ဆောင်း၀င်းလတ်
သူ့ဝတ္ထုတိုကို ခေါင်းစီးပေးပုံမှာ ရိုးရိုးလေးပင် ဖြစ်သည်။ ညာဘက်လက်။ သူရေးသည့် ညာဘက်လက်အကြောင်းကို သိလို၍ ကျွန်တော် စိတ်ဝင်တစား ဖတ်သည်။ ဝတ္ထု၏ ကျောထောက်နောက်ခံကားချပ် Hinder Land မှာ ယခင်ဆိုဗီယက်ယူနီယမ်ကာလသမယ၊ ရုရှား ပြည်သူများဘဝဖြစ်သည်။ ရေးဟန်မှာ ဝတ္ထုတိုထဲက အမည်မသိ ဆေးရုံလူနာတစ်ယောက်က စာဖတ်သူကို ပြောပြနေဟန် Retold Style ဖြစ်သည်။ထို့ကြောင့် ဝတ္ထုအစအဆုံး ပြန်ပြောပြမနသူ၏ ဇာတ်ကောင်အမည်လည်း ဝတ္ထုတိုထဲမှာ ပါမလာခဲ့ပေ။ အဆိုပါ ဝတ္ထုတိုကလေးကို ရုရှား
ဘာသာဖြင့် ဆိုဇင်နစ်ဇင်က “ရိုဒီနာ မဂ္ဂဇင်း”တွင် ရေးသားခဲ့ခြင်းဖြစ်ရာအင်္ဂလိပ်ဘာသာဖြင့် စာရေးဆရာမမာရီယာ ဒယ်နီယန့်က ပြန်ဆိုရေးသားသဖြင့် အဆင်သင့် ကျွန်တော်တို့ ဖတ်ရှုခွင့်ရခြင်း ဖြစ်သည်။ စာရေးဆရာ ဆိုဇင်နစ်ဇင်သည် ကေဂျီဘီထောက်လှမ်းရေးအဖွဲ့အစည်းကြီးက၊ယခုအခါ မရှိတော့ပြီဖြစ်သော ဆိုဗီယက်ကွန်မြူနစ်ဝါဒ၊ ဗဟိုဦးစီးစနစ်ကြီးအား အသဲအသန် ကျားကန်ပေးထားစဉ်က ဘဝအထိနာခဲ့ရရှာသူဖြစ်သည်။ နှုတ်တစ်ရာ စာတစ်လုံးဆိုသကဲ့သို့ သူဖန်တီးရေးသားသည့်Realism သရုပ်မှန်စာပေများမှာ ထိုခေတ်နှင့် ထိုစနစ်၏ ပျော့ကွက်ဟာကွက်များကို လင်းလက်တောက်ပစွာ ထင်ဟပ်ရေးသားဖော်ပြခဲ့သဖြင့်အဆိုပါ ဗဟိုဦးစီးကြိုးနီစနစ်၏ မျက်မာန်တော်ရှခြင်းကို ခံခဲ့ရသည်။
နောက်ဆုံးတွင်လွတ်လပ်စွာ အနုပညာဖန်တီးခွင့်ရဖို့ အမေရိကားသို့ပြောင်းရွှေ့နေထိုင်ခဲ့ရ၏၊ ထိုကာလများက ယခုညာဘက်လက်ကို ဝတ္ထုတိုအသွင် သူရေးခဲ့သည်။ ယခုအခါ ဆိုဗီယက်ယူနီယံသည် ရုရှားနိုင်ငံဖြစ်လာခဲ့ရသလို ကေဂျီဘီသည်လည်း F.S.B ဟု အမည်ပြောင်းခဲ့ရပြီးဖြစ်သည်။
