နိုင်း - nine
Part 5) Journalling
Journalling ဆိုတာက ကျွန်တော်တို့ရဲ့ခံစားချက်တွေ၊ နေ့စဉ်ဖြစ်ပျက်ခဲ့တဲ့အရာတွေ၊ တနေ့တာလုပ်ဆောင်ဖို့ရည်ရွယ်ထားတာတွေ၊ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုပြန်မေးလေ့ရှိတဲ့မေးခွန်းတွေ ဒါမှမဟုတ် ထူးထူးဆန်းဆန်းအဖြစ်အပျက်တွေနဲ့ ထူးခြားတဲ့ခေါင်းစဉ်တွေအောက်နေ ထွက်လာတဲ့ စကားတွေ၊ စာတွေ၊ ideaတွေကို ပုံမှန်ချရေးတာမျိုးပါ။
ဒီလိုမျိုး journalling လုပ်တာက ကျွန်တော်တို့ရဲ့ဦးနှောက်ထဲမှာရှိတဲ့ အတွေးအမြင်တွေနဲ့ စိတ်ကူးတွေကို အလွယ်တကူထွက်ကျစေပါတယ်။ ခေါင်းထဲကထွက်ကျလာတဲ့အရာတွေကို ချရေးနေပြီဆိုရင် အရှိန်ရလာတာနဲ့အမျှ ကျွန်တော်တို့ဦးနှောက်ထဲမှာရှိတဲ့ အတွေးတွေအကုန်လုံးက ထိန်းချုပ်မှုမရှိတော့တာကြောင့် inner creativety thoughts တွေကိုလည်း အလွယ်တကူထွက်ပေါ်စေနိုင်ပါတယ်။
journalling လုပ်တဲ့နေရာမှာ ပုံစံမျိုးစုံရှိပါတယ်။ တချို့တွေက စတေကာတွေ၊ သတင်းစာတွေ၊ဍ္ဎပန်းခြောက်တွေ ဒီလိုမျိုး အပိုပစ္စည်းတွေထည့် အလှဖော်ပြီး ရေးတာရှိသလို ဘောပင်ကိုမှင်အမျိုးမျိုး၊ ရေးမယ့်စာပေါ်မှာမှ noteလိုမျိုး စာရွက်အပိုတွေထပ်ထည့်ပြီး ရေးတာမျိုး တွေလည်းရှိပါတယ်။
နိုင်းတို့ကတော့ အလွယ်တကူနဲ့ ရိုးရိုးရှင်းရှင်းလုပ်လို့ရမယ့် နည်းတွေနဲ့ပဲလုပ်ကြပါမယ်။ ဘယ်လိုလုပ်မလဲဆိုရင် အရေးကြီးဆုံးအချက်ကတော့ ဘောပင်နဲ့ စာအုပ်အသစ်လိုပါတယ်။ ဒီနှစ်ခုရှိရင် လုံလောက်ပါပြီ။
ပြီးရင် ကိုယ်ကဘာရေးမလဲဆိုတဲ့အကြောင်းအရာကို အရင်စဉ်းစားရပါမယ်။ မနက်ဘက်အလုပ်မသွားခင်၊ ကျောင်းတို့သင်တန်းတို့မသွားခင် မနက်စောစောရေးမယ်ဆိုရင် ဒီနေ့ဘာလုပ်မှာလဲ၊ ဒီနေ့တနေ့တာကို ဘယ်လိုဖြတ်သန်းကြမလဲ ဒီလိုကနေစတွေးပြီးရေးကြပါမယ်။
အ့လိုမှမဟုတ် ကိုယ်ကပြန်ရောက်လို့ ညဘက်ကြမှအေးအေးဆေးဆေးရေးချင်တာဆိုရင် ဒီနေ့ဘာတွေကြုံခဲ့ရလဲ၊ ငါဒီနေ့ကောင်းကောင်းမွန်မွန်ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းခဲ့ရဲ့လား၊ ကိုယ်ရဲ့လက်ရှိဖြစ်နေတဲ့ခံစားချက်တွေက ဘယ်လိုမျိုးဖြစ်နေလဲ၊ တကယ်လို့ကိုယ်သာကြောင်တစ်ကောင်ဆို ဘယ်လိုမျိုးဖြစ်နေမလဲ ဒီလိုမျိုး ခေါင်းစဉ်လေးတွေနဲ့ စရေးကြပါမယ်။
ရေးပြီဆိုရင် စာကိုကိုယ်ကျောင်းမှာစာသင်နေသလိုမျိုးကြီး မရေးပါဘူး။ ရိုးရိုးရှင်းရှင်းနဲ့ တမူထူးခြားအောင်ရေးပါမယ်။ တကယ်လို့ကိုယ်က ဘာသာစကားလေ့လာနေတဲ့သူဆိုရင် ကိုယ်သင်တဲ့ဘာသာစကားရဲ့ သိပြီးသားစကားလုံးတွေ ဒါမှမဟုတ် ကိုယ်ရေးတဲ့စာထဲမှာပါတဲ့ စာရဲ့မသင်ရသေးတဲ့ စကားလုံးအသစ်တွေကိုပါ သပ်သပ်ရပ်ရပ်နဲ့ ထည့်ရေးပါမယ်။
အဆုံးသတ်မှာတော့ ပုံစံတူတွေကိုသက်သက်စီဘောင်ခတ်တာ၊ စာတစ်ပိုဒ်နဲ့ တစ်ပိုဒ်ကို စာရွက်ရဲ့ ဟိုဘက်ဒီဘက်ကပ်ရေးတာ၊ စာနဲ့ပတ်သက်တဲ့ ပုံတွေ doodleတွေထည့်ဆွဲတာ ဒါမျိုးလေးတွေ ထည့်ပြီး အဆုံးသတ်လို့ရပါပြီ။ နောက်ဆုံးအနေနဲ့ကတော့ ကိုယ်ရေးတဲ့ရက်ရဲ့ ဒိတ်နဲ့ခေါင်းစဉ်ကိုတော့ သူမကိုမမေ့သလိုပဲ မဖြစ်မနေထည့်ဖို့ မမေ့ပါနဲ့နော်။
#creativemindset
#journalling
#cappynine
နိုင်း
Pic from Pinterest
Resources
- scissortailcs.com
- laurabc.com
- thewildwordsmith.co.uk
TikTok - https://vt.tiktok.com/ZS2j5xMyN/
Telegram - https://t.me/cappynine/35
Facebook - https://www.facebook.com/share/p/SHWDiySnKkZ1etvz/?mibextid=oFDknk
Keep Reading