ညီညီ
အိမ်မက်တွေ အရမ်းများနေတယ်။
လမ်းပျောက် သလောက်ခံစားနေရတယ်။
တခါတလေကိုယ်နဲ့ ရွယ်တူသူငယ်ချင်းတွေသူတို့လုပ်ချင်းတာ တွေလုပ်နေတာ
မြင်ရင်စိတ်အားငယ်မိတယ်။ Japan ကိုN3ပြီးတဲ့လူနဲ့ ကျောင်းတွေတတ်နေကျတဲ့လူနဲ့ စီးပွားရေးလုပ်တဲ့သူတွေ အကြောင်းကိုတွေးရင် ကိုယ်ကိုကိုယ် အသုံးမကျတဲ့ကောင်ဆိုပြီးစဉ်းစားပြီး
အိပ်မပျော်တဲ့ညတွေအများကြီးရှိတယ်။ တယ်ကယ်ဆိုကျွန်တော်က ကိုယ်စိတ်ကိုမသိတဲ့လူဆိုတာပြန်စဉ်း
စားမိလာတယ်။
ညဘက်တွေရောက်လာရင် နာရီလက်တံရဲ့ အသံတွေနားထဲရောက်
လာရင်အိပ်မရတဲ့နေ့တွေအများကြီးဖြစ်ခဲ့တယ်။
ကိုယ်တိုင်ကတစ်ယောက်ထဲနေတာများပြီး psycho ဝင်သလိုဖြစ်နေတာဆိုတော့ ကိုယ့်ကိုကိုယ်အားငယ်ပြီးဘာလုပ်ရမလဲဆိုတာပဲစဉ်းစားရင် မွန်းကြပ်လာတယ်။
ကျွန်တော် ပြန်တွေးဖြစ်တယ် နောက်ပိုင်းမှာ ကျွန်တော်ဟာ ဘယ်မှမဟုတ်တဲ့ အရာတွေအပေါ်အာရုံ
ထားနေခဲ့မိတာတွေကို အားလုံးက ကိုယ့်
အတွေးတွေသာဖြစ်တယ်။
ကျွန်တော်အဒီအတွေးတွေဆက်မဝင်အောင်စဉ်းစားရင်သင်တန်း
တစ်ခုတွေ့ရင် တတ်လိုက်တယ်။
ကျွန်တော်ရဲ့ အတွေးတွေနဲ့ အစိတ်တွေကိုပြောင်းလဲစေတဲ့သင်တန်းတစ်ခုဖြစ်စေခဲ့တာအမှန်ပါ…။သင်တန်းကနေ အခြားလူနဲ့မနှိုင်းယှဉ်ပါနှင့်ဆိုတဲ့ ခေါင်းစဉ်ကလေးကနေ သင်ယူစရာတွေအများကြီးရလိုက်တယ်။သင်တန်း
နာမည်ကNLPသင်တန်းပါ။
ကျွန်တော်အဒီသင်ခန်းစာသင်ပြီး
နောက်ပိုင်းက စပြီးကြိုးစားဖြစ်ရင် အလုပ်တွေပိုလုပ်တယ်။
ကိုယ်ဖြစ်ချင်တာကိုရှာဖွေပြီး လုပ်ဖြစ်တယ်။
ညီညီပြောချင်တာက စာဖတ်သူတွေကို
ကြိုးစားဖို့ပါ အခြားသူတွေနဲ့ မနှိုင်းယှဉ်ဖို့ပါ။ လူတွေအမှားဆုံးအရာဟာ အခြားသူနဲ့နှိုင်းယှဉ်လို့ပါ။
က်ုယ့်လုပ်နိုင်တာကို အကောင်းဆုံးပဲကြိုးစားလုပ်ဖို့ပါ။
တစ်ခါတလေ အားငယ်တတ်ကျတာ ဟာသဘာဝပါမရင်ဆိုင်ပဲရှောင်ပြေးလို့မရတာ အမှန်ပါ။
“သင့် အရှုံးမပေးသရွေ့
ဘယ်တော့မှ မရှုံးပါဘူး
အိမ်မက်တွေကို သေချာ
ဂရုတစိုက် လုပ်ရင်
သင့် သေချာပေါက် အောင်မြင်လာမှာပါ။”
ညီညီ
https://t.me/Nyi_pome ညီညီရဲ့ channel လေးကိုလဲ join ပေးပါအုံးနော်။
Keep Reading