစ သင်ကြန်ပွဲတစ်ရက်တွင် ကျွန်မတို့မြို့ ၌ ဗဟိုမဏ္ဌပ်ဟူ၍ရှိရာ အကပွဲကြည့်ရန် အဖေနှင့်အမေကို မရမက ပူဆာပါသည်။ အဖေအေမက အလုပ်များနေသည့်ကြားထဲမှ အလိုလိုက်ကာ လိုက်ပို့ပးပါသည်။ မဏ္ဌပ်ရောက်ပြီးမကြာပါ။ မိုးရိပ်သန်းကာ လေထန်လာပါတာ့သည်။ ပွဲမှ ကျန်သူများ အေခြေမပျက်ပါ။ ကျွန်မတစ်ာက်တည်း ရင်ထဲဗလောင်ဆူနပါသည်။ စာဖတ်သူမှာ မို့းလေ မကြောက်တတ်သည့်သူဆိုလျှင် ကျွန်မ၏ အကြောက်တရားကို ပျက်ရယ်ပြုလျှင်ပြု မပြုလျှင် အံ့ဩဘနန်းဖြစ်ပါမည်။ အမှန်ပါ။ ထိုအချိန်တ်ွုရင်ထဲ ပူပန်ကာ ခုနေ လေဆင်နှာမာင်းထကာ တစ်မြို့လုံးပျက်တာ့မည်လိုလိုပင်ခံစားရပါသည်။ ကျွန်မမျက်နှာပျက် ကာ မျက်နှာ ဇီးရွက်လာက်ပဲ ဖြစ်နေသည်ကို အမေက သတိထားမိပါသည်။ ဘာဖြစ်သလဲမေးတာ့ ဖြေပင်မဖြေနိုင်။ မြန်မြန်ပြန်ရဖို့သာ ပူဆာပါတာ့သည်။ ပူဆာသည် မဟုတ်ပါ။ အကေြာက်အကန်ကို အိမ်ပြန်ဖို့ပြောသည်ဖြစ်ပါသည်။ အိမ်ပြန်ရောက်လျှင်ရောက်ချင်း တံခါးပိတ် အိမ်ရာထဲအောင်းပါသည်။ တစ်နာရီလာက်နမှ မိုးမရွာဖို့ေသချာမှ အိမ်ရာထဲကထွက်လာပါသည်။ ကုန်ကုန်ပြောပါမည်။ အချိန်ကြာလာသောအခါ ထိုအကြောက်တရားမှ စိတ်ရောဂါအနုစားထိ ပြောင်းလဲသွားပါသည်။ သစ်ရဠင်ကလေး လှုပ်လျှင် လေလာတာ့မည် ကြောင်လာပါသည်။ အဖေအမေကို ပြောပြတာ့ ကျွန်မ သူံးနှစ်သမီးဘဝ 2008 နာဂစ်မှုန်တိုင်းဗီဒီယိုများထွက်သာအခါကလေးရှေ့ထိုဗီဒီယိုများကြည့်ခဲ့၍ဖြစ်နိုင်သည်ကို မှတ်ချက်ချကြသည်။ ထိုအနိဌာရုံ များ မြင်ရေသာအခါ ဦးနှက်နုနု နှလုံးသားနုနုကလးတွင်အကြာက်တရားတို့ အမြစ်တွယ်သွားပါသည်။
မှတ်မှတ်ရရ နွေနှောင်းတစ်ရက်တွင်ပင်ဖြစ်သည်။ ကျွန်မတို့မြို့တွင် မကြုံစဖူး လေထန်မိုးသည်းကာ သစ်ပင်ကြီးများပင် အမြစ်ကနေကျွတ်ထွက်ပါသည်။ ကျွန်မကတော့ ဘယ်ကောင်းမည်နည်း။ ထိုအချိန်က အိမ်နှင့်အဝး ဆိုင်ဆစ်ဆိုင်တွင် ရောက်န၍ အကြောက် ငယ်ထိပ်ဆာင့်ကာ ဟိုအော်ဒီအာ် တဗြဲဗြဲ ဟစ်ပါတော့သည်။ အမေက ချော့လည်းမရတော့ပါ။ ဆိုင်ထဲရှိသူများကလည်း သနားတဲ့သူကသနားကျ ရယ်တဲ့သူကရယ် စတဲ့သူကစနှင့်။ ကျွန်မပါးစပ်မှ ထွက်သော ပေါက်တတ်ကရအချို့ကြိ ပြောပြပါမည်။ " ငါ့သမီးရေ " ၊ " သေတော့မှာပဲ "၊ " အမေရေ သမီးရေ" ၊ ကြောက်လိုက်တာ။ မျက်ရည်များလည်းကျကာ ငိုလိုက်ယိုလိုက်နှင့် စသည့်သူများကိုလည်း ဘယ်ကတတ်လာမှန်းမသိသော ဖရုတဝါစာများဖြင့် ရွတ်ဖတ်သရစဲ ပေးလိုက်ပါသည်။ တော်တော်ကြာမိုးတိတ်သွားမှ ကျွန်မလည်း အငိုအဆဲအအော်ရပ်တော့သည်။ ဤသည်မှာ ကျွန်မမည်မျှ ကြောက်သည် ကို ပြောပြးခြင်းဖြး်ပါသည်။
