Mie Mie Khae
တစ်နေ့က ကျွန်တော်အိမ်ရှေ့မှာ စာဖတ်နေတုန်း
ဘေးအိမ်က ကောင်မလေး( အသက်က ၁၆ နှစ်လောက်ရှိမည်ထင်) က သူ့အမေကို သူ့ရဲ့ ရေဘူး က နှစ်သောင်းပဲတန်လို့ အပြစ်တင်နေလေရဲ့။
သူ့ရဲ့ ကျောင်းကသူငယ်ချင်းတွေရဲ့ ရေဘူးတွေက ငါးသောင်း တန်တယ်တဲ့။
အခန်းထဲမှာသူ့ရဲ့ရေဘူးက တန်ဖိုးအနည်းဆုံးပဲ တဲ့။
အဲ့လိုပြောနေတာကိုလမ်းပေါ်မှာကစားနေတဲ့ ကလေးတစ်ယောက်ကကြားသွားလေရဲ့။
အဲ့ကလေးရဲ့အိမ်က မိသားစုအများကြီးနဲ့ ငါးသောင်းတန် အခန်းကျဉ်းလေးမှာ ငှားနေကြရတာ။ တစ်နေ့လုပ်မှတစ်နေ့ စားနိုင်ကြရတာ။
ကျောင်းဖွင့်ရက်တွေဆို မုန့်ဖို့တောင်းရင် သူ့အမေရဲ့ ပိုက်ဆံမရှိဘူးဆိုတဲ့အသံကို နေ့တိုင်းကြားနေရတာ။
အဲ့ကလေး ကစားပြီးအိမ်ပြန်ရောက်တော့
သူ့အမေကိုပြောနေလေရဲ့။ ဟိုဘက်အိမ်က
အမကြီးက သူ့ရဲ့ရေဘူးက နှစ်သောင်းပဲတန်လို့ သူ့အမေကိုပြောနေတယ် တဲ့ဆိုပြီး သူ့အမေကို
ပြောရင်း အော်ပြီးရယ်နေလေရဲ့။ သူ့ရဲ့ရင်ထဲမှာတော့ ဘယ်လောက်တောင် ဝမ်းနည်းနေရှာမလဲနော် 🥹🥹🥹🥹
အဓိကပြောချင်တာကတော့
တစ်ချို့ ချမ်းသာတဲ့သူတွေ ကိုယ့်ထက်အဆေပါင်းများစွာအဆင်မပြေတဲ့ သူတွေအများကြီး ရှိတယ်လို့။ ဒါကြောင့် စကားပြောရင်သတိထားစေချင်ပါတယ်။
အခုလိုခေတ်ပျက်ထဲမှာတစ်ချို့တစ်ချို့ သောလူတွေက ထမင်းတစ်နပ်စားဖို့
ရုန်းကန်နေကြရတာမို့ အဆင်ပြေနေတဲ့လူလေးတွေကစကားပြောတာလေးေတွ၊ စကားလုံးလေးတွေ ကို သတိထားစေချင်ပါတယ်။
အားလုံးကပုထုဇဥ်လူသားပဲလေဗျာ
သူတို့ခဗျာလည်း လိုချင်ကြမှာပဲလေ။ မတတ်နိုင်ကြလို့သာ လိုချင်စိတ်ကို ချိုးနှိမ်ထားကြရတာ နားလည်စေချင်ပါတယ်။
တစ်ချို့လူတွေ သူတို့ရဲ့ ကြွယ်ဝမှုတွေ၊ပိုင်ဆိုင်မှာမှုတွေကို social media ပေါ်တင်ပြီးကြွားနေကြချိန်တစ်ချို့သောလူတွေ မိဘရဲ့အဝေးမှာ ၊ ကိုယ်နိုင်ငံရေးအဝေးသူများနိုင်ငံ မှာ စားဝတ်နေရေးအတွက်
ပင်ပင်ပန်းပန်း ငွေရှာနေကြရတာဗျ။
ဒါ့ကြောင့် "အဆင်ပြေတဲ့သူ၊ချမ်းသာသောသူများက မကြွားကြပါနဲ့ဗျာ "
တောင်းပန်ပါတယ်ဗျာ။ မကြွားကြပါနဲ့ ။ အဲ့တာလေးကို လူအသိ လေးနဲ့ လူ့ကျင့်ဝတ်အဖြစ် မှတ်ထားစေချင်ပါတယ်ဗျာ။။ ။။
Keep Reading