Thar Htoo-Be Unique
ကျွန်တော်တို့ရဲ့ စိတ်ထဲမှာ
အချိန်ပြည့် စိတ်ညစ်နေမှုတွေရဲ့
နောက်ကွယ်မှာ လေ့လာကြည့်လိုက်တဲ့အခါ
'ငွေကြေး' ကြောင့်များကြတယ်လို့
ယုံကြည်ပါတယ်။
မျက်လုံး နှစ်လုံးပွင့်လာတာနဲ့
ရွေးချယ်မှုတွေလုပ်ကြရတယ်...၊
နေရေး၊ထိုင်ရေး၊ သွားရေး၊လာရေး၊
စတဲ့အရွေ့တွေတိုင်းမှာ 'ငွေ'ဆိုတဲ့
ကြားခံအရာ၀တ္တု လိုအပ်နေကြလို့ဖြစ်တယ်။
ဒါက ချက်ခြင်းထုတ်နိုင်တဲ့အဖြေ…၊
ဒီနောက်ကွယ်ကနေ ထပ်တက်ရမယ်ဆိုရင်
မိမိတို့ရဲ့ လုပ်နိုင်စွမ်း၊ကိုင်နိုင်စွမ်း
အစွမ်းအစတွေ ပါ၀င်လာမှာပဲဖြစ်ပါတယ်။
ကိုယ့်မှာ ဘယ်လောက်အချိန်ရှိလဲ?
ကိုယ့်မှာ ဘယ်လောက်စွမ်းရည်တွေ ဖြည့်တင်းထားလဲ? ကိုယ့်ရဲ့ တတ်မြောက်ထားတဲ့စွမ်းရည်တွေနဲ့
ပေးနိုင်တဲ့အချိန်တွေကိုပေါင်းစပ်ပြီး
ကိုယ့်ရဲ့ လိုအပ်တဲ့ 'ငွေပမာဏ' ကို
ရှာဖွေဖို့လိုလာပါတယ်။
ကိုယ်သုံးရင်သုံးသလောက် အပြင်
ကိုယ့်ရဲ့အခြားသော စီးပွားရေးတွေကို
ပံ့ပိုးပေးမှု-ဒီကနေမှတဆင့် ငွေပြန်ရှာနိုင်မှု
စတာတွေကကိုထည့်သွင်းရမှာဖြစ်ပါတယ်။
ကိုယ့်အတွက် တစ်နှစ်စာဘယ်လောက်ကုန်မလဲဆိုတာကိုသေချာတွက်ချက်ပြီး ဒီကနေမှတဆင့်
တစ်လတာ၊ တစ်ပတ်တာ၊ တစ်ရက်တာ ဆိုတဲ့
၀င်ငွေတွေကို မြင်လာပြီး ဘာတွေဆက်လုပ်သင့်သလဲ ဆိုတာကို ဆက်စဥ်းစားရမှာဖြစ်တယ်။
ငွေကြေးအဆင်ပြေသွားရင် အခြားသောအရာတွေကိုတဖန်အာရုံစိုက်လာနိုင်မှာမို့ အရာအားလုံးကိုပြိုင်တူလုပ်သင့်လား
တစ်ခုခြင်းဆီသွားသင့်လား ဆိုတာက
မိမိရဲ့ရွေးချယ်မှုအပိုင်း၊ တန်ဖိုးထားမှုအပိုင်း
လက်ခံထားမှုအပိုင်း တွေနဲ့ဆိုင်လာပါမယ်။
အချုပ်အားဖြင့်ပြောရရင်တော့ ကိုယ့်အနေနဲ့ နိုးထနေတဲ့ တရက်တာမှာ ဘယ်နှစ်နာရီပဲအလုပ်လုပ်မလဲ၊ဘယ်နှစ်နာရီက ကိုယ့်အတွက် 'me time' လဲ
ဘယ်နှစ်နာရီက ဘ၀ရဲ့အချိန်တွေကိုစူးစမ်းရှာဖွေမလဲ?
စတဲ့ သူမတူတဲ့ ဘ၀နေထိုင်နည်းတွေနဲ့
ချီတက်ကြရမှာဖြစ်ပါတယ်။
အရေးကြီးတာက ဇွဲမလျှော့ဘဲ
အပြုသဘောဆောင်တဲ့စိတ်နဲ့
နေ့စဥ် သင်ယူပြီး ပိုကောင်းတဲ့ 'သင်အဖြစ်'
တည်ဆောက်နေဖို့လိုအပ်မှာဖြစ်တယ်။
စိတ်ညစ်စရာတွေကို စိစစ်ပြီး
ဘယ်လို ရင်ဆိုင်ကျော်လွှားကြမလဲဆိုတဲ့ စိတ်နဲ့
ခရီးနှင်ပါ...။
🙌🙌
@TharHtooBeUnique
www.tharhtoobeunique.com
Keep Reading