Honey cho
ကျွန်မတို့လူသားတွေဟာနေ့စဉ်နဲ့အမျှစီးပွားရေး၊လူမှုရေး၊ကျန်းမာရေး၊စားဝတ်နေရေးဆိုတဲ့လုပ်ဆောင်မှုမျိုးစုံကိုနေ့စဉ်နဲ့အမျှအချိန်နဲ့တေပြးညီလှုပ်ရှားရုန်းကန်နေကြရပါတယ်။ဒါပေမဲ့ဘယ်လောက်ဘဲအလုပ်များတဲ့သူဖြစ်ဖြစ်၊စိတ်ေရာ၊ကိုယ်ပါအနားယူဖို့အချိန်၊မိသားစုကိုဂရုစိုက်ဖို့အချိန်လေးတွေတော့လူတိုင်းဟာ ဖန်တီးယူလေ့ရှိကြပါတယ်။အဲ့လိုရခဲလှတဲ့အချိန်အခိုက်အတန့်လေးကိုမိမိရဲ့ချစ်ခင်နှစ်သက်ကြတဲ့သူ၊မိသားစု၊မိတ်ဆွေအပေါင်းအသင်းများစွာနဲ့လည်းအမှတ်တရbest memories လေးတွေကိုဖန်တီးကြပါတယ်။ထိုအမှတ်တရလေးတွေကိုအားလပ်ချိန်များမှာချစ်ခင်နှစ်သက်ရသူတွေနဲ့ခရီးအတူသွားခြင်း၊ပျော်ပွဲစားထွက်ခြင်းစတဲ့စိတ်နဲ့ခန္ဓာကိုယ်ကိုအနားပေးတဲ့နည်းလမ်းမျိုးစုံ ကိုသုံးလေ့ရှိကြပါတယ်။
ကျွန်မတို့ ကျောင်းသား လူငယ်တွေ မှာလည်း လူကြီးတွေနည်းတူတစ်ခါတလေစိတ်ညစ်ညူးတဲ့အချိန်အခိုက်အတန့်လေးတွေလည်းရှိပါတယ်။လူကြီးတွေကစီးပွားရေးပြသနာ၊လူမှုရေးပြသနာတွေ ကြောင့်စိတ်ရှုပ်တာဟာ နားလည်ပေးလို့ရတဲ့ ပုံမှန်ကိစ္စတစ်ရပ် လိုဆိုပေမဲ့ ကျွန်မတို့လို ကျောင်းသားလူငယ် တွေကစိတ်ညစ်ညူးစရာ၊စိတ်ဖိအား၊ဖိစီးမှုတွေရှိတယ်လို့ပြောရင်တော့ရယ်စရာတစ်ခုလို့တစ်ချို့ကထင်မြင်ကြပါတယ်။ဒါပေမဲ့ တစ်ခုကံကောင်းတာကအမြဲတမ်းကျောင်းစာတွေ နဲ့ လုံးပမ်းနေရတဲ့ကျွန်မတို့ဘဝကို နားလည်ပေးတဲ့ကျွန်မတို့ရဲ့ မိဘနှစ်ပါးကို ပိုင်ဆိုင်ရခြင်းဟာလည်း ကောင်းကင်ကြီးက ကျွန်မတို့မောင်နှမကိုပေးတဲ့အဖိုးမဖြတ်နိုင်တဲ့ လက်ဆောင်တစ်ခုလိုပါဘဲ။
