စာကြမ်းပိုး
ဒီ တစ်ပတ်အတွင်း ဖတ်ရ ကြုံရ ကြားရတဲ့အထဲက ကြိုက်နှစ်သက်မိသော စာစု/စကားစု တွေကို စုစည်းဖော်ပြလိုက်ပါတယ်။
ရှေးက အိုင်ချင်းတစ်ပုဒ်ထဲမှာ "စုန်မယ်ဆို စုန်မယ့်ရက် ဆက်ဆက်မဆို ၊ တီးသည့်စောင်းနှင့် လောင်းသည့်ကြက်ကို ပိုက်လို့ငို၊ မောင့်ကိုကုန်သွား ထည့်သလားတော် " ဆိုသည့် စာသား တွေ ဖတ်ရပါ၏။ မိန်းမသားတွေရဲ့ လှလိုက်တဲ့ ခံစားမှု။
ခင်ခင်ထူး
သျှောင်ပေစူး ၀တ္ထုတိုများ
စာမျက်နှာ ၁၉၆
ပျိုလေးတို့ အိမ်ခေါင်မိုးထိုးလာပါတဲ့
ပေဖူးလွှာ..မှ
??????????
ငါတို့ နမ့်ဆန်ရှိတယ်မှုတ်လား။ရှမ်းဘာသာနဲ့ နမ့်က ရေကိုပြောတာလေ..ဆန်ကတုန်တယ်ခေါ်သလား..၊ အေး..ရေတုန်တယ်..ပလောင်လို အုံးရဲလ်ခေါ်တယ်..၊ အုံးကရေ ..ရဲလ်ကတုန်တယ်။ ရေတုန်တဲ့မြို့...နမ့်ဆန်မြို့တည်ဖို့ငုတ်ပန္နက်ရိုက်တုန်းက မြို့မှာရှိသမျှရေတွေ တုန်သွားတယ်လို့အဖေပြောဖူးတယ်။
ခင်ခင်ထူး
သျှောင်ပေစူး ၀တ္ထုတိုများ
စာမျက်နှာ ၂၅၃
ကု..ကူ မှ
??????????
ပြင်ဦးလွင်မှာ အရွယ်နှင့်အမျှ အနေကြာလာခဲ့သည့်တိုင် ဆောင်းနှင်းမြို့ကလေး၏ ဆောင်းပသာဒကို ရိုးအီမသွားခဲ့။အေးလွန်း စက်လွန်းလှသော ပြင်ဦးလွင် ဆောင်းကိုမြိုင်ချစ်သည်။တွယ်တာသည်။မြတ်နိုးခုံမင်သည်ဆိုသည့် ခံစားမှုသာရှိသည်။
ခင်ခင်ထူး
ပန်းစည်းကြိုးမဂ္ဂဇင်း၀တ္ထုရှည်များ
စာမျက်နှာ၄၃ ၊ မြိုင်နှင့်ရဂုံ ..မှ
??????????
သူတော်ကောင်းများဟာ ဘာပဲလုပ်လုပ် ကောင်းကျိုးကို မျှော်ကိုးပြီးမှ လုပ်ကြကိုင်ကြတယ်။မကောင်းတဲ့ အကုသိုလ်အလုပ်လို့ထင်ရင် မလုပ်ကြဘူး။ငါ့သမီးလည်း သည်လိုပဲ။ကောင်းမယ်ထင်လို့ လုပ်ပြီးခါမှ မကောင်းတာဖြစ်လာလေခြင်းရယ်လို့ မဥပါဒ်မိစေနဲ့။နောင်လည်း ဘာကိုပဲလုပ်လုပ် ကောင်းတာကိုလုပ်။မကောင်းတာကို မလုပ်နဲ့။ဒါပဲဦးပဉ္စင်းကြီး မှာချင်တယ်။
ခင်ခင်ထူး
ပန်းစည်းကြိုးမဂ္ဂဇင်း၀တ္ထုရှည်များ
စာမျက်နှာ ၁၁၄ ၊ .ဂမ္ဘီရပန်းပွင့်များ.မှ
??????????
