မောရိသျှ
“ကိုယ့်အားနဲ့ကိုယ် လမ်းမလျှောက်နိုင်တော့ဘဲ သူများကျောပေါ်ကနေ ခိုစီးပြီး လိုက်နေရတဲ့ အခြေအနေမျိုးရောက်သွားခဲ့ရင် ငါဘယ်လိုလုပ်ပြီး ဒီအခြေအနေမျိုးထိရောက်အောင် နေမိတာလဲလို့ ကိုယ့်ကိုယ်ကိုယ် မေးခွန်းပြန်ထုတ်ကြည့်ပါ” လို့ တပဓမ္မအတွေးအခေါ်ပညာရှင် ဆေဏိကက သူ့ရဲ့မိတ်ဆွေကြီး လူစီးလီးယုစ်ဆီကို စာရေးပို့ဖူးပါတယ်။ ဟုတ်လည်း ဟုတ်ပါတယ်။ အဲဒီလို တွေးကြည့်သင့်တယ်ဗျ။
ကိုယ့်အခြေအနေက ဘယ်လိုအနေအထားကို ရောက်နေပြီလဲ၊ ဘယ်လိုလုပ်ပြီး လက်ရှိအခြေအနေကို ရောက်သွားတာလဲ။ သေချာသလောက် လူအများစုမှ အဖြေမရှိဘူးဗျ။
ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကိုယ် အဲဒီလိုမေးခွန်းမျိုးနဲ့ အမြဲဆန်းစစ်လေ့ရှိတယ်။ “ငါဒီအခြေအနေကို ဘယ်လိုလုပ်ပြီး ရောက်နေတာလဲ” ဆိုပြီးတော့ပေါ့။ ကျွန်တော်လည်း အစောပိုင်းတုန်းက ဖြေစရာမရှိ ဝေလည့်ကြောင်ပတ်ဖြစ်ခဲ့ဖူးတယ်။ အသက်နှစ်ဆယ်တုန်းကဆိုရင် ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်ဖို့ မပြောနဲ့၊ ဆုံးဖြတ်ချက်ချရင်တောင် ပြီးပြီးရော လုပ်ခဲ့တာရယ်။ ပြောရရင် ဆေဏိက ပြောသလိုမျိုး ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်တဲ့အထိ ရောက်တောင် မရောက်နိုင်ခဲ့ဘူး။ အတွေးများသွားပြီး စိတ်ကူးယဉ်တာတွေနဲ့ပဲ ဆုံးသွားရတာများတယ်။
တကယ်တမ်းလည်း ကျွန်တော်ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်နိုင်တဲ့ ရင့်ကျက်မှုတွေ ရှိသွားတဲ့အချိန်ကျတော့ အရာအားလုံးက လွန်ပြီးသွားခဲ့ပြီ။ နောင်တတွေရော၊ သတိသံဝေဂတွေရော အများကြီးပဲ။ နောက်မှရတဲ့ နောင်တ ဘာမှလုပ်မရဘူးဆိုတာ သိပ်မှန်တယ်ဗျ။ တကယ်ကို ဘာမှ လုပ်လို့ မရတော့ဘူး။ ကျွန်တော် တစ်ယောက်တည်း အဲဒီလို ဖြစ်တာတော့ မဟုတ်ဘူးဗျ။ “ဒီအလုပ်ကို ဘယ်လိုလုပ်ပြီး လုပ်ဖြစ်သွားတာလဲ” ဆိုပြီး လူတွေ မေးလေ့ရှိကြတယ်၊ ကျွန်တော့်ကိုသာ အဲဒီလို မေးလာခဲ့ရင် ကျွန်တော်ကတော့ “မသိဘူးဗျာ ဒီအတိုင်းပဲ” ဆိုတဲ့ အပေါ်ယံအဖြေလောက်ပဲ ပေးနိုင်တော့တယ်ဗျ။ တကယ်လည်း ဒီအတိုင်းပဲ။ ဘဝကြီးရဲ့ ရေစုန်အတိုင်း မြင့်တစ်ခါ နိမ့်တစ်လှည့် လုပ်မိလုပ်ရာ လုပ်ရင်း အမှားတွေကနေ သင်္ခန်းစာယူပြီး မှန်လောက်လေမလား လက်တည့်စမ်းရင်းနဲ့ ဒီလက်ရှိ အခြေအနေကို ရောက်လာခဲ့တာဗျ။
အောင်မြင်သူတွေကို သွားမေးလည်း ဒီလိုပဲ ဖြေလိမ့်မယ်။ ဒီလိုဖြစ်ချင်လို့ ဒါမျိုး လုပ်ခဲ့တာဆိုပြီး ဖြေကြမယ့်အစား၊ ဒီအတိုင်း လက်တည့်စမ်းရင်း လမ်းကြောင်းပေါ်လာလို့ ပေါ်လာတဲ့ လမ်းကြောင်းပေါ် ဆူးခလုတ်တွေ ရှောင်နိုင်သလောက် ရှောင်ရင်း ဒီအခြေအနေကို ရောက်လာခဲ့တာပါလို့ ဖြေကြလိမ့်မယ်ဗျ။
နောင်တတွေကော မရှိဘူးလားလို့ မေးကြည့်၊ တကယ်ကြိုးစားခဲ့ဖူးတဲ့သူမှန်ရင် ဘယ်လို ဖြေမယ်ထင်လဲ။ ရှိတာပေါ့။ အများကြီးပဲ။ ပြန်မတွေးချင်လောက်အောင်ကို အများကြီး ရဖူးတယ်လို့ ဖြေကြလိမ့်မယ်။ အလုပ်လုပ်တဲ့သူမှန်ရင် အမှားများစွာ လုပ်ဖူးတယ်ဗျ။ လောကမှာ အမှားကင်းတဲ့သူဆိုလို့ အလုပ်လက်မဲ့သူပဲရှိတာ။
အောင်မြင်မှုဆိုတာက ရည်မှန်းထားတဲ့အတိုင်း လျှောက်လှမ်းနိုင်လို့ ရလာတဲ့ အကျိုးဆက် မဟုတ်ဘူးဗျ။ လက်တည့်စမ်း စွန့်စားပြီး အမှားများစွာနဲ့ တည်ဆောက်ထားလို့ ရလာတဲ့ အကျိုးရလဒ်လေးဗျ။ ကျွန်တော့်အဖေဆိုရင် အလုပ်တွေ အများကြီး လုပ်ဖူးတယ်။ ရထားတာက အင်ဂျင်နီယာဘွဲ့။ တကယ်တမ်း အလုပ်ဝင်တော့ အဝတ်လျှော်တဲ့ လုပ်ငန်း။ အပိုအလုပ်အဖြစ် လုပ်ဖြစ်တော့လည်း ဆေးရုံတွေနဲ့ ကျန်းမာရေးဆေးခန်းတွေအတွက် သီးသန့် လျှော်ဖွတ်ပေးတဲ့အလုပ်။ အစကတော့ ဝန်ထမ်းပေါ့။ အခု အဲဒီနယ်ပယ်မှာ ကိုယ်ပိုင်ကုမ္ပဏီနဲ့ လုပ်ငန်းရှင်ကြီး ဖြစ်သွားပြီ။
သူတောင် သူ့ကိုယ်သူ ဒီလို လုပ်ငန်းရှင်ကြီး ဖြစ်လာလိမ့်မယ်လို့ မတွေးထားဘူးဗျ။ သူကြီးလာရင် ကုမ္ပဏီတစ်ခုမှာ အင်ဂျင်နီယာလုပ်ပြီး သက်ပြည့်ပင်စင်နဲ့ ဘဝဆုံးမယ်လို့ပဲ သူထင်ထားခဲ့
Unlock to read this premium article with 100 points.