Author's Profile Photo

အက္ခရာ - Haruki

15/04/2024

မိမိကိုယ်ကို ပြုပြင်ခြင်း (၉)

4 mins read
Life Style
Personal Development
18 Again
မိမိကိုယ်ကို ပြုပြင်ခြင်း (၉)'s photo

အပိုင်း ၉ ဖြစ်ပါတယ်ခင်ဗျာ။ ဒီဆောင်းပါးလေးတွေဟာ စာဖတ်သူလေးကို ပြုပြင်ပြောင်းလဲဖို့ အင်မတန်အထောက်အကူဖြစ်လိမ့်မယ်ဆိုတာ ကျွန်တော်အာမခံပါတယ်။ အပိုင်း ၉ ဆောင်းပါးလေးကို စလိုက်ကြပါစို့....။

၁။ အတွေးအလှမှ ဘဝအလှသို့

* ဘဝတစ်ခုရရှိလာတဲ့အခါ လူတိုင်းက မိမိရရှိထားတဲ့ဘဝကို ကောင်းမွန် လှပချင်ကြပါတယ်။

* ဘဝဆိုတာက သူ့အလိုလို နေရင်းထိုင်ရင်း လှပလာတာမျိုးတော့ မဟုတ်ပါဘူး။

* ဘဝလှပဖို့ မိမိတွေးတဲ့အတွေး ကောင်းမွန်ဖို့ လိုအပ်ပါတယ်။

* မိမိတွေးတဲ့အတွေး မကောင်းမွန်ရင် ဘဝလှပဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။

* အတွေးတစ်ခု မကောင်းတာနဲ့ အရာအားလုံးဟာ အမှားတွေဖြစ်ကာ ရုပ်ဆိုးတတ်ပါတယ်။

* အတွေးလှဖို့ဆိုတာလည်း အကောင်းမြင်တတ်ဖို့၊ အကောင်းနှလုံးသွင်းတတ်ဖို့နဲ့ အကောင်းဆင်ခြင်တတ်ဖို့လိုပါတယ်။

* ဒါဆိုရင် အတွေးလှပြီး ဘဝလည်းလှမှာ သေချာပါတယ်။

၂။ ဘယ်သဘောကို ဆောင်တတ်သလဲ

* အရာရာမှာ ကိုယ်က မကျေနပ်၊ မနှစ်သက်၊ အားမပေးချင်ရင် အပျက်သဘောဆောင်တတ်တဲ့ သဘောရှိကြပါတယ်။

* ကိုယ်က ကျေနပ်၊ နှစ်သက်၊ အားပေးချင်ရင်တော့ အပြုသဘောဆောင်တတ်တဲ့ သဘောရှိကြပါတယ်။

* ကိုယ်က အပျက်သဘောဆောင်တတ်တဲ့ အတွေးတွေ၊ အပြောတွေ၊ အပြုအမူအလေ့အကျင့်တွေရှိရင် အဲဒါတွေကို နည်းသထက်နည်းအောင် ပြုပြင်ပါ။

* အပျက်သဘောဆောင်တတ်တဲ့ အတွေး၊ အပြော၊ အပြုအမူအလေ့အကျင့်တွေက ကိုယ့်ဘဝကို ပျော်ရွှင်စရာ၊ စိတ်ချမ်းသာစရာတွေအဖြစ် မသယ်ဆောင်နိုင်ပါဘူး။

* အပြုသဘောဆောင်တတ်တဲ့ အတွေး၊ အပြော၊ အပြုအမူအလေ့အကျင့်တွေကသာ ကိုယ့်ဘဝကို ပိုပြီး ပျော်ရွှင်စရာ၊ စိတ်ချမ်းသာစရာအဖြစ် သယ်ဆောင်နိုင်ပါတယ်။

၃။ ဖြည်ဆည်းသင့်တာကို ဖြည့်ဆည်းထားပါ

* ကိုယ့်ဘဝမှာ ဖြည့်ဆည်းသင့်တာကို ဖြည့်ဆည်းထားဖို့လိုအပ်ပါတယ်။ ဖြည့်ဆည်းသင့်တာကို ဖြည့်ဆည်းထားမှ လိုရာရပါမယ်။

* ဖြည့်ဆည်းသင့်တာတွေကို အချိန်မီ မဖြည့်ဆည်းလို့မရပါဘူး။ ဖြည့်ဆည်းသင့်တာကို အချိန်မီ မဖြည့်ဆည်းထားရင် လိုရာနဲ့ဝေးပါမယ်။

* ဖြည့်ဆည်းသင့်တာကို ဖြည့်ဆည်းထားရင် ကိုယ့်အတွက် အဆင်သင့်ဖြစ်ပါတယ်။ ဖြည့်ဆည်းသင့်တာကို ဖြည့်ဆည်းမထားရင် ကိုယ့်အတွက် အဆင်သင့် ဖြစ်မနေတတ်ပါဘူး။

