Briann
”Conformity is the act of adjusting one’s behavior, beliefs or attitudes to match those of a group or to adhere to social norms”
ဒါကတော့ conformity အကြောင်း ရှာတဲ့အခါ ဆောင်းပါးအများစုမှာ တွေ့ရတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခုပါ။ အဓိပ္ပာယ်ကတော့
Conformity ဆိုတာ လူစုတစ်စုရဲ့အမူအရာတွေ၊ အခြေအနေတွေ၊ စည်းမျဉ်းစည်းကမ်းတွေ (ဒါမှမဟုတ်) ပတ်ဝန်းကျင်ရဲ့ အခြေအနေနဲ့ လိုက်လျောညီထွေဖြစ်အောင် ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲနေထိုင်ခြင်းဆိုပြီး အဓိပ္ပာယ်သတ်မှတ်လို့ရပါတယ်။
မြန်မာ့စကားပုံတွေဖြစ်တဲ့
“တံငှါနားနီး တံငှါး၊ မုဆိုးနားနီး မုဆိုး” “ရောမရောက်ရင် ရောမလိုကျင့်”
စတဲ့စကားပုံတွေနဲ့ တူတယ်လို့ ဆိုလို့ရပါတယ်။
ကျွန်တော်ကတော့ စာဖတ်တဲ့သူတွေဖတ်ရလဲလွယ်၊ နားလည်လဲလွယ်အောင် (လွှမ်းမိုးခံရခြင်း) လို့ ခေါင်းစဉ်တပ်လိုက်ခြင်းဖြစ်ပါတယ်။လိုက်လျောညီထွေနေခြင်းလို့လဲ ခေါ်လို့ရပါတယ်။
လူတွေဟာ သမိုင်းဦးခေတ်အစကတည်းက ပတ်ဝန်းကျင်၊ ကိုယ့်မျိုးနွယ်စု၊ ရာသီဥတုအခြေအနေ စတဲ့ အရာတွေနဲ့
လိုက်လျောညီထွေဖြစ်အောင်နေထိုင်ခဲ့ကြတာ ယခုအချိန်အထိပဲဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပတ်ဝန်းကျင်ကပေးတဲ့ ဖိအားတွေကြောင့်ဖြစ်လာတဲ့ conformity ဆိုတာလူ့အမူအကျင့်တွေထဲမှာ အရမ်းအရေးပါတဲ့
အကျင့်တစ်ခုအနေနဲ့ ကနဦးကတည်းကရှိနေလို့ပါဘဲ။
ဥပမာ - ကိုယ်နဲ့ပေါင်းတဲ့သူငယ်ချင်းတွေနဲ့ ပိုခင်အောင်၊ အယူအဆလွဲပြီး ပြဿနာမဖြစ်အောင် သူတို့လုပ်လေ့ရှိတဲ့အရာတွေ လိုက်လုပ်တာမျိုး / အခု trending ဖြစ်နေတဲ့အဝတ်အစားမျိုးတွေ လိုက်ဝတ်စားတာမျိုး ၊ ကိုယ်နဲ့သက်ဆိုင်တဲ့ အဖွဲ့အစည်းမှာ လိုက်လျောညီထွေဖြစ်အောင်နေတာမျိုး၊ ဒါမျိုးတွေကို conformityလို့ခေါ်ပါတယ်။
ဒါဆို obedience ဆိုတဲ့ နာခံတတ်ခြင်းကရော conformity တစ်မျိုးဘဲလား။Obedience က conformity ထဲပါတယ်ဆိုပေမဲ့ တကယ်တမ်းတော့ မတူကြပါဘူး။ conformity က လူတန်းစားမရွေးဘဲ တန်းတူ လူအားလုံးမှာဖြစ်နိုင်တဲ့ အကျင့်ဖြစ်ပြီး obedience ဆိုတာက ကိုယ့်ထက်ဩဇာအာဏာကြီးတဲ့လူကြောင့်ဖြစ်လာတဲ့ အကျင့်တစ်ခုဖြစ်ပါတယ်။
Confirmity အမျိုးအစားများ
———————————————
1955ခုနှစ်တုန်းက Deutsch နဲ့ Gerard ဆိုတဲ့ လူနှစ်ယောက်က လူတွေမှာဘာကြောင့် ဒီလို conformity ဆိုတဲ့အကျင့် ရှိနေကြတာလဲဆိုတာ ရှာဖွေခဲ့ပြီး အဓိကအချက် ၂ ချက်ကို အဓိပ္ပာယ်သတ်မှတ်ခဲ့ပါတယ်။
