Thar Htoo-Be Unique
3rd world နိုင်ငံတွေမှာ
ကြီးပြင်းလာတဲ့
လူငယ်တွေအနေနှင့်
ရောင့်ရဲတင်းတိမ်ကြတာများတယ်။
ရှင်သန်မှုအတွက်ရပ်တည်နိုင်ရင်
အိပ်မက်တွေအကြီးကြီး
မက်ဖို့ မတွေးဖြစ်တော့ဘူး...
အကြောင်းက ဘေးမှာ
ရှင်သန်ဖို့ခက်ခဲသူတွေများလို့
အနည်းဆုံးအသက်ရှင်နေနိုင်ပြီး
စားသောက်စရာရှိရင်ကို
အတော်ဟန်ကျနေပြီးလို့မြင်နိုင်တယ်။
ဒါလည်းမမှားဘူး...။
တစ်ဖက်မှာလည်း ငြိမ်းချမ်းရင်
လူတွေပျော်ကြပြီး အိမ်နှင့်နီးရာမှာပဲ
နေကြမယ်လို့တွေးကြတယ်...။
ဒီရဲ့ ဆန့်ကျင်ဘက်က ဘူတန်နိုင်ငံက
ကမ္ဘာ့အပျော်ရွှင်ဆုံးနိုင်ငံ၊
ပြဿနာနည်းပေမဲ့ လူငယ်တွေ
နိုင်ငံခြားအလုံးအရင်းထွက်ကြတယ်...။
အကြောင်းက အလားအလာတွေ
တုံ့ဆိုင်းသွားကြလို့...
ခေတ်သစ်နှင့်မထိတွေ့ရလို့...။
လောကုတ္တရာအတွက်
မဟာအခွင့်အရေးနေရာဖြစ်ပေမဲ့
လောကီမှာ တိုးတက်မှုရဲ့အရသာကို
ခံစားစံစားချင်ကြသေးတယ်...။
ဒါဟာလည်းဖြစ်သင့်တယ်လို့မြင်တယ်...။
နောင်ဘ၀က ကြိုတင်မမြင်ရလို့...။
မည်သို့ဆိုစေ
မျှတပြီး လုပ်နိုင်တဲ့အစွမ်းကို
ချဲ့ထွင်နိုင်ဖို့ စွန့်စားလိုစိတ်လေးတွေကိုတော့
သွေးယူနိုင်လေကောင်းလေလေပါပဲ...။
ကျွန်တော်ကိုယ်တိုင်လည်း
ကိုယ့်ကိုယ်ကိုပြန်မေးတယ်...။
'ငါလုပ်နိုင်တာ ဒီလောက်ပဲလား?' ဆိုပြီး...။
ငယ်စဥ်က အခြေခံလိုအပ်ချက်တွေ
တင်ပြည့်ကျပ်ပြည့် မရခဲ့လို့
တိုးတက်ရမဲ့အရာတွေက
ကိုယ်နဲ့မဆိုင်သလို
အတွေးတွေကြီးစိုးခဲ့တယ်...။
တောင်းတတိုင်းလည်း မရတာတွေရှိလို့
လုပ်လည်းဖြစ်မှာမဟုတ်တဲ့
အယူအဆတွေကို ဆုတ်ကိုင်ထားမိခဲ့တယ်...။
စနစ်ကြောင့်လည်းဖြစ်မှာမဟုတ်လို့
အဲ့ဒီအရာကို ပုံကြီးချဲ့ထားနေမိတယ်...။
အခုတော့တစတစ အလုပ်မဖြစ်တာတွေကို
လွတ်ချနေမိတယ်...။
Quantum Jump လေ့ကျင့်ခန်းတွေ
လုပ်လာဖြစ်ပြီး Identity ဟာအကျုံ့အချဲ့
အပြောင်းအလဲလုပ်လာနိုင်စွမ်းရှိတာကို
ကိုယ်တိုင်လည်းလေ့ကျင့်မှုအချို့
လုပ်လာနိုင်လို့ လက်ခံလာဖြစ်တယ်...။
တော်ရုံနဲ့ ပေကပ်တဲ့အထဲပါလို့
မြန်မြန်မသွားဘဲ နှေးတဲ့ထဲပါတယ်။
Growth-တိုးတက်မှုဟာ
အမြန်လမ်းမဟုတ်တာကို ယုံကြည်နေဆဲပဲ၊
အပြင်သဏ္ဍာန်က ခဏလေးပြောင်းနိုင်ပေမဲ့
အတွင်းကျကျ ကိုယ်ရောစိတ်ပါပြောင်းလဲဖို့က
အချိန်ကာလတစ်ခုထိ လေ့လာပြီး
လေ့ကျင့်နေထိုင်လာဖြစ်မှ
အရွေ့လုပ်နိုင်တာကိုသိလာတယ်...။
လူ့စိတ်က ဒရာမာခင်းချင်တဲ့ သဘာ၀ပါလာလို့
အဲ့ဒီအရာတွေကို ခဏခဏပုံပြင်မပြောမိအောင်
သတိကပ်ဖြစ်လာတယ်...။
သင်ယူစရာများကြားထဲ ပိုကောင်းတဲ့
unknown-မသိသေးတဲ့နယ် ထဲမှာ
ရုပ်လုံးလေးပေါ်လာအောင်
ဖန်တီးပုံဖော်ဖြစ်လာတယ်...။
@TharHtooBeUnique
@BUNIQCoaching
www.tharhtoobeunique.com
Keep Reading