* ဖြည့်ဆည်းသင့်တာကို ဖြည့်ဆည်းထားရင် အားလုံးရဲ့ ကြိုဆိုခြင်းကိုခံရပါမယ်။ ဖြည့်ဆည်းသင့်တာကို ဖြည့်ဆည်းမထားရင် အားလုံးရဲ့ ငြင်းပယ်ခြင်းကို ခံရပါမယ်။

* ကိုယ့်ဘဝအတွက် ဖြည့်ဆည်းသင့်တာကို ဖြည့်ဆည်းထားခြင်းဟာ အချိန်မရွေး အခွင့်ကောင်းတွေရနိုင်တာမို့ ဖြည့်ဆည်းသင့်တာကို ဖြည့်ဆည်းထားဖို့ လုံးဝမမေ့ပါနဲ့။

၄။ အောင်မြင်မှုကိုရေရှည်ဘယ်လိုထိန်းမလဲ

* လူတိုင်းက ဘဝအတွက် အောင်မြင်ဖို့ မနေမနား ရုန်းကန်လှုပ်ရှားကြိုးစားနေကြပါတယ်။

* ကြိုးစားလို့ အောင်မြင်သူတွေရှိသလို မအောင်မြင်တဲ့သူတွေလည်း ရှိကြပါတယ်။

* ကြိုးစားလို့အောင်မြင်လာတဲ့အခါ အဲဒီအောင်မြင်မှုကို ရေရှည်ထိန်းထားချင်တဲ့သူတွေ ရှိကြပါတယ်။

* ဒါပေမဲ့ လူတိုင်းကတော့ အောင်မြင်မှုကို ရေရှည်မထိန်းထားနိုင်ကြပါဘူး။

* အောင်မြင်မှုကို ရေရှည်ထိန်းထားဖို့ အကျင့်စာရိတ္တကောင်းဖို့လိုပါတယ်။

* အကျင့်စာရိတ္တ မကောင်းရင် အောင်မြင်မှုက ကိုယ်နဲ့ ရေရှည်ရှိမနေနိုင်ပါဘူး။

* ကိုယ့်ဆီက များမကြာမီ အောင်မြင်မှုက ထွက်ခွာသွားတတ်ပါတယ်။

၅။ မစဉ်းစားပါနဲ့

* ရှာဖွေမှုမရှိရင် ရရှိပိုင်ဆိုင်ဖို့ မစဉ်းစားပါနဲ့။ ရှာဖွေမှုရှိမှ ရရှိပိုင်ဆိုင်နိုင်ပါမယ်။

* လေ့လာသင်ယူမှုမရှိရင် တတ်မြောက်ကျွမ်းကျင်ဖို့မစဉ်းစားပါနဲ့။ လေ့လာသင်ယူမှုရှိမှ တတ်မြောက်ကျွမ်းကျင်နိုင်ပါမယ်။

* ပြုပြင်မှုမရှိရင် ပြောင်းလဲဖို့ မစဉ်းစားပါနဲ့။ ပြုပြင်မှုရှိမှ ပြောင်းလဲနိုင်ပါမယ်။

* သဘောတရားပြည့်ဝမှုမရှိရင် အဆင်ပြေဖို့ မစဉ်းစားပါနဲ့။ သဘောတရားပြည့်ဝမှုရှိမှ အဆင်ပြေနိုင်ပါမယ်။

* အကျင့်စာရိတ္တကောင်းမွန်မှုမရှိရင် ယုံကြည်မှုရဖို့ မစဉ်းစားပါနဲ့။ အကျင့်စာရိတ္တကောင်းမွန်မှုရှိမှ ယုံကြည်မှုရနိုင်ပါမယ်။

* ရိုးသားမှုမရှိရင် အလုပ်လုပ်ဖို့ မစဉ်းစားပါနဲ့။ ရိုးသားမှုရှိမှ အလုပ်လုပ်လို့ ရနိုင်ပါမယ်။

* ကြိုးစားမှုမရှိရင် တိုးတက်အောင်မြင်ဖို့ မစဉ်းစားပါနဲ့။ ကြိုးစားအားထုတ်မှုရှိမှ တိုးတက်အောင်မြင်နိုင်ပါမယ်။

၆။ မလွန်ကဲမိပါစေနဲ့

* “တန်ရင်ဆေး လွန်ရင်ဘေး” လွန်ကဲမိရင် ဘယ်အရာမဆို အကောင်းဘက်ကို ဦးမတည်ဘဲ ဘေးဖြစ်စေတတ်ပါတယ်။