ကျွန်မတို့ရဲ့မိဘနှစ်ပါးဟာကျွန်မတို့မောင်နှမကိုဘယ်အရာကိုမှအတင်းအကြပ်ဖိအားပေးလေ့မရှိဘဲလွတ်လပ်စွာဆုံးဖြတ်ခွင့်ပေးလေ့ပေးထရှိပါတယ်။သူတို့ရဲ့ငယ်ဘဝကစည်းကမ်းတင်းကျပ်တဲ့မိသားစုက ဆင်းသက်လာခဲ့ရလို့ ငယ်ဘဝအမှတ်တရ၊ပျော်ရွှင်စရာ အမှတ်တရ များစွာကိုဆုံးရှုံးခဲ့ရတာမို့ကျွန်မတို့မောင်နှမရဲ့ငယ်ဘဝကိုတော့အဲ့လိုမဖြစ်စေချင်ဘူးဟုအမြဲတစ်ပြိုင်နက်ဆိုလေ့ရှိကြပါတယ်။အဖေနဲ့အမေဟာ ချုပ်ချယ်မှုကိုမနှစ်သက်ကြတဲ့သူ
တွေဖြစ်ကြသလိုသူတို့ကိုလွတ်လပ်မှုအရသာကိုခံစားစေတဲ့အရာကတော့ခရီးသွားခြင်းဆိုလည်းမမှားပါဘူး။
ကျွန်မတို့ မောင်နှမသိတတ်စ အရွယ်ကပင် အဖေနဲ့အမေဟာအမြဲလိုလိုအနည်းဆုံးတစ်နှစ်မှာ တစ်ကြိမ်တော့ ခရီးထွက်ခြင်းဖြင့် သူတို့ရဲ့စိတ်ဖိစီးမှု၊အလုပ်ပင်ပန်းမှုတွေကနေ ခေတ္တအနားယူလေ့ရှိကြပါတယ်။ကျွန်မတို့မိသားစု အတွက် နယ်ေမြသစ်တစ်ခုကို သွားရောက်လှည့်ပတ်ခြင်း၊ယဉ်ကျေးမှုအသစ်တွေလေ့လာခြင်း၊သဘာဝပတ်ဝန်းကျင်အလှအပတွေကိုခံစားခြင်း၊နယ်မြေသစ်မှာမိတ်ဆွေအပေါင်းအသင်းအသစ်တွေပြုလုပ်ကြခြင်းတို့ဟာ ကျွန်မတို့ရဲ့ ဘဝမှာရင်ဆိုင်ရမဲ့အနာဂတ် အတွက် စိတ်ဓာတ်ခွန်အားအသစ်တွေနဲ့ ခံယူချက်အသစ်တွေကို အမြဲဖန်တီးပေးပြီး ခရီးသွားပြီးပြန်လာချိန်တိုင်းမှာလည်း လုံးဝကိုအလုပ်တွေပြန်လုပ်ဖို့၊စာတွေပြန်လေ့လာဖို့ကို လုံးဝactiveဖြစ်ဖြစ်နဲ့ လန်းလန်းဆန်းဆန်းကံ့ကော်ပန်းသဖွယ်ပြုမူလေ့ရှိကြပါတယ်။
ကျွန်မတို့မိသားစုထွက်ခဲ့တဲ့များလှစွာသောခရီးစဉ်တွေထဲကမှာကျွန်မလုံးဝမေ့မရတဲ့ခရီးစဉ်လေးတစ်ခုရှိခဲ့ပါတယ်။ထိုခရီးစဉ်လေးကေတာ့ ကျွန်မတို့မောင်နှမရဲ့သီတင်းကျွတ် ကျောင်းပိတ်ရက်ရှည် ရတဲ့အချိန်လေး ကိုမိဘနှစ်ပါးကကျွန်မတို့ကိုအရင်ကသွားခဲ့တဲ့ခရီးစဉ်လေးနဲ့မတူအောင် ကျွန်မတို့ကို surprise gift စီစဉ်ထားခဲ့ပါတယ်။ဘာလို့ သူတို့ဒီလိုစီစဉ်ရလဲဆိုတော့ ကျွန်မရဲ့ အသက်၁၆နှစ်ပြည့်မွေးနေ့လက်ဆောင်ဟုလည်းဆိုနိုင်ပါတယ်။ဒီခရီးစဉ်လေးကတော့ ကျွန်မတို့မိသားစုလေးရဲ့ချစ်ခြင်းတရား၏အမှတ်တရလေးတစ်ခုဆိုလည်းမမှားပါဘူး။
