မောင်ဘုန်းမြင့်(သဘာဝ)
လူတွေပြောတာက ပထမအရွယ်မှာ ပညာရှာ၊ ဒုတိယအရွယ်မှာ ဥစ္စာရှာ၊ တတိယအရွယ်မှာ တရားရှာတဲ့...။
တကယ်လို့ ပထမအရွယ်မှာ ပညာရှာနေတုန်း ပြန်သွားရရင် ဘယ်လိုလုပ်မလဲ...။
နောက်ပြီး တရားမပါတဲ့ပညာနဲ့ ဒုတိယအရွယ်မှာဥစ္စာရှာနေရင် လူအပါအဝင် သတ္တဝါတွေအတွက် ကောင်းကျိုးသယ်လာမလား...။
ပထမအရွယ်ပညာရှာနေတုန်းမှာ ပြန်သွားရရင် တရားမပါတဲ့ပညာနဲ့ ပြန်သွားရမှာပေါ့...။
တရားမပါဘဲပြန်သွားရတော့ နောက်ဘဝမှာကောင်းဖို့မရှိဘူးပေါ့...။
နောက်ပြီး တရားမပါတဲ့ပညာနဲ့ ဒုတိယအရွယ်မှာဥစ္စာရှာတော့ မဖြစ်သင့်၊ မဖြစ်ထိုက်တာတွေ ဖြစ်သွားတာပေါ့...။
အခုခေတ်ကိုပဲကြည့်ကြည့်လေ...တရားမပါတဲ့ပညာတွေနဲ့ဥစ္စာရှာသူတွေပေါများနေလို့ လူအများဒုက္ခခံနေကြရတာ...။
တရားမသိတဲ့ပညာတက်တွေကြောင့် လူအများဒုက္ခကိုခံစားနေကြရတာလေ...။
အဲ့တာကြောင့် တရားရှာရမဲ့အရွယ်ဟာ တတိယအရွယ်တစ်ခုတည်မဟုတ်ပါဘူး...။
ပထမအရွယ် ပညာရှာနေတုန်းမှာလည်း ပညာကို တရားနဲ့တွဲရှာပါ...။
တကယ်လို့ ပထမအရွယ်မှာမပြန်ရသေးဘူး...ဒုတိယအရွယ်ထိရောက်လာတယ်ဆိုရင်လည်း ဒုတိယအရွယ် ဥစ္စာရှာနေတုန်းမှာလည်း ဥစ္စာပစ္စည်းကို တရားနဲ့တွဲရှာပါ...။
တကယ်လို့ ကိုယ်က ဒုတိယ အရွယ်မှာလည်းမပြန်ရသေးဘူး...တရားရှာရမဲ့တတိယအရွယ်ထိရောက်လာတယ်ဆိုရင်တော့ ကျန်အရွယ်တွေထက် တရားကိုပိုရှာပေါ့...။
မိမိကိုယ်တိုင်လည်းအရွယ်မရွေးဘဲ တရားရှာနေသူ၊ အခြားသူတွေကိုလည်း တရားရှာအောင်ပြောနိုင်တဲ့သူတွေဖြစ်ကြပါစေ...။
မောင်ဘုန်းမြင့်(သဘာဝ)
မှတ်ချက် ။ ။ ယခုစာစုသည် စာရေးသူ၏အတွေးအမြင်သာဖြစ်ကြောင်းသိစေလိုပါသည်။
#မောင်ဘုန်းမြင့်_သဘာဝ #maungphonemyint_nature #စာတို #စာစု #အတွေးစ
Keep Reading