* ကိုယ်က တစ်ဦးတစ်ယောက်အပေါ်မှာ ချစ်တာလွန်ကဲမိရင်လည်း အကောင်းဘက်ကို ဦးမတည်ဘဲ ဘေးဖြစ်စေတတ်ပါတယ်။

* ကိုယ်က တစ်ဦးတစ်ယောက်အပေါ်မှာ စေတနာထားတာလွန်ကဲမိရင်လည်း အကောင်းဘက်ကို ဦးမတည်ဘဲ ဘေးဖြစ်စေတတ်ပါတယ်။

* ကိုယ်က တစ်ဦးတစ်ယောက်အပေါ်မှာ သံယောဇဉ်ထားတာလွန်ကဲမိရင်လည်း အကောင်းဘက်ကို ဦးမတည်ဘဲ ဘေးဖြစ်စေတတ်ပါတယ်။

* ကိုယ်က တစ်ဦးတစ်ယောက်အပေါ်မှာ ဂရုစိုက်တာလွန်ကဲမိရင်လည်း အကောင်းဘက်ကို ဦးမတည်ဘဲ ဘေးဖြစ်စေတတ်ပါတယ်။

* ကိုယ်က တစ်ဦးတစ်ယောက်အပေါ်မှာ ယုံကြည်တာလွန်ကဲမိရင်လည်း အကောင်းဘက်ကို ဦးမတည်ဘဲ ဘေးဖြစ်စေတတ်ပါတယ်။

* ဘယ်သူတစ်ဦးတစ်ယောက်အပေါ်မှ မလွန်ကဲမိအောင် ကိုယ့်စိတ်ကို ထိန်းသိမ်းပြုပြင်ပါ။ အကောင်းဘက်ကို ဦးတည်ကာ ဘေးအဖြစ်မှ လွတ်မြောက် လာပါလိမ့်မယ်။

၇။ ပြောင်းလဲမှုနဲ့ ဝေဖန်သံ

* တိုးတက်ပြောင်းလဲမှုတိုင်းမှာ ဝေဖန်သံတွေရှိတတ်ပါတယ်။ တိုးတက်ပြောင်းလဲမှုရှိသူတိုင်း ဝေဖန်သံတွေကို ခံရတတ်ပါတယ်။

* တိုးတက်ပြောင်းလဲမှုမရှိရင်တော့ ဝေဖန်သံတွေက မရှိတတ်ပါဘူး။ တိုးတက်ပြောင်းလဲမှုမရှိရင်တော့ ဝေဖန်သံတွေက ပျောက်နေတတ်ပါတယ်။

* တိုးတက်ပြောင်းလဲချင်သူတိုင်း ဝေဖန်သံတွေကို ကြောက်နေလို့ မရပါဘူး။ ဝေဖန်သံတွေကို ကြောက်နေရင် မတိုးတက် မပြောင်းလဲရုံဘဲရှိပါတယ်။

* ဝေဖန်သံတွေကိုကြောက်နေရင် ဘာမှ မလုပ်ဖြစ်တော့ပါဘူး။ ဝေဖန်သံတွေကို မကြောက်ပါနဲ့။ ကြောက်စရာမဟုတ်ပါဘူး။

* အကောင်းဘက်ကိုဦးတည်ပြီး တိုးတက်ပြောင်းလဲနိုင်အောင်သာ ကြိုးစားလုပ်ဆောင်ပါ။ ဝေဖန်သံတွေဟာ အချိန်တန်ရင် သူ့အလိုလို ပြီးဆုံးသွားပါလိမ့်မယ်။

၈။ ပြောဆိုတဲ့အခါ ရှောင်စရာနဲ့ ဆောင်စရာ

* စကားဆိုတာ အမြဲတမ်းပြောဆိုနေရတာမို့ ပြောဆိုတဲ့အခါ တိုင်း ရှောင်ရမယ့် အရာတွေကို သိဖို့လိုအပ်သလို ဆောင်ရမယ့် အရာတွေကိုလည်း သိဖို့လိုအပ်ပါတယ်။

* စကားပြောဆိုတဲ့အခါ ကိုယ်က အရင်လုပြီးတော့ လုံးဝမပြောဆိုပါနဲ့။ စကားကို နားထောင်ပြီးတော့ ပြောဆိုပါ။

* စကားပြောဆိုတဲ့အခါ အော်ဟစ်ပြီးတော့ လုံးဝမပြောဆိုပါနဲ့။ စကားကို ပုံမှန်အသံထားပြီးတော့ ပြောဆိုပါ။

* စကားပြောဆိုတဲ့အခါ လူကို နှိမ်ပြီးတော့ လုံးဝမပြောဆိုပါနဲ့။ စကားကို ချီမွမ်းပြီးတော့ ပြောဆိုပါ။

