NWAY OO MAUNG
(အရင်ရေးပြီးသားအပိုင်းလေးတွေကိုပြင်ပြီးပြန်ပေါင်းထားတာဖြစ်ပါတယ်)
စာရေးသူဟာ (သို့မဟုတ်)စာရေးဆရာတစ်ယောက်ဖြစ်ချင်သူဟာ စု တု ပြု နဲ့ပြည့်စုံရမယ်လို့ ရှေးကဆရာအစဉ်ဆက်က ပြောကြားခဲ့တယ်၊ တကယ်တမ်း ကိုယ်တိုင်စာရေးတော့မယ် စာရေးဆရာဖြစ်ဘို့ကြိုးစားတော့မယ် ဆိုတဲ့အခါ အဲ့ဒီသုံးချက် ကိုယ်မှာပြည့်စုံပြီလားလို့အရင်ပြန်သုံးသပ်မိတယ်၊
၁-စု
စာပေနဲ့ပတ်သက်လို့ ဘလောက်စုမိလဲဘာတွေလေ့လာပြီးလဲဆိုရင် ကျွန်တော်အမြင်မှာ ဖတ်ခြင်းနှင့်မှတ်ခြင်းလို့ ၂မျိုးကွဲပြားတယ်လို့ထင်တယ် ၊စာပေလိုက်စားတဲ့သူအများစုက စာဖတ်ကြတယ် စာမမှတ်ကြဘူး လူနည်းစုလောက်သာ ဖတ်ပြီးသောစာ ကောင်းနိုးရာရာကို မှတ်စုမှတ်တမ်းနဲ့ထားကြတယ်၊ကျွန်တော် အားနည်းချက်က စာမှတ်တာမှတ်စုစာအုပ်ထားတာမရှိသလောက်ပဲ၊
ပုံမှန်လစာကို နည်းနည်းချင်း မစုဆောင်းခဲ့သူတစ်ယောက်လိုပဲ အလုပ်သာအမြဲလုပ်နေတာ အရေးပေါ်ငွေလို့တော့ စုပြီးသားမရှိတော့ပူပင်ရသလိုပဲတကယ်တမ်းစာရေးမည်ဆိုတော့ ဘာအကိုးကာအထောက်မရှိတော့ဘူး၊ ကျွန်တော်က စာဖတ်ပြီးစာမမှတ်သားတဲ့အမျိုးစားထဲမှာပါတယ် မကောင်းတဲ့အချက်ပေါ့၊ ဥပမာဆိုပါဆို့ သီပေါမင်းပါတော်မူခြင်းကိုသမိုင်းစာအုပ်တစ်အုပ်ထဲကနေ ဖတ်ထားတယ် ဖတ်နေချိန်မှာတော့ ကုန်းဘောင်းမင်းဆက်ဘယ်နှဆက်မြောက် ဘယ်ခုနှစ်မှာ စစ်ရှုံးပြီးပါတော်မူတယ်ဆိုမှတ်သားလိုက်ရတယ် ၊မှတ်စုအနေနဲ့ မင်းဆက်တွေ သက္ကရာဇ်တွေ ရေးမထားခဲ့ဘူး၊နောက်၁နှစ်၂နှစ်လောက်ကြာတော့ ပါတော်မူတာနဲ့ပတ်သက်ပြီး သီပေါမင်းလောက်သာမှတ်မိပြီး ခုနှစ်တွေ နေ့လရက်တွေကမမှတ်မိတော့ဘူး တခါတလေ ခေါင်းထဲမှာစာအုပ်နာမည်တောင်တမ်းဖော်လို့မရဘူး၊ ကိုယ်အသုံးချဖို့ လိုတဲ့အခါမှတ်စုမရှိတော့ ရှာမရတော့ဘူး၊ ဥပမာနောက်တစ်ခုက စီးပွါးရေးနဲ့ပတ်သက်လို့ ဆရာဖေမြင့် ဘာသာပြန်ထားသော ဘေဘီလုံမှာအချမ်းသာဆုံးပုဂ္ဂိုလ်ဆို့စာအုပ်ဖတ်တယ်ဆိုပါဆို့ ဖတ်တဲ့အချိန်တုန်းကကြီးပွါးချမ်းသာအောင် ဥပဒေသကဘယ်နှခုရှိတာဘာညာ မှတ်မိနေတာပဲ ၊ နောက်ရက်တွေကြာတော့ ပြန်ကိုးကားရေမယ်ဆို့တော့ မှတ်စုမရှိတော့ မမှတ်မိပြန်ဘူး၊ အဲ့ဒါကြောင့်စာပေရေးသားမည့် စာချစ်မိတ်ဆွေတို့လည်း ကျွန်တော်ကဲ့သို့မဖြစ်အောင် ဖတ်လည်းဖတ် မှတ်လည်းမှတ်ကြပါခင်ဗျာ။