အကြောက်ပျောက်သွားသည်ကိုလည်းပြောပြပါမည်။ အကြောက်ပျောက်သွားသည့်ေန့ တစ်နည်း ကျွန်မအေပျာ်ဆုံးနေ့ကလည်း မရှိရှိသည့် သတ္တိများထုတ်သုံးကာ အကြောက်တရားကို ကျော်လွှားခဲ့ခြင်းဖြစ်သည်။ ဒီတစ်ခေါက်ောတ့ မိုးတွင်းကြီး တစ်နေ့ကုန်မရွာဘဲ ပူထားသမျှ အတိုးချကာ မိုးပိတ်ပိတ်ေမှာင် လေတစ်ဝုန်းဝုနး် လျှပ်တဝင်းဝင်းနှင့် ချပါေတာ့သည်။ ကျွန်မလည်း ပုံမှန်အတိုင်း အိမ်ရာထဲ နားပိတ် အောင်းေနပါသည်။ ထိုအချိန် အဖေကအပေါ်ထပ် ကျွန်မ အခန်းထဲတက်လာကာ ပိတ်ထားေသာ ကျွန်မအခန်းတံခါးကို ဖွင့်လိုက်ပါသည်။ လေနီကြမ်းများ တရစပ်ကျွန်မအခန်းထဲဝင်လာပါသည်။ မိုးကလည်း တစ်ခြိမ်းခြိမ်းချုန်း လျှပ်တစ်ဝင်းဝင်း အဖေက မိုးကောင်းကင်ကိုကြည့်ကြည့်ပါ အလွန်လာသည်ဟုေပြာပါသည်။ ကျွန်မက အဖေကို တံခါးပိတ်ပြီး အောက်ထပ်ကို သွားဖို့အတင်းမာင်းထုတ်ပါသည်။ အဖေက သူတော့မပိတ်ပေးနိုင်ဘူး။ ကိုယ့်ဖာသာပဲပိတ်လိုက်တာ့ဟုေပြာကာ အောက်ထပ် ဆင်းသွားပါသည်။ ကျွန်မ ရွေးချယ်စရာမရှိပါ။ အိမ်ရာမှ ထကာ တံခါးအမြန်ပိတ်ရန်သာရှိပါသည်။ အိပ်ရာမှ အတင်းကုန်းရုံးထကာ အမြန်သွားပိတ်ပါသည်။ လေတစ်ဝုန်းဝုန်းက ကျွန်မမျက်နှာကို ပါးရိုက်လိုက်သည့်အလား စောင့်တိုးပါသည်။ အရေးထဲ တံခါးများကေန့လယ်ေနပူတုန်း ပွကာ ပိတ်မရဘဲကြပ်နေပါသည်။ ထိုအချိန် လျှပ်တစ်ပွင့် ပွင့်သွားပါသည်။ လှလိုက်သည့်ဖြစ်ခြင်း ။ ထိုမိုးသားတိမ်ရှုခင်းနှင့် ဆိုောတ့ မိုးအေးလေထန်များက နူးပင်ညံ့နသေယာင်။ ကျွန်မ သဘောကျသွားကာ တစ်ဘဝလုံးနီးနလနခဲ့ရာကို နောင်တပင်ရမိပါသည်။ မိုးကောင်းကင်က တိမ်မဲညိုေမှာင် တိမ်ေလဝဲ များ တဝဲဝဲလည်ကာ အေးစိမ့်လှပေနပါသည်။ထိုနေ့က ကျွန်မအပျော်ဆူံးနေ့ဖြစ်ပါသည်။ နှစ်နှစ်လများအ မြစ်တွယ်ခဲ့သော အကြောက်တရားကို ကျော်လွှားနိုင်ခဲ့ပြီ။ မိုးလေထန်ေသာ အခါများလည်း နေသာေသာအခါများလိုပင် သူ့အလှနှင့်သူ ။နေပူမီးကို မိုးလေထန်နှင့် ငြိမ်းသတ်လိုက်သည်။ ကျွန်မ အလွန်ပျာ်ပါသည်။ နောက်ခါနာက်ချိန်များတွင် ကျွန်မမကြောက်တာ့သည်သာမက လေဝဲတိမ်မည်းများကို ဓာတ်ပံုရိုက်ကာ တဟီးဟီးပျော်လိုက်ပါသည်။ နွေနေပူချစ်ချစ်တောက် များအပြီး တိမ်တောင်များတက်ကာ တစ်ဝုန်းဝုန်းတစ်အုန်းအုန်းနှင့် ရွာေသာ မိုးသက်ေလများကို မြတ်နိုးမိပါေတာ့သည်။
ဆိုင်းရွယ်ပန်
၂၀၂၅
Keep Reading