ကျွန်မတို့မိဘတွေစီစဥ်ခဲ့တာကတော့-ကျွန်မတို့မောင်နှမတွေ တစ်ခါမှမရောက်ဖူးလို့ အမြဲတစ်ခါလောက်တော့သွားချင်မိတယ်လို့ပြောခဲ့တဲ့ပုဂံမြို့သို့အလည်တစ်ခေါက်ခရီးစဉ်လေးပဲဖြစ်ပါတယ်။မိဘတွေက ကျွန်မတို့ရဲ့အေဖ့ဘက်မှအဘွားရှိ မန္တလေးကိုကျွန်မတို့အရင် ဦးလေးရဲ့ကားနဲ့ သွားရောက်ခဲ့ပါတယ်။သူတို့ရဲ့အကြံဟာခုတစ်ခါခရီးကတော့ မိသားစုဝင်တိုင်း နဲ့အမှတ်တရ ဖန်တီးပေးဖို့ဘဲဖြစ်ပုံရပါတယ်။အဘွားရဲ့အိမ်ကို ကျွန်မတို့နေထိုင်ရာ ပဲခူးမြို့ကနေ သွားတဲ့လမ်းတစ်လျှောက်ကတော့ကျွန်မတို့မောင်နှမဟာမုန့်စားရင်း၊စနောက်ရင်းနဲ့ဘဲနောက်ဆုံးမှာ အိပ်မောကျသွားပြီးဟိုရောက်ခါမှသာ ရောက်မှန်းသိပါတော့တယ်။
ကျွန်မတို့အဘွားအိမ်ကိုရောက်တဲ့အခါမှာ အဘွားရဲ့သူ့ဆီမမျှော်လင့်ဘဲမြေးတွေလာလည်တဲ့ခံစားချက်ကြောင့်ထင်ပါရဲ့။ေပျာ်ရွှင်ခြင်းမျက်ရည်တွေမျက်ဝန်းအိမ်မှာပြည့်ေနတာကိုကျွန်မတွေ့ခဲ့ရပါတယ်။ဒါကလည်းလုံးဝကို ယနေ့တိုင်မျက်လုံးထဲကမထွက်တဲ့မြင်ကွင်းတစ်ခုဆိုလည်းမမှားပါဘူး။ခုတစ်ခါ ခရီးကတော့ အရင်သွားတဲ့ခရီးတွေနဲ့မတူဘဲကျွန်မတို့မိဘတွေကပိုပြီးအဆင့်မြင့်တဲ့ခရီးစဉ်တစ်ခုဟုပြောပါတယ်။ဘယ်လိုမျိုးလဲလို့ ကျွန်မတို့မောင်နှမကကလေးပီပီဟန်ချီချီမေးတဲ့အချိန်မှာတော့သူတို့ဟာခရီးအစအလယ်အဆုံးကိုပြည့်စုံေအာင်စီစဉ်ပေးဖို့ခရီးသွားစီစဉ်ရေးအဖွဲ့တစ်ခုကိုဌားထားကြောင်းအဘွားနဲ့လေးလေးကိုရှင်းပြကြပါတယ်။
ထို့ကြောင့်အဘွားကလူကြီးပီပီသေချာမေးတော့အဖေနဲ့အမေကYolo Travel 4Uဆိုတဲ့ခရီးသွားအေဂျင်စီတစ်ခုနဲ့ချိတ်ဆက်ထားတယ်လို့လည်းဆိုပါတယ်။အဘွားတို့နေထိုင်ရာမြို့မန္တလေးကနေကျွန်မတို့သွားေရာက်လည်ပတ်လိုတဲ့ပုဂံခရီးစဉ်ရောက်သည်အထိအသွားအပြန်ကားလက်မှတ်ဖိုးရော၊ဟိုတယ်အခန်းခ၊ဟိုတယ်မနက်စာအပြင် ပုဂံကိုရောက်တဲ့အခါသွားရောက်လည်ပတ်လိုတဲ့နေရာများကိုပါကားစင်းလုံးဌားပေးတဲ့ဝန်ဆောင်မှု၊မီးပုံးပျံလက်မှတ်စတာတွေလည်း အစုံပါဝင်တဲ့ဝန်ဆောင်မှုပေးတဲ့နေရာဟုဆိုပါတယ်။