ညာဘက်လက်အကြောင်းဆက်ကြပါဦးစို့။ ဝတ္ထုတိုထဲတွင် စာဖတ်သူအား ပြန်ပြောပြနေသည့် အမည်မဲ့ ဇာတ်ကောင်သည် ရင်ဘတ်ထဲအောင့်သော ဝေဒနာဖြင့် ဆေးရုံတက်နေရခြင်း ဖြစ်သည်။စာရေးဆရာက ဝတ္ထုတို၏ အစပိုင်း၌ ဆေးရုံ၏ အဝန်းအဝိုင်းပရိဝုဏ်ပြင်ပ ဗဟိန္ဒသဏ္ဍာန်ကို အသေးစိတ် ရေးဖွဲ့တင်ပြသည်။ဆေးရုံဝန်းကျင်တွင် ပန်းဥယျာဉ်ရှိပုံ၊ ပန်းရောင်စုံများစွာ လှပစွာရှိနေပုံ၊ နွေဦးပေါက်ရာသီ၏ သာယာလှပမှု၊ ငှက်ကလေးများတေးဆိုမှုစသဖြင့် ဖတ်ချင်စဖွယ် ရှိသည်။ လ္ဘက်ရည်ဆိုင်၊ စားသောက်ဆိုင်ကလေးများအပြင် စာအုပ်နှင့် စာရေးကိရိယာအရောင်းဆိုင်လေးများပင် ဆေးရုံ
ပတ်ဝန်းကျင်တွင် ရှိနေသည်ကို အသေးစိတ် ရေးဖွဲ့ထားသည်။
တစ်ခါတွင်မူ ဝတ္ထုတိုထဲမှ ဇာတ်ကောင်သည် မြက်ခင်းစိမ်းမြပေါ်၌ စိတ်လိုလက်ရ လဲလျောင်းနေမိ၏။ သူ့ပတ်ဝန်းကျင်တွင် ဆေးကျောင်းသူ၊ ကျောင်းသားလေးတချို့က စာပေ ဆွေးနွေးနေကြသည်။ဆေးရုံမှာ လက်တွေ့ လာရောက်ပညာဆည်းပူးနေကြသော ပျိုမျစ်နုနယ်ချစ်စဖွယ်လူငယ်လူရွယ်လေးများ၏ တတ်ကြွဟန်ကို လူနာတစ်ဦးအနေဖြင့် ကြည်နူးငေးမောရင်း ဝေဒနာအား ခေတ္တခဏ မေ့လျော့ရပါကြောင်းလည်း ဇာတ်ကောင်က စာဖတ်သူကို ပြောပြသည်။ဆေးရုံဆိုသည့်အတိုင်းပင် တစ်ခါတစ်ရံတွင် ဈာပန မြေချဖို့အအေးတိုက်မှ ထုတ်ယူသယ်ဆောင်သွားရသော နာရေးနှင့်ဆိုင်သည့်လွမ်းဆွတ်သံဝေဂရဖွယ်ရာ ဓမ္မတေးသံများကိုလည်း သူက ခပ်သဲ့သဲ့မျှကြားရတတ်ကြောင်းလည်း ရေးဖွဲ့ထားသည်။
ဝတ္ထုတို၏ အလယ်ပိုင်းလောက် ထဲမှာ အဆိုပါ ဇာတ်ကောင်မှာ သူတစ်ဦးတည်းသာ ဖြစ်ခဲ့၏။ မကြာပါချေ။ ဝတ္ထုတိုထဲသို့ မထင်မှတ်ဘဲ ဇာတ်ကောင်တစ်ဦး ထပ်ရောက်လာ၏။ ထိုညနေကသူသည် ဆေးရုံဂိတ်တံခါးဝနားသို့ လမ်းလျှောက်ရင်း ရောက်သွားရာအဆိုပါ ဇာတ်ကောင်နှင့် မမျှော်လင့်ဘဲ ဆုံဆည်းရခြင်း ဖြစ်သည်။ ဇာတ်ကောင်မှာ သက်ကြီးရွယ်အိုတစ်ယောက်သာ ဖြစ်သည်။ ကျန်းမာရေးရော၊လူ၏ သွင်ပြင်ဥပဓိပါ အတော်လေးနုံချာယိမ်းယိုင်နေသူ ဖြစ်သည်။
