Author's Profile Photo

သင်္ကေတ

17/04/2024

စာဖတ်ခြင်းမှ စာရေးခြင်းဆီသို့.....(အပိုင်း ၅)

1 min read
Life Style
18 Again
စာဖတ်ခြင်းမှ စာရေးခြင်းဆီသို့.....(အပိုင်း ၅)'s photo

ဆောင်းပါးလေး အပိုင်း ၅ သို့ ရောက်ရှိလာပါပြီရှင့်။

ကျွန်မကျောင်းတက်ရင်း ခင်မင်ရတဲ့ ဘေးနားကသူငယ်ချင်းကောင်မလေး တစ်ယောက်အကြောင်း ပြောပြပါမယ်။
ကျွန်မစာရေးဖြစ်လာအောင် အဓိက တွန်းအားဖြစ်စေတဲ့ လူတစ်ယောက်ဆိုလည်း မမှားဘူး၊ သူမကို ကျောင်းကလူတော်တော်များများ သိကြသည်၊ သူမ ခန္ဓာကိုယ်၊အချိုးအစား၊အရပ်အမောင်းသည် ပြေပြစ်လှပသည့်အထဲတွင်ပါဝင်သည်။ မိန်းကလေးတစ်ယောက်တွင် ရှိသင့်သောအရပ်ထပ် ကျော်လွန်၍ ရှည်သည်၊ ကျွန်မနှင့် သူယှဉ်ရပ်လျှင် လူပုနှင့်လူရှည်ကို ကွဲကွဲပြားပြားမြင်နိုင်သည်၊ သူမသည် မျက်မှန်တပ်ရသူ တစ်ဦးသည်။ ကျွန်မ စစကျောင်းတက်ချင်းရက်တွင် ကျွန်မအား ကူညီပေးသူများထဲတွင် သူလည်းအပါအဝင်ဖြစ်သည်၊ ကျွန်မသည် ကျောင်းတက်ရက် နောက်ကျသောကြောင့် စာများပြန်ကူးရန်လိုသဖြင့် သူမ၏စာအုပ်များကို ကျွန်မအားအိမ်သို့ ငှားပေးသည်။ သူမသည် စေတနာအလွန်ပင်ကောင်၍ ခင်မင်ပြီးဖော်ရွေတတ်သူ တစ်ဦးဖြစ်သည်။( ကျွန်မ သူမအကြောင်းကို စာထပ်ရေးပါမည်)
သူမသည် ကျောင်း၌ အားလပ်‌သော
စာသင်ချိန်များတွင် ‌စာဖတ်နေတတ်သည်၊ သူမဖတ်သောစာအုပ်မှာ ဦးဘုန်း(ဓာတု) စာအုပ်များဖြစ်သည်၊ ကျွန်မသည် ဦးဘုန်း(ဓာတု) စာအုပ်များကို အရင်က တစ်ခါမျှ မဖတ်ဖူးသေးပေ၊ သူမဖတ်နေသည်ကိုမြင်၍ သူမဖတ်နေသည့်စာအုပ်ကိုပင် အတူတူလိုက်ဖတ်တတ်သည်၊ လိုက်ဖတ်ရင်း သဘောကျ၍ ကိုယ်တိုင်ပင် သွားရှာဖတ်သည်၊ ကျွန်မဖတ်ဖူး‌သော ဦးဘုန်း(ဓာတု)စာအုပ်များမှာ အချက်အလက်အတိုများကို ထိထိမိမိ ရေးသားထားသည်ကို သတိထားမိသည်၊ ထူးခြားသည်မှာ တချို့စာများသည် တစ်ခါတည်းဖြင့် နားမလည်နိုင် အတွေးသဘောတရားများ ပါသည်၊ ထိုမှစ ကျွန်မ စာလိုက်ဖတ်ပြန်ခဲ့သည်၊။ ကျွန်မတို့နှစ်‌‌ယောက် စာမဖတ်ကြလျှင် အချင်းချင်း သိရှိထားသော အရာများကို ဝေမျှရင်း စကားပြောတတ်ကြသေးသည်၊ စာသင်ချိန် ဆရာမသိအောင် စာဖြင့်‌
ရေး၍ စကားခိုးပြီးလည်းပြောတတ်ကြသည်၊ တစ်ခါတစ်လေ မပြီးပြတ်ဘဲရှိနေတတ်သည်၊ ကျွန်မသည် အများအဖြင့် နားထောင်ပေးလေ့ရှိတတ်သည်၊ ကျွန်မပြောသောအခါတွင်လည်း သူမ ဂရုတစိုက်သေချာနားထောင်၍ ပြန်ပြောပေးတတ်သည်၊ ကျွန်မတို့နှစ်ယောက်သည် စကားပြောရာတွင် အင်မတန် အတိုင်ဖောက်ညီသည်ဟု ပြောနိုင်သည်။ သူမသည် ပန်းချီဆွဲရာတွင် ထူးချွန်သော သူတစ်‌ယောက်ဖြစ်သည်၊ သူမ၏ ဖခင်သည် ကာတွန်း‌ရေးဆွဲသော ပန်းချီဆရာကြီး တစ်ဦးပေသည်၊ ကျွန်မနှင့် သူမ စကားပြောခြင်း များလာသောအခါ တစ်ယောက်နှင့်တစ်ယောက် ပို၍နားလည်ပေးတတ်လာသည်၊ နှစ်ယောက်လုံးသည် စာဖတ်ကြသောအခါ အချင်းချင်းပြောကြရာ ပို၍ကောင်းသည်၊ တစ်ယောက်နှင့် တစ်ယောက် ပိုသိလာ၍ ကျွန်မ၏ ငုပ်လျှိုးနေသော စာရေးခြင်း ဝါသနာကို သူမနှိုးဆွပေးသည်။

ဘယ်လိုနှိုးဆွပေးသည်ကို နောက်တစ်ပိုင်း ဆက်ရန်.....

(Part 1)

  • https://sarphat.com/posts?id=2994

(Part 2)

  • https://sarphat.com/posts?id=3053

(Part 3)

  • https://sarphat.com/posts?id=3093

(Part 4)

  • https://sarphat.com/posts?id=3155


April 18 Thursday 2024
0:30 AM (@Ag)
#အတွေးစုများ

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်အပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)