သူတိုဟာ 2D3Nဆိုတဲ့၂ညအိပ်၃ရက်ခရီးစဉ် package ကိုကျွန်မတို့မိသားစု 5ယောက်စာယူထားတယ်ဟုဆိုပါတယ်။အဘွားကတော့ဒီအစီအစဉ်ကိုသိပ်သဘောကျပုံမရပါဘူး။ဒီတစ်ခုကိုတော့ သူအဖေနဲ့အမေ့ကို လှမ်းကြည့်တဲ့အကြည့်တွေကနေ ကျွန်မတပ်အပ်ပြောနိုင်ပါတယ်။ဒါပေမဲ့လည်း သူဟာကျွန်မရဲ့မွေးနေ့လက်ဆောင်မို့ ဘာမှမတတ်သာဘဲကျွန်မရဲ့မိဘတွေကိုပြိုင်မငြင်းဘဲသူတို့စီစဉ်ထားမှုနဲ့အတူကျွန်မတို့ခရီးစဉ်ကိုစတင်ခဲ့ပါတယ်။ကျွန်မတို့ခရီးစဉ်လေးဟာမနက်၈နာရီခွဲလောက်ကနေပြီးကျွန်မတို့မိသားစုဟာကျွန်မတို့ရဲ့အိပ်မက်မြို့တော်ကို ဦးတည်ပြီးခရီးသွားအဖွဲ့ကစီစဉ်ပေးခဲ့တဲ့ကားနဲ့ထွက်လာခဲ့ပါတယ်။ကျွန်မတို့မိသားစုဝင်တွေဟာ အမြဲတမ်းလိုလိုခရီးသွားနေကြမို့ ကျွန်မတို့အဖို့ကားစီးလို့ မူးတယ်ဆိုတာဟာ ဟာသတစ်ခုလိုရယ်စရာတစ်ခုလိုပါဘဲ။ဒါပေမဲ့ အဘွားကအသက်၆၀အရွယ်မို့သူ့ကို အနည်းငယ်ဝိုင်းစိတ်ပူနေကြပေမဲ့ သူဟာကျွန်မနဲ့ရွယ်တူလို့ထင်ရလောက်အောင်ထိလုံးဝကိုဒေါင်ဒေါင်မြည်ဆယ်ကျော်သက်လေးလို ဒီခရီးကိုလန်းဆန်းတက်ကြွစွာ စတင်ခဲ့ပါတယ်။
ကျွန်မတို့မောင်နှမကလည်းလုံးဝကိုစိတ်လှုပ်ရှားမှုအပြည့်နဲ့ကားပေါ်ကနေလမ်းမကြီးတေလျှာက်ရှိသဘာဝအလှပတ်ဝန်းကျင်နဲ့စိမ်းလန်းစိုပြည်နေတဲ့သစ်ပင်တွေ၊တောင်တန်းတွေရယ်၊မနက်ခင်းကိုဆီးကြိုနေတဲ့နေမင်းကြီးထင်းထင်းကြီးထွက်ပေါ်လာပုံကိုတပြုံးပြုံးနဲ့သဘောကျလျက်ရှိနေပါတယ်။ဒါ့ပြင်တိုက်ခတ်နေတဲ့လေနုအေးလေးကိုကားပြတင်းပေါက်ကလေးကနေကျွန်မတို့မောင်နှမရဲ့နှာခေါင်းလေး၊မျက်လုံးလေးတွေဆီတဖြူးဖြူးလေးအေးမြမှုဟာလည်းလုံးဝကိုအကောင်းဆုံးသောစိတ်အေးချမ်းစေမှုတစ်ခုကိုခံစားခဲ့ရပါတယ်။