ထိုသက်ကျားအိုက သူ့ကို အကူအညီတောင်းသည်မှစ၍ ဇာတ်ကောင်တစ်ဦးနှင့်တစ်ဦး အပြန်အလှန် စကားပြောသံ Dialogues များစတင်ပါဝင်လာသည်။ သက်ကျားအိုက ဆေးရုံတက်ခွင့်ရလိုကြောင်း သူ့ကို အကူအညီတောင်းသည်။ သူက လူနာချင်း ရိုင်းပင်းသည့်အနေဖြင့်လျှောက်လွှာတစ်စောင် ရေးပေးသည်။သက်ကျားအိုကြီးအား ဥယျာဉ်ထဲမှ ခုံတန်းရှည်ပေါ်တွင် ထိုင်ခိုင်းထားခဲ့ကာ တာဝန်ကျ သူနာပြု ဆရာမများအခန်းသို့ သူလျှောက်လာခဲ့သည်။ လူနာတစ်ယောက် ဆေးရုံတက်ချင်၍ လျှောက်လွှာလာတင်ကြောင်း သူပြောသည်။
သူ့ကိုယ်သူ ကြော့မော့ရွနေအောင် အလှပြင်ထားသည်။ သူနာပြုဆရာမလေးက ဂရုမစိုက်။ လက်ထဲမှ ဖတ်လက်စရုပ်ပြကာတွန်းနှင့် မျက်နှာမခွာ။ သူက သက်ကျားအိုအတွက် ထပ်မံအသံပြုသည်။ သူနာပြုဆရာမလေးကလူနာလက်ခံချိန်မဟုတ်ကြောင်းမနက်ကိုးနာရီမှသာ တွေ့ဆုံနိုင်မည်ဖြစ်ကြောင်းပြောကာ ရိုင်းပျစွာမောင်းထုတ်သည်။ သူက ဝမ်းနည်းစွာဖြင့် အဘိုးအိုထံ ပြန်လာပြီး အကျိုးအကြောင်း ပြောပြသည်။အဘိုးအိုက သူသည် ကမ္ဘာစစ်ကြီးအတွင်းက ဆိုဗီယက်နိုင်ငံတော်ကြီးအတွက် ရွပ်ရွပ်ချွန်ချွန်တိုက်ပွဲဝင်ခဲ့သော စစ်ပြန်ဟောင်းကြီး
ဖြစ်ကြောင်းပြောပြကာ အငြိမ်းစား လစာရတော့မည့် စစ်အတွင်း သူနှင့်အတူ တိုက်ပွဲဝင်ခဲ့သော အထက်အရာရှိတစ်ဦး အသတ်ခံလိုက်ရ၍ထောက်ခံချက်ပေးမည့်သူမရှိ။
ဖြစ်ခဲ့ရကြောင်းပြောပြီး ဆေးရုံမှ တာဝန်ရှိသူတွေကို ပြောပြီး ညှာတာစွာ စဉ်းစားလက်ခံပေးဖို့ ပြောခိုင်းပြန်သည်။အဘိုးအိုက သူ့မှာ စစ်ပြန်ကြီးတစ်ယောက်ဆိုတာ ပြစရာ အထောက်အထားများလည်း နှစ်တွေကြာပြီမို့ ပျောက်ရှခဲ့ရပြီဖြစ်ကြောင်းပါ ပြောပြသည်။ သူက သူနာပြုဆရာမလေးကို အကျိုးအကြောင်းသွားပြောရာ ဂရုတစိုက်အရေးတယူမရှိလှဘဲ ဒီလောက်တောင် ဆေးရုံတက်
ချင်ရင် အရေးပေါ်လူနာတင်ကားနဲ့ သယ်လာတဲ့အခြေအနေမျိုး ဆိုးဆိုးရွားရွားဖြစ်အောင် လုပ်ခိုင်းလိုက်ဟု မချေမငံ ဆက်ဆံပြောဆိုလိုက်သည်။
