Rubi
လောကကြီးမှာ သူများက ကိုယ့်ကို ကူညီပေးသည်ဖြစ်စေ၊ ကိုယ်က သူများကို ကူညီသည်ဖြစ်စေ ဘာမျှော်လင့်ချက်မှ မထားပါနဲ့ သည်လိုပဲ ချစ်ခြင်းတရားမှာလည်း ငါကတော့ ဒီလိုချစ်နေပေးလို့ သူလည်း ငါ့လို ချစ်နေပေးမှာပါလေလို့မထင်ထားပါနဲ့.. ကိုယ်မျှော်လင့်ထားသလို မဖြစ်လာတဲ့အခါ နာကျင်ရတာဟာ ကိုယ် ကိုယ်တိုင်ပါပဲ ချစ်ခြင်းတရားမှာတောင် ထပ်တူချစ်ခြင်းတရားဆိုတာ ရှိတော့ရှိပေမယ့် ယခုခေတ်မှ ပိုလို့တောင်ရှားလာပါသေးတယ်.. အကူ အညီပေးခြင်းသည်လည်း ထိုနည်းတူစွာပါပဲ ဘယ်သူ့ကိုမဆို ကူညီပေးလျှင် ပြန်ရလိုခြင်းမရှိတဲ့ စိတ်နှင့်သာ ကူညီမှုကိုပေးစွမ်းပါ အကူအညီပေးခြင်းကိုလည်း တွက်ချက်မထားပါနဲ့ ...ငါက ကူညီလို့ သူလည်း ငါ့ကို ပြန်ကူညီကို ကူညီရမယ်ဆိုတဲ့ ဥပဒေတွေ အမိန့်တွေ တာဝန်တွေ ဘယ်သူ့မှာမှ မရှိပါဘူး
ဒီသဘောတရားကို နားလည်ရင် ရခဲလှတဲ့ လူ့ဘဝကြီးဟာ နေရတာ ဒီလိုကိစ္စတွေမပူလောင်ရတော့ ပျော်စရာပါပဲ...ဒါကြောင့် ချစ်ခြင်းတရားပဲဖြစ်ဖြစ် အကူအညီပဲဖြစ်ဖြစ် လိုတာထက်ပိုပြီး ဘာမှ မမျှော်လင့်ပါနဲ့...🤍
ချစ်ရတဲ့ Rubi...🤍
Keep Reading