မောင်နှမနှစ်ယောက်သားမုန့်လုစားရင်း၊သီချင်းနားထောင်ရင်း၊ပတ်ဝန်းကျင်မြင်ကွင်းတွေကိုကြည့်ရင်းနဲ့တရွေ့ရွေ့အချိန်တွေကုန်ရင်းကျွန်မတို့ရဲ့ပန်းတိုင်ဖြစ်တဲ့ပုဂံမြို့ကိုညနေစောင်း၃နာရီလောက်မှာရောက်ရှိလာခဲ့ပါတယ်။ထိုအခါမှာတော့ခရီးသွားအဖွဲ့ကစီစဉ်ပေးထားတဲ့ဟိုတယ်မှာဘဲကျွန်မတို့အနားယူဖို့စီစဉ်ခဲ့ကြပါတယ်။ကျွန်မတို့မိသားစုဟာလည်းကားနှစ်ဆင့်စီးလာရတဲ့အတွက်ကြောင့်ခရီးပန်းနေသလိုခံစားချင်မျိုးနဲ့အတူဗိုက်ကလည်းဆာစပြုလာခဲ့ပါတယ်။ကျွန်မတို့မောင်နှစ်မရဲ့အရိပ်အခြေကို မျက်ခြေမပြတ်ကြည့်နေရှာတဲ့အဘွားက အဖေနဲ့အမေကိုသွားကလေးတို့ကိုညစာစီစဉ်ပေးချေဟုဆူလိုက်ပါသည်။
ကျွန်မတို့မိဘတွေလည်းစီစဉ်ထားတဲ့အခန်းထဲပါလာတဲ့ခရီးဆောင်အိတ်တွေချတာနဲ့နာမည်စာရင်းပေးတာတွေကိုအမြန်ဆံုးလုပ်ဆောင်ကြပြကျွန်မတို့မောင်နှစ်မကြိုက်တတ်တဲ့ဟင်း၃လေးမျိုးနဲ့ညစာကိုမှာကျွေးပါတယ်။ပုစွန်ဟင်း၊ကြက်သားဟင်း၊ကုန်းဘောင်ကြော်၊ချဉ်ဟင်းနဲ့ငရုတ်သီးကြော်အစရှိတဲ့ဟင်းတွေအပြင်အဘွားဖို့ဝက်သားနဲ့ငပိရည်၊တို့စရာအစုံပါစီစဉ်ပေးခဲ့ပါတယ်။အဘွားကရှေးလူကြီးမို့ ငပိရည်မပါရင်ထမင်းဝိုင်းဟာမပြည့်စုံဘူးလို့အမြဲထမင်းလက်စုံစားချိန်တိုင်းပြောလေ့ရှိပါတယ်။
ကျွန်မတို့လည်းညစာကိုအဝဆွဲပြီးချိန်မှာတော့ နောက်တစ်နေ့မနက်စောစောထပြီးလည်ပတ်နိုင်ဖို့အတွက်အားအင်သစ်ရအောင် စောစောအနားယူလိုက်ကြပါတယ်။အမေနဲ့အဘွားဟာဘာသာတရားကိုင်းရှိုင်းကြတဲ့သူတွေမို့ငယ်စဉ်ကတည်းကကျွန်မတို့မောင်နှမကိုအမြဲညတိုင်းလိုလိုဘုရားရှိခိုးဖို့သင်ပေးထားသောကြောင့်ကျွန်မတို့မောင်နှမနှစ်ယောက်လည်းနှစ်ယောက်သံပြိုင်ဘုရားဝတ်ပြုပြီးခါမှဘဲ ညအိပ်ယာဝင်လိုက်ကြပါတယ်။