အဘိုးအိုးထံ သူပြန်ရောက်လာပြီး တိကျသည့် အထောက်အထား ထောက်ခံချက်တစ်စုံတစ်ခုရှိရင် ပိုအဆင်ပြေနိုင်ပါလိမ့်မည်ဟု ပြောတော့ အဘိုးအိုက ကုတ်အင်္ကျီအစုတ်အပြဲ၏ အိတ်ထဲတွင် တစ်ချိန်လုံးထည့်ထားသည့် ညာလက်ကို ထုတ်ပြသည်။ ဒီထက် တိကျတဲ့ သက်သေအထောက်အထားတော့ မရှိနိုင်ဘူး။ ဒီလက်တစ်ဖက်ဟာ တိုက်ပွဲမှာ ဒဏ်ရာရပြီးကတည်းက လှုပ်ရှားလို့မရအောင်အကြောတွေ့ သေနေတဲ့ လက်ပဲဟု ပြောပြသည်။ခကြာတော့မှ အဘိုးအိုက တစ်စုံတစ်ရာသတိရဟန်ဖြင့်ဟောဒီစာရွက်ပိုင်းကလေးတော့ မပျောက်မပျက် ရှိသေးတယ်။ ဖတ်ကြည့်ပါဦးဆိုသဖြင့်/သူ ယူဖတ်ကြည့်လိုက်သည်။ သူအံ့ဩသွား၏။ ဝါကျင်ဟောင်းနွမ်းကြေမွနေသော်ငြား ‘ကမ္ဘာ့အလုပ်သမားညီညွတ်ရေး အစည်းအရုံးကြီးမှတရားဝင် ထုတ်ပေးထားခဲ့မသာအဖွဲ့ဝင်စာရွက်ကြီးဖြစ်
နေသည်။
ထိုအခါကျမှ စာရေးဆရာက အဘိုးအို၏ နာမည်ကို ဇာတ်ကောင်အမည်အဖြစ် ပြောပြသည်။ဗီဗရော့ဗ်အန်ကေ . . . တဲ့။ ၁၉၂၁ ခုနှစ်တွင် သူသည် အစည်းအရုံးကြီးအတွက် အထူးစည်းရုံးရေးဝတ္တရားများကို ကျေပွန်စွာရွက်ခဲ့သော အလုပ်သမားကောင်းကြီးတစ်ယောက်ဖြစ်ပါသည်ကောင်းပြီဗျာ။ ဒီစာရွက်လောက် ဒီနိုင်ငံမှာ အရေးပါတာဘယ်ရှိတော့မှာလဲ။ ခဏစောင့်။ ဒီခုံတန်းမှာပဲ ထိုင်စောင့် သူနာပြုဆရာမကို ကျွန်တော် ဒီစာရွက်သွားပြမယ်ဟု ဆိုကာ သူက အလွန်စိတ်ပျက်ဖွယ်ကောင်းသော အခန်းလေးထဲသို့ တကျော့ ပြန်ဝင်ခဲ့သည်။
ဒီတစ်ခါတော့ ပို၍ တင်းမာခက်ထန်လွန်းသည်။ ဘယ်က စာရွက်စုတ်ကို ယူလာပြန်ပြီလဲ။ မနက်ကိုးနာရီလေ ပြောနေတာ နားမလည်ဘူးလားဟုဆိုပြီး ရုပ်ပြကာတွန်းစာအုပ်ကို ဆက်ဖတ်နေသည်။ ရပ်ဝေးဒေသတစ်ခုမှ အဖော်မပါ ရောက်လာကာ ဒီမြို့လေးမှာ ခိုနားစရာ အိမ်မရှိ။ တည်းခိုခန်းကလည်း မရှိသော ရောဂါဝေဒနာသည် အဘိုးအိုက မှောင်ရိပ်သန်းစကာလတွင် ခုံတန်းရှည်လေးပေါ်မှာ တိတ်ဆိတ်စွာ ထိုင်လျက်ဟု စာရေးဆရာက သူ့ဝတ္ထုလေးကို အဆုံးသတ်ထားသည်။
