Saung Haymarn Ri - ဆောင်းဟေမာန်ရီ
ဒီခေတ်ပျက်ကြီးထဲမှာ
မိန်းမတွေကတန်ဖိုးမဲ့လာကြပြီး
ယောက်ျားတွေကသစ္စာမဲ့လာကြတယ်။
ဒီခေတ်ပျက်ကြီးထဲမှာ
ပညာရှာရမယ့်အရွယ်တွေက အိမ်ထောင်ကိုယ်စီပြုလို့ ဘဝတက်လမ်းထက် လိင်ကိစ္စကို ဦးစားပေးမက်မောလာကြတယ်။
ဒီခေတ်ပျက်ကြီးထဲမှာ
မိန်းမငယ်အချို့က ကိုယ့်ကိုကိုယ် ဖာ အဖြစ်ခံအရှက်မဲ့လာကြပြီး ယောက်ျားအချို့ကတော့ အလွယ်ရသမျှယူမယ်ဆိုတဲ့ တဏှာရာဂစိတ်ကြီးစိုးလာကြတယ်။
စုတ်ပြတ်သတ်နေတဲ့အနာဂတ်လမ်းကြောင့်
ပျက်စီးလာကြတဲ့လူငယ်တွေ။
အဖျက်ဆီးခံရတဲ့လူငယ်တွေ။
ခေတ်ပျက်နေတဲ့ဒီနိုင်ငံမှာ များသထက်
များလာခဲ့ပြီ .. ။
-ဆောင်းဟေမာန်ရီ-
Tg channel - https://t.me/saunghaymarnri
Keep Reading