First Light Insights
Action တစ်ခုစတင်ဖြစ်မြောက်လာဖို့ အပင်စပေါက်လာဖို့အတွက် emotion လို့ခေါ်တဲ့ စိတ်ခံစားမှု့တွေက အရင်ဦးဆောင်ပေးမှရတယ်။
စိတ်ခံစားမှု့တွေကနေမှ တဆင့် တကဲ့လက်တွေ့လုပ်ဆောင်မှု့ဆီရောက်သွားတာ။
Emotion မကောင်းရင် ဘယ်လို action မျိုးမှလုပ်ဆောင်ရတာမကောင်းဘူး။
(ကြားဖူးမှပေါ့ ငါဒီနေ့စိတ်ညစ်နေတယ်ကွာ ဘာမှမလုပ်ချင်ဘူးဆိုတာမျိုး)အဲ့ဒါ emotion မကောင်းတဲ့လက္ခဏာတစ်ခုပဲ။
တချို့တွေက emotion တော့ကောင်းတယ် action လုပ်ဆောင်မှု့ မှာကျတော့ ပြီးမြောက်အောင် ဆုံးခန်းတိုင်အောင် လုပ်မသွားနိုင်ဘူး မပြီးမြောက်ဘူး။
ဒါဘာကြောင့်လဲလို့မေးရင် သူ့မှာ emotion တော့ရှိပေမဲ့ ဘာကြောင့်ငါဒီဟာလုပ်နေရတာလဲဆိုတဲ့ reason အကြောင်းပြချက်ကောင်း မရှိဘူး။
Maybe လူအများလိုက်လုပ်လို့ လိုင်းကြောင်ပြီးလုပ်နေတာမျိုးလဲဖြစ်နိုင်တယ်။ နိုင်ငံရေးကြောင့်ရွေးခြယ်စရာမရှိလို့လဲဖြစ်နိုင်တယ်။ မိဘက တိုက်တွန်းမှု့ကြောင့်လဲဖြစ်နေနိုင်တာပဲ အခြေနေအမျိုးမျိုးတော့ရှိနိုင်တာပေါ့။
ငါဘယ်သွားမှာလဲ။ငါဘယ်လိုလူမျိုးဖြစ်ချင်တာလဲ။
ငါဘယ်လိုအရာမျိုးတွေလုပ်ရတာကြိုက်သလဲ။ဘယ်လိုအရာမျိုးတွေတော့ လုပ်ရတာမကြိုက်ဘူးလဲ။စတဲ့မေးခွန်းလေးတွေမေးကြည့်ပြီးကိုယ့်ကိုယ်ကို ရှာဖွေကြည့်ဖို့လဲလိုအပ်တယ်။
Emotion နဲ့ Reason နဲ့ကြားက အကြီးမားဆုံးခြားနားချက်ကအဲ့တာပဲ။
Emotion ကနေ action ဖြစ်လာဖို့တွက်
ဦးဆောင်ပေးတယ်။
Action တစ်ခု ဆုံးခန်းတိုင်ပြီးမြောက်ဖို့တွက် ခိုင်လုံကောင်းမွန်တဲ့ reason ကောင်းတစ်ခုကနေ
ဦးဆောင်ပေးမှပြီးမြောက်နိုင်တယ်။
လူသားတွေရဲ့ရွေ့လျားမှု့တွေဟာ စိတ်ခံစားချက်တွေအပေါ်မှာမူတည်နေတယ်။စိတ်ခံစားမှု့ပြောင်းသွားတာနဲ့ လုပ်ဆောင်မှု့တွေကလဲ လိုက်ပြောင်းကုန်ရော။
ဗုဒ္ဓကဟောခဲ့တဲ့ "နာမ်ကခိုင်းတာကို ရုပ်ကလုပ်နေတာ" ဆိုတဲ့ စကားနဲ့လဲကွက်တိပဲ။
#First_Light_Insights
https://t.me/fli6128/9
Keep Reading