သော်ထက်ဇင်
ပထမတော့ ဒီမှာ စာရေးဖို့ အစီအစဉ် မရှိဘူး။
မေ့နေတာလည်း ကြာပြီ။
တယ်လီဂရမ်က တွေ့လို့
ကိုယ့်အကောင့်ထဲ ပြန်ဝင်ကြည့်တာ
Follower ၇ ယောက် ရှိနေတာ တွေ့လိုက်ရတယ်။
၇ ယောက်ကလည်း ပရိသတ်ပဲဆိုတော့
ဒီမှာ စာတင်ဖို့ ဆုံးဖြတ်လိုက်တယ်။
အဲဒီတော့ ကမ္ဘာ့ဗုဒ္ဓသာသနာပြုဆရာတော်
အဘိဓဇမဟာရဋ္ဌဂုရု အရှင်သေဋ္ဌိလရဲ့
ဝေဖန်ရေးနဲ့ ပတ်သက်တဲ့
ဒဿနတစ်ရပ်ကို တင်ပြချင်ပါတယ်။
ဆရာတော််က ဘယ်လိုပြောထားလဲဆိုတော့
ဝေဖန်တယ် ပိုင်ခြားတယ်ဆိုတာ
အဘိဓမ္မာတစ်ရပ်ကို တင်ပြတာပဲ။
အဲဒီတော့ ဝေဖန်ရေးဆိုတာ
အမှားကို ထောက်ပြတတ်ရုံနဲ့ မပြီးဘူး။
အမှန်နဲ့ အစားထိုးပြနိုင်မှ အသက်ဝင်တယ်။
အသက်ဝင်မှလည်း အသက်ရှင်တယ်။
ဗုဒ္ဓဝါဒီ ဒီနေ့ထိ အသက်ရှင်နေတာ
ဒီလို အသက်ဝင်လို့ပဲ။
ဒါက မိဂဒါဝုန်မှာ
မြတ်စွာဘုရား ချမှတ်ပေးလိုက်တဲ့ 'စံ'ပဲ တဲ့။
လိုတိုရှင်းပေမဲ့ တွေးရင် တွေးသလောက်
လိုက်နာရင် လိုက်နာသလောက်
အကျိုးများမဲ့ ဒဿနပါ။
ကျွန်တော်တို့တွေ သူများကို
ဝေဖန်ရုံပဲ မဝေဖန်ဘဲနဲ့
အမှန်နဲ့ပါ အစားထိုးပြတတ်မယ်ဆိုရင်
အမှားတွေ လျော့နည်းသွားမှာ အသေအချာပါပဲ။
Keep Reading