ဆိုဇင်နစ်ဇင်အရေးအဖွဲ့မှာ ရိုးစင်းပါသည်။ သို့သော် ဆိုဗီယက်အလုပ်သမားနိုင်ငံတော်ကြီးဖြစ်လာဖို့အတွက် တစ်ထောင့်တစ်နေရာမှသွေးနှင့်ချွေးနှင့် ရင်းနှီးပေးခဲ့ရသော လူတစ်ယောက်၏ ဘဝတာ။ ဘဝ၏ အဓိပ္ပာယ်ကို သရုပ်မှန် ဇာတ်ကောင်စရိုက် Realistic Charactierismထိုခေတ်ဝန်ထမ်းလောကယန္တရားကြီးကို ကွက်တိတင်ပြကာ ရများဖြင့်သအဖွဲ့ ဖွဲ့ဆိုနိုင်ခဲ့သည်။
(Art and craft of Short Story) ဟု ဆိုလေ့ရှိကြသည်။ ဝတ္ထုတိုတစ်ပုဒ်တွင် ပါဝင်လေ့ရှိသော အနုပညာနှင့် အတတ်ပညာပိုင်းကို သူ့ဝတ္ထုတိုအရေးအသားတွင် ကျွန်တော် အကဲခတ် သုံးသပ်ခဲ့ရာ ခေါင်းစီးနာမည်ပေးပုံကအစ စနစ်တကျ အကွက်ချထားကြောင်း ပေါ်လွင်နေပေသည်။၊ ညာဘက်လက်ဆိုသည်မှာ ဝတ္ထုတို ဖြစ်စဉ်ကာလ Pe-The Right Handriod နှင့် ဆက်နွှယ်အဓိပ္ပာယ်ရှိနေ၏။
ဝတ္ထုတို၏ အဓိကဇာတ်ကောင်မှာ ပြန်ပြောပြနေသူမဟုတ်တော့ဘဲ အလုပ်သမားအစည်းအရုံးအဖွဲ့ဝင်ဟောင်း၊ စစ်ပြန်ဟောင်း အဘိုးအိုကြီးသာ ဖြစ်လာရ၏။ သူသည်သာ ဝတ္ထုတို၏ အဓိက ပင်ဇာတ်ကောင်MainCharacter ဖြစ်နေသည်။သူ့ညာဘက်လက်သည် အလုပ်သမားအစည်းအရုံးကြီးအတွက်ကြွေးကြော်သံများကို တက်ကြွစွာ ဆန့်တန်းကျူးရင့်ခဲ့ရသော ညာဘက်လက်၊ ဆိုဗီယက်တပ်နီတော်အတွက်၊ မိမိနိုင်ငံတော်အတွက် ရန်သူတပ်များအား ရင်ဆိုင်တိုက်ပွဲဝင်ရာတွင် မိမိကိုင်တွယ်ရသော သေနတ်တစ်လက်၏ Trigger မောင်းခလုတ်ကို ဆွဲရာတွင်လည်း ညာဘက်လက်ကိုအသုံးပြုခဲ့ရသည် မဟုတ်ပါလား။ထိုကဲ့သို့သော သမိုင်းဝင်လက်ပိုင်ရှင် အဘိုးအိုတစ်ယောက်ကိုဂုဏဝုတ္ထိ၊ ဝယဝုတ္ထိမရှိ။ ပကတိဥပက္ခာပြုတတ်ကြသည့် ဆိုဗီယက်ဝန်ထမ်းလောက၏ ယန္တရားဟောင်းကြီးကို ဆိုဇင်နစ်ဇင်က ဝတ္ထုတိုအနုပညာဖြင့် Satire Style သရော်စာဟန်နှင့် စာဖတ်သူတို့အား နဖူးတွေ့၊ဒူးတွေ့ အတွေးရသပေးကာ ‘ထွေ’ခဲ့ခြင်းသာ ဖြစ်ပါသည်။
ရနံ့သစ် မဂ္ဂဇင်း
အမှတ်(၈၁)၊ ၂၀၀၁ခုနှစ်၊ စက်တင်ဘာလ
Keep Reading