တင်ညွန့်
အသက်တွေ ကြီးလာသည့်အခါတွင် ဘဝကို မည်သို့ နေထိုင်ကြမည်နည်း။
ထိုမေးခွန်းသည် ကမ္ဘာ့လူသားတို့အတွက် နေ့စဉ်သိလိုကြသည့် မေးခွန်းတစ်ခုဖြစ်သည်။
အသက်တွေ ကြီးလာသည့် အခါတွင် ပျော်ရွှင်စရာဘဝလေးတစ်ခုကို ဆက်လက်ထိန်းသိမ်း ထားနိုင်ရန် လိုအပ်သည်။
“ငါ၏ ကျန်သည့်ဘဝတွေကို ကျန်းမာပျော်ရွှင်စွာဖြင့် ဖြတ်သန်းနိုင်မှာလား" ဆိုသည့်အချက်မှာ အဓိက ထည့်သွင်းစဉ်းစားရမည့် အချက်လည်းဖြစ်သည်။
အသက်တွေကြီးလာသည့်အခါ
ပြောင်းလဲမှုကို လက်ခံရမည်
အသက်တွေကြီးလာလျှင် ငါ၏ စိတ်ပိုင်းဆိုင်ရာသည်လည်းကောင်း၊ ရုပ်ပိုင်းဆိုင်ရာသည်လည်းကောင်း အပြောင်းအလဲများ ဖြစ်လာပြီဆိုခြင်းကို လက်ခံရမည်။ ထိုပြောင်းအလဲများဖြစ်သော အိုခြင်းကို တွန်းလှန်ရန် ကြိုးစားခြင်းထက် အပြုသဘောဆောင်သည့် အမြင်ဖြင့်လက်ခံပြီး လိုက်လျောညီထွေ နေတတ်အောင် ကြိုးစားသင့်သည်။
အဆက်အသွယ်များ မပျက်ပါစေနှင့်
မိသားစုနှင့်လည်းကောင်း၊ သူငယ်ချင်း မိတ်ဆွေများနှင့်လည်းကောင်း အဆက်အသွယ်မပျက် ဆက်လက်ပြီး ပြောဆို၊ ဆက်သွယ်၊ နီးစပ်နိုင်စေရန် ကြိုးစားသင့်သည်။ လူမှုပေါင်းသင်းဆက်ဆံရေးဆိုသည်မှာ စိတ်ပိုင်း ဆိုင်ရာကို များစွာ အထောက်အကူပြုနိုင်သည်။ ကိုယ့်မိသားစု၊ ကိုယ့် သူငယ်ချင်း မိတ်ဆွေများက ကိုယ့်ကို ပျော်ရွှင်မှုပေးနိုင်လိမ့်မည်ဆိုသည့် အကောင်းမြင်စိတ်ထားမျိုးကို ထားသင့်သည်။
ဘဝတစ်သက်တာ သင်ယူပါ
Lifelong Learning ကိုဆိုလိုပါသည်။ ငါအသက်ကြီးပြီး သင်ယူ၍ မရနိုင်ဟု လက်မလျှော့လိုက်ပါနှင့်။ ဘာမဆို မသေမချင်း သင်ယူ၍ရနိုင်ပါသည်။ ကိုယ်စိတ်ဝင်စားရာကို လေ့လာခြင်း သို့မဟုတ် အသစ်ဖြစ်သော ကိုယ်နှင့် မရင်းနှီးနေသည့် ပညာရပ်တစ်ခုကို လေ့လာလိုက်စားခြင်းတို့ကို မပြတ်ပြုလုပ်နေသင့်သည်။ ငါ အသက်ကြီးပြီ သင်ယူမှုကို ရပ်တန့်လိုက်တော့မည်ဆိုသည့် စိတ်ကူးမျိုး ဘယ်သောအခါမျှ မဝင်စေလိုပါ။ “ငါလုပ်နိုင်တယ်” ဆိုသည့် စိတ်ဓာတ်ဖြင့် ရင်ဆိုင်နေခြင်းကလည်း ပျော်ရွှင်မှုကို ဖြစ်စေနိုင်ပါသည်။
ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ဂရုစိုက်ပါ
ပုံမှန် လေ့ကျင့်ခန်းများကို လုပ်ဆောင်သင့်ပါသည်။ အနည်းဆုံး လမ်းလျှောက်သည့် ကျန်းမာရေးလောက်ကို တော့ လိုက်စားသင့်သည်။ အစားအသောက်ကိုလည်း မျှတစွာ စားသောက်တတ်ရန် လေ့ကျင့်ရတော့မည်။ ကျန်းမာရေးအတွက် ပုံမှန်ဆေးစစ်ခြင်းပြုသင့်သည်။ ရွှင်လန်းတက်ကြွစွာ နေထိုင်ခြင်းသည် ရုပ်ပိုင်းဆိုင်ရာ ကိုသာမက စိတ်ပိုင်းဆိုင်ရာကိုလည်း အထောက်အပံ့ များစွာပေးနိုင်သည်။
စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးဆောင်ရွက်ပါ
အသက်အရွယ်ကြီးလာသူများအတွက် အကောင်းဆုံး စိတ်ပိုင်းဆိုင်ရာ လုပ်ဆောင်နိုင်မှုမှာ တရားထိုင်ခြင်း၊ တရားမှတ်ခြင်းဖြစ်ပါသည်။ ကိုယ်က ကလေးတွေလို မသွားနိုင်၊ မလာနိုင်ဖြစ်လာလေ၊ သွားနိုင် လာနိုင် သလောက် တရားမှတ်ခြင်း၊ ငြိမ်သက်သော နေရာတစ်ရာကို ရွေးချယ်ပြီး တရားထိုင်ခြင်းအလုပ်တို့ကို ကြိုးစား လုပ်ဆောင်နိုင်မည်ဆိုလျှင် စိတ်ဖိစီးမှုများ၊ သောကများ၊ စိုးရိမ်ပူပန်မှုများ၊ ဒေါသများ လျှော့နည်းသွားစေရန် အထောက်အပံ့ဖြစ်စေနိုင်ပါလိမ့်မည်။
ကျေးဇူးတုံပြန်နိုင်အောင် ကြိုးစားပါ
ဘဝကို အကောင်းမြင်စိတ်ထားဖြင့် ရင်ဆိုင်သွားရန် အရေးအကြီးဆုံး အချိန်ကာလဖြစ်ပါသည်။ ကျေးဇူး ပြုဖူးသောသူများ၊ ကျေးဇူးတင်ထိုက်သူများကို စိတ်ထဲတွင် ပေါ်လာအောင်ရှုမြင်ပြီး ကျေးဇူးတင်နိုင်စေရန် ကြို
Unlock to read this premium article with 100 points.