မောင်နိုင်အေး
ရှင်သန်ခြင်း…
လောကမှာ အမြဲအောင်မြင်ရှင်သန်နေဖို့အတွက် စတိုရီလေးတွေရှိတယ်…
- Nokia က Android ကို ငြင်းခဲ့တယ်…
- Yahoo က Google ကိုဝယ်ဖို့ ငြင်းခဲ့တယ်…
- Kodak က ဒီဂျစ်တယ်ကင်မရာ နည်းပညာတွေကို ငြင်းပယ်ခဲ့တယ်…
* အကျိုးဆက်က သူတို့တွေ ကျရှူံးခဲ့ရတယ်…
သင်္ခန်းစာက…
- အခွင့်အလမ်းရှိတုန်း ရယူထားပါ…
- ပြောင်းလဲဖို့ အသင့်ရှိနေပါစေ…
- အချိန်နဲ့တပြေးညီ မပြောင်းလဲနိုင်ရင် ကျန်ခဲ့မှာပါ…
————-
နောက်ထပ်စတိုရီလေးက…
- Instagram နဲ့ WhatsApp ကို Facebook ကဝယ်ခဲ့တယ်…
- အရှေ့တောင်အာရှက UBer ကို Grab ကဝယ်ခဲ့တယ်…
* အကျိုးဆက်က သူတို့တွေ ဆက်လက်အောင်မြင်ခဲ့ကြတယ်…
သင်္ခန်းစာက…
- ပြိုင်ဘက်ကို မိတ်ဖက်ဖြစ်အောင်လုပ်ပြီး ကိုယ့်ကိုယ်ကို အင်အားကြီးမားလာစေတာ…
- ယှဉ်ပြိုင်လာရနှိုင်ချေကို ရပ်တန့်စေပြီး ထိပ်ဆုံးသို့ တက်လှမ်းတာ…
- အမြဲဆန်းသစ်ဖန်တီးနေတာ…
———-
နောက်ဆုံးစတိုရီလေး ကျန်သေးတယ်…
- KFC ကြက်ကြော်ကို Colonel Sanders က အသက် ၆၅နှစ်မှ တည်ထောင်နိုင်ခဲ့တာ…
- အဲ့လိုပဲ KFC မှာ အလုပ်လျှောက်တာ မရခဲ့တဲ့ Jack Ma က Alibaba လုပ်ငန်းကြီးကို တည်ထောင်ပြီး ၅၅နှစ်မှာ အနားယူခဲ့တယ်…
သင်္ခန်းစာက…
- ဘယ်အသက်အရွယ်ဖြစ်ဖြစ် အရေးမကြီး…
- အစဉ်ကြိုးစားနေသူသာ အောင်မြင်မှာပါ…
———-
ဒါကြောင့်မို့…
- ရှူံးနိမ့်မှာကိုလည်း မကြောက်ပါနဲ့…
- ဘယ်သူ့ကိုမှ… ဘယ်တော့မှ… အထင်မသေးပါနဲ့… လျှော့မတွက်ပါနဲဲ့…
- နောက်ပြီးကိုယ့်ရဲ့တန်ဖိုးရှိတဲ့ အချိန်ကို အမြော်အမြင်ရှိစွာသုံးပါ…
#MgNaingAye
Keep Reading