စာမှတ်တာနဲ့ပတ်သက်လို့ ဂျာနယ်ကျော်မမလေး ရေးသော သူလိုလူစာအုပ်ထဲက ဦချစ်မောင်၏ စာမှတ်နည်းကိုသဘောကျမိတယ် စာအုပ်တစ်အုပ်ကိုဖတ်ပြီဆိုရင် မှတ်သားထားဘို့ ဘေးနားမှာရောင်စုံဘောပင်တွေထားတယ် ပြီးရင်သမိုင်း စီးပွါးရေစသည် တစ်ရောင်စီမှတ်သားထားတယ် လိုအပ်ရင် အရောင်တိုင်းရှာယုံပဲ ၊ဆရာဦးသုခဆိုရင် တစ်ဘဝလုံးမှတ်သားထားခဲ့တာတွေ စာအုပ်တောင်ထုတ်နိုင်တဲ့အထိပဲ အတုယူစရာတွေနော်၊ အခုနောက်ပိုင်းစာဖတ်ရင် မမှတ်ဖြစ်ပေမဲ့ ဝါကျတကြောင်း စာတပိုဒ်ပြီးရင် တွေးတဲ့အကျင့်လေးလုပ်
ဖြစ်လာတယ် စာရေးဆရာရေးသောအကြောင်းရာဟာ ယုတ္တိရှိလားမရှိဘူးလားဆိုတာ စဉ်းစားလာတယ် မျက်စိမှိတ်မယုံတော့ဘူး ၊စာရေးဆရာရေးတဲ့ရှု့ထောင့်ကနေ ဆက်စပ်ပြီးတခြားရှု့ထောင့်တွေပါ တွေးတတ်လာတယ် ၊ရှေ့မှာပေးခဲ့သော သီပေါပါတော်မူတဲ့ သမိုင်းဥပမာပြန်ကြည့်ရအောင် သမိုင်းဆရာကရေးတယ် ကုန်းဘောင်၏ နောက်ဆုံးမင်ဆက် မြန်မာ့ပဒေသရာဇ်စနစ်၏ နိဂုံး မြန်မာတို့၏ရှင်ဘုရင်သီပေါမင်းဟာ မင်းညံစာရင်းဝင်ခဲ့သည်ပေါ့၊ ဘာလို့ကြောင့်မင်းညံ့စာရင်းဝင်ခဲ့တာလည်း ဒီမင်းလက်ထက်မှ ဘာလို့ထီးသုဉ်းနန်းသုဉ်းဖြစ်ရတာလဲပေါ့ ဆက်စပ်ပြီး သမိုင်းထဲကဘုရင်တွေကိုစိတ်ဝင်စားလာတယ် အဲ့ဒီမှာရှာဖတ်ဖြစ်တယ် အတွေးတစကနေဖြစ်လာတာပေါ့၊ စာဖတ်တာနဲ့ပတ်သက်ပြီးနောက်တစ်ခုက ဆရာကြီးဦးရွှေအောင် ရေးသားသော စာဖတ်သူများ စာအုပ်ထဲက စာဖတ်သူသုံးမျိုးရှိတာ သွားသတိရမိတယ် ၊
၁၊စာကိုနောက်ကလိုက်၍ဖတ်သူ
၂၊စာကိုရင်ပေါင်တန်း၍ဖတ်သူ
၃၊ စာကိုကျော်၍ဖတ်သူ ဟုသုံးမျိုးခွဲထားတယ်၊
၁၊ နောက်ကလိုက်ဖတ်သူဆိုတာ စာရေးသူ စာရေးဆရာ၏ အာဘော်ဆိုလိုရင်းကို နာလည်
အောင် အတော်ဖတ်ပြီးမှနာလည်တာကို စာကိုနောက်ကဖတ်သူဟုခေါ်တာ၊
၂၊ရင်ပေါင်တန်း၍ဖတ်သူဆိုတာက စာရေးသူ၏အာဘော်တမ်းသိတာကိုဆိုလိုတာ၊
၃၊စာကိုကျော်၍ဖတ်သူဆိုတာက စာရေးသူ၏အာဘော်ထက် စာရေးသူဟာဘယ်အကြောင်းရာကိုအခြေခံပြီးတွေးတာရေးတာကအစသိတာပြောတာ၊ဒီလောက်ဆိုရင်စာရေးသူကလောင်သစ်သွေးမည့်ကျွန်တော်ဟာ စု တု ပြု့ အဆင့်သုံးခုမှာ စုနဲ့တင် အတော်ချာလပတ်ယမ်းတုန်းရှိသေးတယ်ဗျို့ အသင်စာချစ်သူတို့ကကော ဘယ်အဆင့်မှာလည်နေပြီလည်း။
