Myaing Hay Won
ရတနာသုံးပါး ကြည်ညို၊ မိဘဂုဏ်ကျေးဇူးကိုသိတတ်ပြီး မိဘကိုရိုသေလေးစား၊ ကုသိုလ်ကောင်းမှုမှာမွေ့လျော်၊ ရောင့်ရဲတဲ့စိတ်ရှိ၊ မကောင်းမှုကို ရှက်တတ်ကြောက်တတ်၊ ဖြောင့်မတ်တည်ကြည်တဲ့ စိတ်နှလုံးရှိ၊ လုံ့လ ဝီရိယ ဇွဲရှိ၊ နူးညံ့သိမ်မွေ့၊ ပညာရှိပြီး ယဉ်ကျေးလိမ္မာ၊ မိန်းမပီသ စတဲ့အချက်တွေနဲ့ ပြည့်စုံတဲ့ မြန်မာအမျိုးသမီးတစ်ယောက်ကို တွေ့ချင်ရင် "ရင်နင့်အောင်မွှေး" ကိုဖတ်ပါ။
အဲ့ဒီလိုသူမျိုး လက်တွေ့လောကမှာ ရှိရင်လည်း ရှိနေနိုင်ပါတယ်။ မရှိဘူးလို့လည်း တပ်အပ်ပြောလို့မရပါဘူး။ ဒီစာအုပ်ကို ဆရာမကြီး ဂျာနယ်ကျော်မမလေးက အမျိုးသမီးတွေ အတွက် အကျိုးပြုစေချင်တဲ့ ရည်ရွယ်ချက်နဲ့ရေးခဲ့တာဖြစ်လို့ ဒီစာအုပ်ထဲမှာ အတုယူစရာတွေအများကြီး ပါပါတယ်။ ဒါပေမယ့် တချို့နေရာတွေမှာတော့ ခုခေတ်အမြင်နဲ့ သဘောထားကွဲလွဲတာတွေ ရှိကောင်းရှိနေနိုင်ပါတယ်။
ပထမ စစချင်းဖတ်တဲ့အခါ ရတဲ့ ရသနဲ့ ဒုတိယ တစ်ခါဖတ်တဲ့အခါ ရတဲ့ရသက လုံးဝမတူဘဲ ကွဲပြားခြာနားနေမှာပါ။ ဘာပဲဖြစ်ဖြစ် ဖတ်ကြည့်ကြပါဦးရှင့်။
မြိုင်ဟေဝန်
Photo by စာရေးသူ
April 13, 2021
Keep Reading