Sandi Cho
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိဘူး။
ကိုယ့်ကိုယ်ကိုယ်အထင်သေးတယ်။
စိုးရိမ်စိတ်တွေအရမ်းများပြီး အကြောက်တရားနဲ့ရှင်သန်တယ်။
လူတစ်ယောက်ကို healthy ဖြစ်ဖြစ်ဘယ်လိုချစ်ရမလဲဆိုတာလည်းမသိဘူး။
တစ်ခြားသူတွေနဲ့အမြဲနှိုင်းယှဉ်ပြီး ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်မိတယ်။
⌕...အဲလိုစိတ်တွေဖြစ်နေရင် ငါဘာလို့အဲလိုတွေဖြစ်နေတာလဲလို့စဉ်းစားမိဖူးလား...?
❒ အဲလိုစိတ်တွေဟာ ကိုယ်ရဲ့ childhood trauma ကနေလာတယ်။Childhood trauma တွေက အမျိုးမျိုးသောအဖြစ်အပျက်တွေကနေရနိုင်တယ်။ဒါပေမယ့် အဲဒီ Childhood traumaတွေကို အများဆုံးဖြစ်စေခဲ့တဲ့သူတွေက မိဘတွေကိုယ်တိုင်ပဲ။
❒ အမေက သူရဲ့ကလေးကို နင်အသုံးမကျလိုက်တာလို့ပြောလိုက်ရင် ကလေးရဲ့ မသိစိတ်ထဲမှာ အဲအတိုင်းပဲမှတ်တယ်။ကလေးတွေမှာ အမှန်အမှားဆုံးဖြတ်နိုင်စွမ်းအားနည်းတယ်။အဲဒီကလေးကြီးလာတဲ့အခါ ဘယ်နေရာမှာဖြစ်ဖြစ် ငါအသုံးမကျဘူး။ငါညံတယ်ဆိုတယ်စိတ်ဟာ သူကိုယ်တိုင်တောင်မသိပဲနဲ့ သူရဲ့မသိစိတ်ထဲမှာ ကပ်ပါးကောင်လိုတွယ်ကပ်နေတာ။အဲအချိန်မှာ ဘာလုပ်လုပ်ယုံကြည်မှုမရှိတော့ဘူး။ဘာလုပ်လုပ် သူကိုယ်သူအားမရဘူး။
❒ ချိုတို့အားလုံးလိုလို ကြုံဖူးကြလိမ့်မယ်။ချိုတို့ရဲ့ ငယ်ဘ၀မှာ တစ်ခြားသူတွေနဲ့နှိုင်းယှဉ်ပြီး ပျိုးထောင်ခံခဲ့ရတာတွေ၊တစ်ခုခုအမှားလုပ်မိတာနဲ့ အဆူခံခဲ့ရတာတွေ ၊အကြောက်တရားနဲ့ပျိုးထောင်ခံခဲ့ရတာတွေရှိတယ်။အဲစိတ်တွေက ချိုတို့ကိုမသိမသာကပ်ပါလာတယ်။ကြီးလာတဲ့အထိ သူ များနဲ့နှိုင်းယှဉ်ခံခဲ့ရတဲ့ကလေးက သူကိုယ်သူအမြဲတမ်းသူများနဲ့ နှိုင်းယှဉ်ပြီး စိတ်ပျက်လာတယ်၊အားငယ်လာတယ်။အကြောက်တရားနဲ့ ပျိုးထောင်ခံခဲ့ရတဲ့ကလေးက အမှားလုပ်မိမှာကြောက်တယ်။perfectမဖြစ်မှာကြောက်တယ်။
❒ မိဘတွေဟာကလေးတွေကို အချစ်မေတ္တာနဲ့ မပျိုးထောင်ပဲ လောဘနဲ့ပျိုးထောင်ကြတယ်။
❒ အရိပ်၀တ္ထုထဲကစကားတစ်ကြောင်းလိုပဲ“အချစ်မခံရတဲ့ကလေးဟာ ဘယ်လိုချစ်ရမလဲမသိဘူးတဲ့”။အဲစကားဟာအရမ်းမှန်တယ်။ငယ်ဘ၀ကအတွေ့အကြုံတွေဟာ လူကြီးဖြစ်တဲ့အထိ ချိုတို့သတ်ရောက်မှုရှိတယ်။
❒ ဥပမာပေးရရင် ချိုသူငယ်ချင်းရဲ့ အဒေါ်တစ်ယောက်က အရမ်းအာရုံစိုက်ခံချင်တယ်။အဲတော့သူကသူအပေါ်အာရုံစိုက်လာအောင် သူမိသားစုကိုအရမ်းလွှမ်းမိုးတယ်။အဲဒါသူအပြစ်လို့လည်းပြောလို့မရပြန်ဘူး။သူငယ်ဘ၀မှာ သူအမေက သူကိုဂရုမစိုက်ခဲ့ဘူး။သူရဲ့မောင်ကိုပဲ အလေးပေးခဲ့တယ်။အဲဒါကြောင့် သူကြီးလာတဲ့အထိ သူမရဲ့မသိစိတ်ထဲမှာ ဂရုစိုက်ခံချင်တယ်စိတ်ဟာကပ်ပါလာတယ်။သူလိုမျိူး ကိုယ်ရဲ့ စိတ်ဒဏ်ရာတွေကို မျိုးဆက်တစ်ခုပြီးတစ်ခုလက်ဆင့်ကမ်းပေးနေရင် ချိုတို့အနေနဲ့ အမှိုက်တောထဲကထွက်နိုင်မယ်မထင်ဘူး။အဲဒါကြောင့် ကိုယ်အနေနဲ့ ကိုယ်ရဲ့ trauma တွေကို ကိုယ်ဆီမှာပဲ ရပ်လိုက်ဖို့လိုပါတယ်။
❒ ကလေးတွေကို ကြင်နာစွာနဲ့ သေချာချာဂရုစိုက်ပျိုးထောင်ပေးဖို့လိုတယ်။မိဘတိုင်းကတော့ ကိုယ်သားသမီးကို တော်စေချင်၊တတ်စေချင်ပြီး အကောင်းဆုံးဘ၀ကိုရစေချင်ကြတာပါပဲ။ဒါပေမယ့် ကိုယ်ဘယ်လိုနည်းလမ်းတွေနဲ့ ပျိုးထောင်နေလဲဆိုတာကိုတော့ ပြန်သုံးသပ်စေချင်တယ်။
❒ အမှားတွေကို အပြစ်တင်မယ့်အစား အဲအမှားတွေကနေ သင်ခန်းစာလေးတွေသင်ပေးလို့ရတယ်။ positive စကားလုံးလေးတွေပြောပေးဖို့လိုတယ်။သူဘယ်လောက်တော်ကြောင်း ချီးကျူးပေးဖို့လိုတယ်။သူရဲ့လုပ်နိုင်စွမ်းကို ကန့်သတ်မထားပဲ အသိအမှတ်ပြုပေးဖို့လိုတယ်။ကိုယ့်သားသမီးကို ကိုယ်ကိုယ်တိုင်က ချစ်ခင်ပေး၊လေးစားပေးမှ သူတို့ကိုယ်သူတို့ ပြန်ချစ်တတ်ပြီးလေးစားတတ်မှာပါ။
#SandiCho
#Childhood_Trauma
Keep Reading