SarPhat Author
လူတစ်ယောက်ရဲ့တိတ်ဆိတ်ခြင်းကို အခြားလူတစ်ယောက်က ဝင်ရောက်စွက်ဖက်ခွင့်မှမရှိဘဲ။
ဆက်ဆံရေးတိုင်း၊ အချိန်တိုင်း၊ စက္ကန့်တိုင်းက တစ်ချိန်မှာ ရပ်တန့်တဲ့အနေအထားဆိုတာ ရောက်ကြရမှာပါပဲ။
လောကကြီးကိုက မမြဲတဲ့လောကကြီးလေ။
သစ်ရွက်တွေကြွေကြတယ်။
ကြယ်တွေကြွေရတယ်။
ဝေသောပန်းတွေလည်း ညှိုးရတယ်။
မမြဲသောအရာတွေနဲ့ လောကကြီးမှာနေထိုင်ပြီး ထာဝရဆက်ဆံရေးတွေကို လိုလားတောင့်တနေလို့ မသင့်ပါဘူးလေ။
ကိုယ့်ဘက်ကတိတ်ဆိတ်လိုက်မိရင် အရာအားလုံးကတိတ်ဆိတ်သွားကြမှာဆိုတဲ့စကားလေးကတကယ်မှန်ပါတယ်။
ဘယ်အချိန်ကတည်းက တိတ်ဆိတ်ချင်နေမှန်းမသိပေမယ့် ကိုယ့်ဘက်ကပဲစတင်ပေးလိုက်ပါတယ်။
မင်းဘက်ကလည်း တိတ်ဆိတ်မြဲ တိတ်ဆိတ်နေလိုက်ပါ။
တိတ်ဆိတ်ခြင်းတွေမှာ နေပျော်ပါစေ။
#T.Kyi
Keep Reading