Kavi
"Very Demure, Very Mindful, Very Cutesy" ဆိုတဲ့ trend လေးဟာ TikTok content creater Jools LeBron က August 2 မှာ 'ချွေးထွက်နေရင် မိတ်ကပ်မကွက်အောင် ဘယ်လိုပြန်ပြင်ရမလဲ' ဆိုတဲ့ အကြောင်းအရာအပေါ်မှာ tips လေးတွေမျှဝေတဲ့ video တင်ရာကနေ စခဲ့တာပါ။ "very demure" ဆိုတဲ့ စကားစုလေးလေးနဲ့ video လေးကို အဆုံးသတ်ခဲ့ပါတယ်။ နောက် သူတင်ခဲ့တဲ့ videos တွေမှာလည်း "very demure, very mindful, very cutesy" ဆိုတာကို ထည့်သုံးလာခဲ့ပါတယ်။ ဒီလိုနဲ့ social influencers တွေ၊ celebrities တွေကလည်း ဒီစကားစုကို ပိုမိုသုံးစွဲရင်းပဲ popular ဖြစ်လာခဲ့တာပါ။
"Very Demure, Very Mindful, Very Cutesy"
- Demure (adj) (Especially of women) quiet and well-behaved -
လို့ Cambridge Dictionary မှာ ဖွင့်ဆိုထားပါတယ်။ မြန်မာလိုဆိုရင်တော့ ဣန္ဒြေသိက္ခာ ရှိတဲ့ ဗိုင်းကောင်း ကျောက်ဖိ၊ မိကောင်းဖခင် သားသမီးတွေလို့ ဖွင့်ဆိုချင်ပါတယ်။
ဣန္ဒြေသိက္ခာရှိပြီး ရိုသေကျိုးနွံတာဟာ မပွင့်တပွင့်ဖြစ်ပြီး ရှက်တတ်ကြောက်တတ်တယ်လို့ လူအများစု အထင်မှားတတ်ကြပါတယ်။ အမှန်တကယ် ဗိုင်းကောင်းကျောက်ဖိ မိန်းကလေးဆိုတာဟာ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိပြီး ဘယ်လို အခြေအနေမျိုးမှာ မဆို တည်တည်ငြိမ်ငြိမ် နေနိုင်တဲ့ မိန်းကလေး၊ အများရဲ့ ဂရုစိုက်မှု၊ အာရုံစူးစိုက်မှုကိုရဖို့အတွက် တမင်လုပ်မယူတဲ့ မိန်းကလေးမျိုးဖြစ်ပါတယ်။ အမှန်တကယ်တော့ ဣန္ဒြေရှိသူတွေဟာ လူအများ အာရုံစိုက်မိဖို့ အားစိုက်ထုတ်စရာ မလိုပါဘူး။ လူစုထဲမှာဆိုရင် သူတို့ရဲ့ ဂရုတစိုက် ပြောဆိုပုံ၊ ကျက်သရေရှိပုံတို့က အများတကာထက် ထင်ပေါ်လို့ နေပါတယ်။ သူတို့အနားမှာ ရှိနေတဲ့သူတွေကိုလည်း အေးချမ်းမှုကိုလည်း ခံစားစေရပါတယ်။ သူတို့တွေဟာ ကိုယ့်ကိုကိုယ်နဲ့ တစ်ဖက်သူကိုလည်း ဘယ်လို လေးလေးစားစား ဆက်ဆံပြောဆိုရမလဲဆိုတာကို သေချာသိရှိထားသူတွေလည်း ဖြစ်ပါတယ်။
"Very Demure, Very Respectful, Very Elegant"