* စကားပြောဆိုတဲ့အခါ ငြင်းခုံပြီးတော့ လုံးဝမပြောဆိုပါနဲ့။ စကားကို နှီးနှောတိုင်ပင်ပြီးတော့ ပြောဆိုပါ။

၉။ ဆင်ဆင်ခြင်ခြင်နဲ့ ပြောပါ

* စကားပြောတဲ့အခါ ဆင်ခြင်မှုတရားမရှိဘဲ မပြောသင့်ပါဘူး။

* တချို့က စကားကို အစအနလေးက အစကောက်တတ်တဲ့ သဘောရှိတတ်ကြတာမို့ ဆင်ခြင်မှုမရှိဘဲ ပြောမိရင် ကိုယ်ပြောတဲ့ စကားတွေထဲမှာ အားနည်းချက်တွေ အများကြီး ပါရှိသွားတတ်ပါတယ်။

* ဒါကြောင့် စကားကို ဆင်ဆင်ခြင်ခြင်နဲ့ပြောမှ တော်ကာကျပါမယ်။

* ဆင်ဆင်ခြင်ခြင်နဲ့ မပြောတတ်ရင် ကိုယ့်စကားက ကိုယ့်ဆီလာပတ်တတ်ပါတယ်။

* ဆင်ဆင်ခြင်ခြင်နဲ့ မပြောတတ်ရင် ကိုယ့်စကားက ကိုယ့်ကိုယ် အခက်တွေ့စေတတ်ပါတယ်။

* ဆင်ဆင်ခြင်ခြင်နဲ့ မပြောတတ်ရင် ကိုယ့်စကားနဲ့ ကိုယ်ခံရတတ်ပါတယ်။

* ဆင်ဆင်ခြင်ခြင်နဲ့ မပြောတတ်ရင် ကိုယ့်စကားနဲ့ကိုယ် လမ်းဆုံးရတတ်ပါတယ်။

၁၀။ ပစ္စုပ္ပန်နဲ့ အနာဂတ်

* ပစ္စုပ္ပန်နဲ့ အနာဂတ်ဆိုတာ ဆက်စပ်နေတာပါ။

* ပစ္စုပ္ပန်မှာ ကောင်းနေမှ အနာဂတ်မှာ ကောင်းပါမယ်။ ပစ္စုပ္ပန်မှာ မကောင်းရင် အနာဂတ်မှာ မကောင်းနိုင်ပါဘူး။

* ပစ္စုပ္ပန်မှာ ကြိုးစားလုပ်နေမှ အနာဂတ်မှာ ရလဒ်ကောင်းပါမယ်။ ပစ္စုပ္ပန်မှာ ကြိုးစားမလုပ်ရင် အနာဂတ်မှာ ရလဒ်မကောင်းနိုင်ပါဘူး။

* ပစ္စုပ္ပန်မှာ လမ်းစဉ်မှန်မှ အနာဂတ်မှာ ရလဒ်မှန်ပါမယ်။ ပစ္စုပ္ပန်မှာ လမ်းစဉ်မမှန်ရင် အနာဂတ်မှာ ရလဒ်မမှန်နိုင်ပါဘူး။

* အနာဂတ်ရဲ့ အဖြေရလဒ်ဟာ ပစ္စုပ္ပန်ရဲ့ လုပ်ရပ်ပါ။ အနာဂတ်ကောင်းချင်ရင် ပစ္စုပ္ပန်ကောင်းအောင်လုပ်ပါ။

မိမိကိုယ်ကိုတန်ဖိုးရှိစွာ ပြုပြင်ပြောင်းလဲနိုင်ပါစေခင်ဗျာ။

  • မိမိကိုယ်ကို ပြုပြင်ခြင်း(၁)

https://sarphat.com/posts?id=2684

  • မိမိကိုယ်ကို ပြုပြင်ခြင်း(၂)

https://sarphat.com/posts?id=2753

  • မိမိကိုယ်ကို ပြုပြင်ခြင်း(၃)

https://sarphat.com/posts?id=2840

  • မိမိကိုယ်ကို ပြုပြင်ခြင်း(၄)

https://sarphat.com/posts?id=2902

  • မိမိကိုယ်ကို ပြုပြင်ခြင်း(၅)

https://sarphat.com/posts?id=2939

  • မိမိကိုယ်ကို ပြုပြင်ခြင်း(၆)

https://www.sarphat.com/articles/2985

  • မိမိကိုယ်ကို ပြုပြင်ခြင်း(၇)

https://www.sarphat.com/articles/3011

  • မိမိကိုယ်ကို ပြုပြင်ခြင်း(၈)

https://sarphat.com/posts?id=3064

ᏂᏗᏒᏬᏦᎥ ( April 15, 2024 . 9:26 PM )





Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအပေါ်ယံသမားစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)