တုတာက စာမှတ်ပြီးစုတာလိုမျိုးသိသာထင်ရှားမှုမျိုးတော့မရှိဘူး ၊စာအုပ်အမျိုးစားတရာလောက်ဖတ်ခဲ့တယ်ဆိုပါဆို့ ကိုနှစ်သက်တဲ့ ရေးဟန် ကိုယ့်ရင်ထဲမသိစိတ်က နှစ်သက်မိသော စာရေးဆရာ၏ ရေးသာပုံက စိတ်ထဲမှာကိန်းအောင်းသွားတယ် ၊အဒီစာရေးဆရာ၏ စာအုပ်တွေ ပိုများများဖတ်လေကိုယ့်ရဲ့ရေးဟန်က သူနဲ့ပိုတူလာလေ ၊အဲ့ဒီလိုမျိုး ကိုနှစ်သက်သောစာရေးဆရာ၏ရေးသားပုံနဲ့ မိမိ၏ရေးသားပုံတူနေတာကို တခါတလေကာယကံရှင်ကသတိမထားမိဘူး တခြားတယောက်ကသတိထားမိလို့ပြောမှ သိတယ်၊နောက်တစ်မျိုးတုပုံက ကိုယ်နှစ်သောစာရေးပုံကိုအလွတ်ကျက်တာ ဝါကျတစ်ခုဖြစ်စေ အခန်းတစ်ခုလုံးဖြစ်စေ ရအောင်ကျက်ပြီးရေးသားတာပေါ့ အဲ့ဒီလိုမျိုးက ကိုယ်ပိုင်ရေးဟန်မရခင် ကျင့်တဲ့သဘောပေါ့၊ ဆရာသော်တာဆွေ ဆိုရင် သူ့ဆရာ ဆ
ရာကြီးရွှေဥဒေါင်း၏စာတွေကို စာရေးဆရာဖြစ်ခါစက အလွတ်ကျက်တယ်လို့မှတ်သားဖူးတယ်၊ စာ စရေးမည့်သူတယောက်က ကိုယ်နှစ်သောစာရေးဆရာ၏ ဟန် ကိုကူးရေးတာ တု ပြီးရေးသားတာကို တု တယ်လို့ပြောစမှတ်ပြုကြတာပေါ့။
၃-ပြု့
ပြု့တဲ့အဆင့်ကတော့ ကလောင်စကိုင်မည့်စာရေးသူတစ်ယောက်ဟာ အတော်ခရီရောက်ခဲ့ပြီပြောရမှာပေါ့၊ စာရေးဆရာပေါင်းများစွား၏ စာတွေ အတွေးမြင်တွေကို အတော်လေ့လာဖတ်ရှု့ခဲ့ပြီး ကိုနှစ်သက်သော စာရေးဆရာ၏ဟန်ကိုလည်းပိုင်ခဲ့ပြီဆိုရမှာပေါ့၊
ကိုယ်ပိုဟန် ကိုယ်ပိုင်အတွေးခေါ်သစ်တွေနဲ့ စတင်ရေးသားခြင်းကို ပြု့တယ်လိုခေါ်ကြတာပေါ့။ ဒီမှာသတိထားရမှာတစ်ခုက ကိုနှစ်သက်လို့ တုပြီးရေးခဲ့သော စာရေးဆရာတို့၏ရေဟန် ကိုတက်နိုင်သလောက်ပယ်ရမယ်၊ လောင်ရိပ်အောက်ကထွက်ရမယ် လောင်ရိပ်မိနေရင် သစ်ပင်ကြီးအောက်မှာ လောင်ရိပ်မိနေသော အပင်ပေါက်လေးလိုပဲ သိပ်မရှင်သန်တော့ဘူး၊အဲဒါကြောင့် စာစရေးသူ(သို့မဟုတ်)စာရေးဆရာအသစ်ဟာ ကိုယ်ပိုင်အတွေး ကိုယ်ပိုင်ဟန်နဲ့ ကြိုးစားပြီးရေးနိုင်ကြပါစေ။
စာချစ်သူများကိုလေးစားလျက်
နွေဦးမောင် (ခေတ္တကိုရီးယား)
2024.9.5
Keep Reading