Thuta Sharing
အလေ့အကျင့်ကောင်းတွေကို တည်ဆောက်ဖို့အတွက် D သုံးလုံးလိုအပ်ပါတယ်။ အဲဒါတွေကတော့ (၁) Decision (ဆုံးဖြတ်ချက်)၊ (၂) Discipline (စည်းကမ်းလိုက်နာမှု)၊ (၃) Determination (စိတ်ဓာတ်ကြံ့ခိုင်မှု) တို့ဖြစ်ပါတယ်။
Decision ဆိုတာက အလေ့အကျင့်တစ်ခုကို မတည်ဆောက်ခင်မှာ ကိုယ်ဘာဖြစ်ချင်တယ်ဆိုတာကို ခိုင်ခိုင်မာမာ ဆုံးဖြတ်ချက်ချခြင်းကို ဆိုလိုတာပါ။ နံပါတ်နှစ်အချက်ဖြစ်တဲ့ Discipline ဆိုတာကတော့ ဒီအလေ့အကျင့်တွေ အသားမကျသေးခင်မှာ ကိုယ့်ကိုယ်ကိုယ် တာဝန်ယူပြီး စည်းကမ်းရှိရှိနဲ့ ထပ်ခါထပ်ခါ လေ့ကျင့်ဖို့ဖြစ်ပါတယ်။ နံပါတ်သုံးအချက်ဖြစ်တဲ့ Determination ဆိုတာကတော့ ဒီအလေ့အကျင့်တွေ ကိုယ့်ရဲ့ပင်ကိုယ်စရိုက်လို ဖြစ်မလာမချင်း ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာနဲ့ ကြိုးစားဖို့ဖြစ်ပါတယ်။
"Practice makes perfect" ဆိုတဲ့စကားဟာ အလကားမဟုတ်ပါဘူး။ သန်မာလာတဲ့ကြွက်သားတစ်ခုဟာ လေးလံကြီးမားတာတွေကို ချီမနိုင်လာပါတယ်။ အလားတူ သန်မာလာတဲ့စိတ်ကလည်း အလုပ်တွေအများကြီး ပိုလုပ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ ကြွက်သားတွေသန်မာချင်တယ်ဆိုပြီး Gym မကစားလို့တော့ မရပါဘူး။ သင့်စိတ်မှာ အောင်မြင်ရေးအလေ့အကျင့် (Success Habits) တွေကို ကြိုးစားတည်ဆောက်မယ်လို့ ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာ ချမှတ်ဖို့လိုပါတယ်။
ကျွန်တော့်ရဲ့ telegram channel မှာ အခမဲ့စာအုပ်တွေအပြင် productivity အတွက် အလွန်အသုံး၀င်တဲ့ toolsတစ်ခုဖြစ်တဲ့ Notionအသုံးပြုပုံတွေ Notiom template တွေကိုအခမဲ့ တင်ပေးမှာဖြစ်လို့ အခုထဲက joinထားဖို့ပြောချင်ပါတယ်.
Channel link👇
https://t.me/thutasharing
Keep Reading