အရွယ်အမျိုးမျိုး ၊အလှအမျိုးမျိုး။မြေကြီးထဲက အညှောင့်ပေါက်စ နှစ်ရွက်သုံးရွက်ရှိသေးတဲ့ "ကျေးမြီး" အရွယ်လည်း ရှိတယ်။ထန်းလက်ငယ်ပေါ်လာတဲ့ 'လက်မျှော်" အရွယ်လည်းရှိတယ်။ဦးခေါင်းပြူလာတဲ့ "ဆင်ခြေပေါ်အရွယ်လည်းရှိတယ်။ထန်းပတ်တွေပတ်ဝိုင်းထားတဲ့ "သမီးလှ" အရွယ်လည်းရှိတယ်။ထန်းနို့ခိုင် ၊ထန်းသီးခိုင် မြိုင်မြိုင်ထွက်တဲ့ "ရည်ရ" အရွယ်လည်းရှိတယ်။ထန်းပတ်တွေစင်ပြီး ပင်လုံးချည်း ထီးတည်းဖြစ်လာတဲ့ "ပင်ထွတ်" အရွယ်လည်းရှိတယ်။အစုံပဲ။
ခင်ခင်ထူး
ပန်းစည်းကြိုးမဂ္ဂဇင်း၀တ္ထုရှည်များ
စာမျက်နှာ ၁၂၄၊ .မရိုးကောက်.မှ
??????????
ဂန္ထ၀င်ဆိုတာကတော့ ခေတ်အဆက်ဆက်မှာ ဘယ်အနုပညာမှာပဲဖြစ်ဖြစ် ဈေးပေါပေါနဲ့ အများကြီးရောင်းရတဲ့ ခုမြင် ၊ ခုပျောက် ရောင်းကုန်ပစ္စည်းမျိုးတော့ မဟုတ်ဘူးပေါ့ ဒေါ်ကျည်းရယ်။ ကမ္ဘာတည်သရွေးခိုင်မြဲပြီး တန်ဖိုးမဖြတ်နိုင်အောင် တစိမ့်စိမ့် အရသာရှိနေတဲ့ အနုပညာမျိုးမဟုတ်လား။ငွေရေးကြေးရေးနဲ့ တွက်ရင်တော့ ရှုံးတာပေါ့။အနုပညာ သိက္ခာအနေနဲ့ကတော့ ဘာမှမယှဉ်သာပါဘူး။
နုနုရည်အင်း၀
ရွှေဖီဖူးပေါ်ရော့မယ်လေလေမေ့ရက်ကယ်နေနိုင်တယ်
စာမျက်နှာ ၄၆ ၊ ညိုလဲ့ငယ်ဖြူပြာရောင်..မှ
??????????
ဇာတ်ခုံပေါ်မှာ မင်းသားကိုဖြစ်ဖြစ် ၊ မင်းသမီးကိုဖြစ်ဖြစ် ၊ သူနှိပ်စက်နေတုန်း ရက်စက်နေတုန်းမှာ သူ့ဒလံက အောက်ကနေပြီးတော့ ပြောင်းဖူးရိုးတို့ ၊ဆီးစေ့တို့ ၊ စက္ကူစုတ်လုံးတို့နဲ့ပေါက်ပေးရတယ်။သူကအပေါ်က ပိုပြီး နှိပ်စက်ပြ၊ အောက်က ဒလံကပေါက်နဲ့ ဘေးပရိသတ်ကပါ စိတ်ပါပြီးဝိုင်းပေါက်ကြတာပေါ့။တချို့ဆို ခဲတွေဘာတွေနဲ့ပေါက်လို့ထိပြီး သွေးတွေဘာတွေတောင်ကျတယ်။ကျပါစေ။အဲ့ဒါသူ့ရဲ့ အောင်မြင်မှုပဲ။
နုနုရည်အင်း၀
ရွှေဖီဖူးပေါ်ရော့မယ်လေလေမေ့ရက်ကယ်နေနိုင်တယ်
စာမျက်နှာ ၂၀၆ ၊ အမွေခံ..မှ
??????????
Keep Reading