Reviews by Benevolent
လူဆိုတာက မတတ်သာလို့သာ လိုအင်ဆန္ဒတွေကို ချုပ်တည်းထားကြရတာ၊ အခွင့်အရေးရလာပြီးဆို ကောင်းကောင်းစားချင်၊ ဝတ်ချင်၊ နေချင်၊ သုံးချင်၊ စွဲချင်ကြတာ သဘာဝပါပဲ။ ဒါကြောင့် စီးပွားရေး အခွင့်အလမ်းကောင်းမျိုးကို မျှော်လင့်တောင့်တ ကြတယ်။
ဈေးကွက်စီးပွားရေး ခေတ်ကြီးထဲမှာ စီးပွားရေးကို စိတ်ဝင်စားသူတွေ အများအပြားရှိလာတယ်၊ စီးပွားရေးနဲ့ ပတ်သတ်ပြီး ဆရာမင်းလူက အလွန်လာဘ်မြင်ပြီး အလွန်ပါးနပ်တဲ့ သူငယ်ချင်း စိန်ကြောင် ကို "သူငယ်ချင်းတစ်ယောက်အကြောင်း" စာအုပ်နဲ့ ဂုဏ်ပြုထားခဲ့တယ်။ ကျွန်တော် ဖတ်ခဲ့ဖူးတယ်၊ ဇာတ်ကောင်အမြင်ကို လက်တွေ့ဘဝဟာသတွေ့ နဲ့ ဖတ်ရတာ သဘောကျတယ်။ အခုစာမျက်နှာက ၁၅၃ သာပါတဲ့ ဒီစာအုပ်မှာလည်း သူငယ်ချင်း စိန်ကြောင်ကို တစ်ထောင့်တစ်နေရာ မှ ပြန်လည် အသုံးတော်ခံထားပြန်တယ်။ ဒီစာအုပ်ကို ဖတ်ချင်ခဲ့တာ စိန်ကြောင်နဲ့ ပြန်ဆက်သွယ်ရခချင်လို့ ဖတ်ခဲ့တာ ဆိုရင် ပိုမှန်လိမ့်မယ်။ စိန်ကြောင် ဆိုလိုက်တာနဲ့ အသားညိုညစ်ညစ်၊ မျက်နှာမှာ ဝက်ခြံဗရပျစ်၊ ခေါင်းတုံးဆံတောက် နှင့် ကွမ်းလေးတမြုံ့မြုံ့လုပ်ရင်း အကြံထုတ်နေတတ်တဲ့ လူတစ်ယောက် လို့ မြင်မိလိမ့်မယ်။
ဆရာမင်းလူက စီးပွားသမား မဟုတ်ခဲ့ပေမယ့် ဖြတ်သန်းခဲ့ရတဲ့ ပတ်ဝန်းကျင်က စီးပွားရေးသမား တွေနဲ့ ထိတွေ့ခဲ့ဖူးတယ်။ လက်တွေ့စီပွားရေးသမား သူငယ်ချင်းတွေနဲ့ပတ်သက်ပြီးလေ့လာခဲ့၊ မှတ်ထားခဲ့၊ သုတေသန လုပ်ထားတာတွေ ၊ သူတို့ထံမှ ကိုယ်ပိုင်ထွက်လာကြတဲ့ စီးပွားရေးသီအိုရီတွေကို စာအုပ်တစ်အုပ်အနေနဲ့ ပြန်ထုတ်ထားတာဆို ပိုမှန်လိမ့်မယ်။
စာအုပ်ထဲက အကြောင်းအရာများက စီးပွားရေးပညာပေးလည်း မဟုတ်၊ ကြီးပွားရေးလမ်းညွှန်ချက်၊ တက်ကျမ်းတွေလည်းမဟုတ်ပြန်၊ စီးပွားရေးနှင့် ပတ်သက်ပြီး တွေ့ကြုံဖူးတာလေးတွေ ၊ ဖတ်မှတ်ဖူးတာလေးတွေ၊ တွေးတောမိတာ လေးတွေ ၊ခံစားမိတာလေးတွေကို စာရေးသူက တင်ပြထားခြင်းသာ ဖြစ်တယ် လို့ ဝန်ခံထားတယ်။အက်ဆေးလို ၊တစ်ခါတလေ ဝတ္ထုဇာတ်လမ်းတစ်ပုဒ်လို ဖတ်ကြည့်ရမယ့် 'စီးပွားရေးရသ' များသာဖြစ်ပါတယ်။ ပထဝီလွတ် ဒေါ်လာရှာသူငယ်ချင်းတွေအကြောင်းတွေလည်းပါတယ်။ ပထဝီလွတ် သူဆိုတာ သင်္ဘောသားတွေကို တင်စားထားတာပါ။ သူငယ်ချင်းတွေ ပြန်လာတော့မည့်အချိန်သိပြီးဆို ဆရာမင်းလူက အလုပ်တွေ စာမူတွေ ပြီးပျက်အောင်လုပ်တယ်၊ သူတို့နဲ့တွေ့ချိန်ဆို ဘာအလုပ်မှ မလုပ်တော့ဘူး၊ သူငယ်ချင်းစုဖွဲ့
အရက်သာ သောက်နေတတ်တော့တယ်။
ရှေးယခင်က ငွေကို 'အသပြာ' လို့ ခေါ်ဝေါ်ခဲ့ကြတယ်၊ 'အသပြာ' ဆိုတာ အသုံးအနှုန်းက ကဗျာဆန်တယ်၊ ခေါ်ရတာ နားဝင်ချိုတယ်၊ ရှေးစကားလုံးဖြစ်ပေမယ့် ခေတ်မီနေသေးတယ်လို့ ပြောလို့ရတယ်။စီးပွားရေးသမားများက ငွေကို မြင်ရမှ စားဝင်အိပ်ပျော်တတ်ဟန်ရှိတယ်။ ငွေစက္ကူအများကြီးမြင်ပြီး မပျော်တဲ့လူဆိုလို့ ဘဏ်ဝန်ထမ်း တွေလောက်သာရှိလိမ့်မယ်။
စီးပွားရေးပညာရှင်များ တွက်ချက်မှုအရ ငွေကြေး ချမ်းသာ ကြွယ်ဝသူများက ပစ္စည်းအကောင်းစားကို တာရှည်ခံအောင် ဝယ်သု
Unlock to read this premium article with 100 points.