Normative conformity ဆိုတာက လိုက်လျောညီထွေဖြစ်လိုခြင်းဖြစ်ပါတယ်။ ခေတ်စကားအရပြောရရင် “ဘောင်ဝင်လိုခြင်း” ဖြစ်ပါတယ်။ အဓိကအကြောင်းအရင်းကတော့ အခြားသူတွေနဲ့ ပိုခင်မင်အောင် ၊ လူအများစုလုပ်နေတဲ့အရာတွေ ကိုယ်ကမလုပ်ချင်တာတောင်လိုက်လုပ်တာမျိုးဖြစ်ပါတယ်။
ဥပမာ လူတစ်ယောက်ကဟာသတစ်ခုပြောတဲ့အခါ ကိုယ့်အတွက်တော့မရီရပေမဲ့လည်း အခြားသူတွေနဲ့လိုက်ရီပေးတာမျိုးဖြစ်ပါတယ်။
Informative conformityကတော့အချက်အလက်ပေါ်မူတည်ပြီး ကိုယ်ပုံစံ၊ ကိုယ့်ယုံကြည်မှုကိုပြောင်းလဲတာမျိုးဖြစ်ပါတယ်။
ဥပမာ- ကိုယ်က အချက် A ကိုမှန်တယ်ထင်တဲ့သူဆိုကြပါစို့။ အဲဒီအချိန်မှာ အချက် B ကိုမှန်တယ်ထင်တဲ့လူတစ်ယောက်နဲ့တွေ့လို့ အပြန်အလှန်ဆွေးနွေးကြတဲ့အခါ အချက်B က အချက် A ထက်ပိုလက်တွေ့ကျပြီး ပိုပြည့်စုံတယ်လို့ ကိုယ်ကထင်တဲ့အတွက် အချက် A ကနေ B ကို ကူးပြောင်းလက်ခံတာမျိုးကိုဆိုလိုပါတယ်။
အခြား အချက်တွေကတော့
-Compliance
ဒါကတော့ ကိုယ်မကြိုက်ပေမဲ့လည်း လွှမ်းမိုးမှုပြင်းထန်တဲ့အတွက် လိုက်လျောညီထွေဖြစ်အောင်နေပေရလိုက်ရခြင်းမျိုးဖြစ်ပါတယ်။
အရှင်းဆုံးဥပမာကတော့
ကိုယ်ကသူငယ်ချင်းတွေနဲ့ အပြင်သွားချင်တယ်။ ဒါပေမဲ့ အိမ်ကအမေက မသွားဖို့ ဆူလိုက်တဲ့အချိန်မှာ ကိုယ်သွားချင်ပေမဲ့လည်း မသွားဘဲနေလိုက်ရတာမျိုးပေါ့။
-Internalization
Internalization က informative conformity နဲ့ တူတူပါဘဲ။ ဒါပေမဲ့ informative မှာလို လက်ခံရုံမက အတွင်းစိတ်ထဲကပါယုံကြည်သက်ဝင်သွားတာမျိုးဖြစ်ပါတယ်။
Conformity ကကောင်းတာလဲဖြစ်စေနိုင်သလို ဆိုးတာလဲဖြစ်စေနိုင်ပါတယ်။
လူတွေက ဥပဒေအရ မီးပွိုင့်နီရင် ကားရပ်ရမယ် ၊ ကွေ့ချင်ရင် အချက်ပြမီးပြရမယ်စတဲ့ ဥပဒေရဲ့ လွှမ်းမိုးမှုတွေကို လိုက်နာတဲ့အခါ ယာဉ်စည်းကမ်းပိုမိုကောင်းမွန်လာမှာဖြစ်ပါတယ်။
ဆိုးတဲ့အချက်ကတော့ အကယ်၍ ဒီလွှမ်းမိုးမှုက အကြောက်တရားတွေ၊ စိတ်ဓာတ်ကျတာတွေကြောင့်ဆိုရင်တော့ ကိုယ့်ဆုံးဖြတ်နိုင်စွမ်းကျဆင်းပြီး အခြားသူစကားတွေကိုအလွယ်တကူယုံသွားတာမျိုးဖြစ်ပါတယ်။
ဒါကြောင့်အချို့ကိစ္စတွေမှာအများကမှန်တယ်ပြောတိုင်း ကိုယ်က သေချာမဆန်းစစ်ဘဲ ယုံကြည်လို့မရပါဘူး။
ကိုယ့်ကိုယ်ကိုယ်ပြန်မေးကြည့်ပါ။ သေချာပြီဆိုတော့မှ ယုံကြည်ဖို့၊ ကိစ္စတစ်ခုကိုလုပ်ဖို့အကြံပေးချင်ပါတယ်ခင်ဗျာ။
“ True changes begins with awareness “ - Rich Roll
P.s ဒီအချက်တွေက ကျွန်တော် ဆောင်းပါးတွေရယ်၊ research တွေ လုပ်ပြီးမှ အကျဉ်းချုပ်ပြန်လည်ရေးထားတာဖြစ်ပါတယ်ခင်ဗျာ။
Brian
Keep Reading