လူတစ်ချို့ဟာ အရှိကို အရှိအတိုင်း မမြင်နိုင်ကြသလို အတိတ်ရဲ့ အရိပ်တွေထဲကနေလည်း ရုန်းမထွက်နိုင်ကြပါဘူး။ ဘာကြောင့်လဲ? ပစ္စုပ္ပန်ကို တည့်တည့်မရှုနိုင်တဲ့ သတိမကပ်နိုင်တာ (mindful မဖြစ်တာ) ကြောင့်ပဲ ဖြစ်ပါတယ်။ ပစ္စုပ္ပန်မှာပဲ သတိချပ်သူတွေဟာ သူတို့ရဲ့ တွေးခေါ်၊ ပြောဆို၊ ပြုမူပုံတွေ၊ သူတို့အနားမှာ ဖြစ်ပျက်နေတာတွေကို ကောင်းကောင်း သတိထားမိတာကြောင့် အရာရာကို ဂရုတစိုက်ပြုမူကြပြီး မျက်စိရှေ့မှာ ရှိနေတဲ့ အခွင့်အရေးတွေကိုလည်း မလွတ်တမ်း ဆုပ်ကိုင်နိုင်ကြပါတယ်။ ဒီလိုလူတွေဟာ ကိုယ်ဘာဖြစ်ချင်လဲ၊ ဘာလိုချင်လဲ၊ ကိုယ့်ရဲ့ ပတ်ဝန်းမှာရော ဘာတွေဖြစ်နေလဲ ဆိုတာကို ကောင်းကောင်း သိသူတွေဖြစ်တာကြောင့် ကိုယ့်ကိုကိုယ်ရော အခြားသူတွေကိုပါ ဂရုစိုက်မှုတွေ အပြည့်အဝ ပေးနိုင်ပါတယ်။
"Very Mindful, Very Intentional, Very Organized"
ချစ်စရာကောင်းတာက ကလေးဆန်တာလား? ကလေးဆန်တာ တော်တော်များများက ချစ်စရာကောင်းကြပေမယ့် ချစ်ဖို့ကောင်းတိုင်းလည်း ကလေးဆန်တာ မဟုတ်ပါဘူး။ လောကမှာ ကောင်း၏၊ မကောင်း၏ ဖြစ်ပျက်နေတဲ့ ဖြစ်ပျက်နေတဲ့ အရာတွေကို အဆိုးမမြင်ဘဲ အပြုသဘောဆောင်တဲ့ အတွေးအခေါ်တွေနဲ့ အတူ ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းတာကလည်း ချစ်စရာကောင်းချင်းတစ်မျိုးပါပဲ။ လောကမှာ ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို မတူညီတဲ့ ရှုထောင့်ကနေရှုမြင်ပြီး စိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်လွှားတယ် ဆိုတာလား သူမတူတဲ့ ချစ်စရာကောင်းခြင်းပါ။ ဒီလိုလူတွေရဲ့ အနားကို ရောက်သွားတာနဲ့ သူတို့ရဲ့ သူမတူတဲ့ ပုံစံတွေကြောင့် ကိုယ့်ရဲ့ ပင်ပန်းနွမ်းလျနေတဲ့ စိတ်တွေဟာ ဘယ်ပျောက်လို့ ပျောက်သွားမှန်းမသိ ဖြစ်သွားပါတယ်။
"Very Cutesy, Very Positive, Very Charming"
ဗိုင်းကောင်းကျောက်ဖိ၊ ရိုးရိုးအေးအေး၊ ဣန္ဒြေသိက္ခာ ထိန်းလွန်းသူတွေကို လူတစ်ချို့က ရှေးဆန်တယ်လို့ မြင်ကောင်းမြင်ကြပါလိမ့်မယ်။ ဒါပေမယ့် အေးမြရိုးရှင်းတာလေးတွေကပဲ ရင်ကို အေးချမ်းစေတာမဟုတ်လား။ ဒါကြောင့် ကိုယ့်ဣန္ဒြေကို ကိုယ်စောင့်ထိန်းပါ။ ကိုယ့်ကိုကိုယ် ချစ်ပါ။ ဂရုစိုက်ပါ။ ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းပါ။
"Very Demure, Very Mindful, and Very Cutesy"
Kavi(ကဝိ)
Keep Reading