ကျွန်မတို့ဟာဟိုတယ်မှာအဘွားနဲ့ဦးလေးကတစ်ခန်း၊အဖေနဲ့အမေကတစ်ခန်း၊ကျွန်မတို့မောင်နှမကတစ်ခန်းစီဖြင့်သီးသန့်တည်းခိုနေခဲ့ကြပါတယ်။စောစောထတဲ့ဌက်ဟာအစာပိုရတယ်ဆိုတဲ့အတိုင်းကျွန်မတို့နှစ်ယောက်ဟာညကစောစောအိပ်ခဲ့တဲ့အရှိန်ကြောင့်မနက်ပိုင်းမှာတစ်ခ့မှမနိုးစဖူးမနက်၇နာရီခွဲနဲ့တင်မျက်လုံးတွေautoပွင့်လာခဲ့ပါတယ်။ကျွန်မတို့သာမကအိမ်ကမိသားစုဝင်တွေအကုန်လည်းနိုးနေကြပုံပါဘဲ။ကျွန်မတို့အားလုံးဟာ မနက်ခင်းလေးကို မျက်နှာသစ်၊သွားတိုက်ဆိုတဲ့မနက်ခင်းactivitiesများစွာလုပ်ဆောင်ပြီးတာနဲ့အဆင်သင့်ပြင်ေပးထားတဲ့ထမင်းကြော်နဲ့ကြက်ဥကြော်၊ပရှုးထမင်းနဲ့လက်ဖက်ရည်၊မုန့်ဟင်းခါးအစုံကိုမနက်စာအဖြစ်စတင်သုံးဆောင်အားဖြည့်ပြီးနေ့တစ်နေ့ကိုလည်ပတ်ဖို့အဆင်သင့်ဘဲဖြစ်နေခဲ့ပါတယ်။
ကျွန်မတို့လည်ပတ်မဲ့လှည်းဝင်ရိုးသံ၊တညံညံပုဂံဘုရားပေါင်းဆီကိုပို့ဆောင်ပေးမဲ့ကားကလည်းလုံးဝကိုအဆင်သင့်ကျွန်မတို့ကိုစောင့်ကြိုနေခဲ့ပါတယ်။ကျွန်မတို့လည်းတည်းခိုရာနေရာမှ၄၅မိနစ်ကြာကားစီးပြီးနောက်ပုဂံဘုရားများစွာကိုကားေပါ်ကေနစတင်ဖူးမြော်ခွင့်ရခဲ့ပါတယ်။ပုဂံဘုရားတွေရဲ့အနီးကပ်မှာရှိနေတဲ့မေခနဲ့မလိခပေါင်းစုံရာဧရာဝတီမြစ်ကြီးကိုတွေ့မြင်ရပါတယ်။ဧရာဝတီမြစ်ရဲ့အလှဟာလည်းလုံးဝကိုဂန္တဝင်မြောက်လှသလို၊သူဟာမြန်မာနိုင်ငံရဲ့လူတွေအားလုံးရဲ့ပင်မအသက်သွေးကြောဆိုလည်းမမှားပါဘူး။မြန်မာနိုင်ငံလိုမျိုးစိုက်ပျိုးရေးကိုအခြေခံတဲ့နိုင်ငံတစ်နိုင်ငံအဖို့ သူ့ရဲ့လုပ်ဆောင်ချက်ဟာလည်းလုံးဝကိုပြောမဆုံးပေါင်တောသုံးတောင်လို့တောင်ဆိုနိုင်ပါတယ်။
ကျွန်မတို့မိသားစုတွေဟာကားပေါ်ကနေဆင်းပြီးသမိုင်းဝင်အမွေအနှစ်များစွာတည်ရှိတဲ့ပုဂံမြို့ကိုအနီးကပ်သွားရောက်လေ့လာဖို့ဆုံးဖြတ်ခဲ့ပါတယ်။ပုဂံမြို့အေကြာင်းကိုေပြာေတာ့မယ်ဆိုလျှင်ချန်လှပ်မထားသင့်တဲ့အရာေလးတစ်ခုရှိပါတယ်။တရုတ်မှာဆိုတရုတ် မဟာတံတိုင်းကြီးဟာအထင်ကရတစ်ခုအနေနဲ့တည်ရှိနေသလို၊မြန်မာနိုင်ငံရဲ့မန္တလေးမြို့ရဲ့အမှတ်အသားဟာမန္တလေးမြို့ရဲ့ကျုံးရိုးဘဲဖြစ်ပါတယ်။ခုကျွန်မတို့ရဲ့အထင်ကရပုဂံနယ်မြေမှာတော့”နှလုံးသည်းခြာသရပါ”ဟုဆိုရလောက်အောင်ပင်သရပါမြို့ရိုးကတကယ့်ကိုထူးခြားလှတဲ့တံခါးတစ်ချပ်ဘဲဖြစ်ပါတယ်။ဒီတံခါးကိုေတာ့ခရစ်နှစ်၉၀၀ရာစုမှာပုဂံမင်းဆက်ရဲ့စတုတ္ထမြောက်မင်းဆက်ကိုတည်ထောင်ခဲ့တဲ့ပျဉ်ပြားမင်းဟာအေဒီ၈၆၄မှအေဒီ၈၇၈ကတည်ဆောက်ထားခဲ့တာဘဲဖြစ်ပါတယ်။
ပျဉ်ပြားမင်းကပုဂံမြို့ကိုတည်ထောင်ခဲ့တဲ့အချိန်မှာတော့ပုဂံအုတ်မြို့ရိုးရဲ့မြို့မျက်နှာတွေမှာတံခါး၁၂ချပ်ကိုလည်းထည့်သွင်းတည်ဆောက်ခဲ့ပါသေးတယ်။အရှေ့မျက်နှာမှာသရဝတ် တံခါးဖြစ်ပြီး၊သရပါ၊သရပီတံခါးအစရှိသဖြင့်မြောက်မျက်နှာမှာတော့အာရမ်းတံခါး၊ညောင်ဖြူ၊အနောက်မျက်နှာမှာသာစည်တံခါး၊၊တောင်မျက်နှာမှာတော့ငွေမဆိုပြတံခါး၁၂ချပ်ရှိေပမဲ့အရှေ့မျက်နှာရဲ့အလယ်တံခါးသရပါတစ်ခုဘဲထင်ရှားကျော်ကြားခဲ့ပါတယ်။သရပါဆိုတာကတော့မြှားကိုဆီးကာသောတံခါးဟုပါဠိမှမြန်မာအနက်ပြန်ဆိုထားကြပါတယ်။သရပါတံခါးမှာမင်းမဟာဂီရိနတ်မောင်နှမရဲ့နတ်ကွန်း၂ခုကိုပြုလုပ်ပူဇော်ထားခဲ့ကြပါတယ်။အနော်ရထာမင်းကြီးနတ်ရွာစံမှုနဲ့ပက်သတ်ခဲ့တဲ့တံခါးတစ်ချပ်ဆိုလည်းသမိုင်းမှာပညာရှင်ေတွကဆိုထားခဲ့ကြပါတယ်။အနော်ရထာဟာလယ်တွင်းကိုးခရိုင်မှာဆည်မြောင်း၊ကန်ချောင်းတွေကိုတူးဖော်ဆယ်ယူနေခဲ့စဉ်အချိန်မှာဟူးရားဖြူ၊ဟူးရားညိုတို့ကမင်းကြီးကိုပုဂံမင်းနေပြည်တော်စီပြန်မရောက်ခင်နတ်ရွာစံကိန်းရှိတယ်လို့အတိတ်နိမိတ်ဖတ်ေလျှာက်တင်ခဲ့ကြပါတယ်။ထိုအခါမင်းကြီးလည်းသူတို့နှစ်ဦးကိုအမျက်တော်ရှပြီးသံခြေချင်းများခတ်စေကာထောင်တွင်းအကျဉ်းချစေခဲ့ပါတယ်။
ထို့နောက်အနော်ရထာမင်းဟာစစ်ဝတ်တန်ဆာများအပြည့်အစုံနဲ့ဆင်ဖြူတော်ကိုစီးပြီးပုဂံနေပြည်တော်ကိုပြန်လာခဲ့ပါတယ်။သရပါတံခါးအရောက်မှာမင်းကြီးကိုမုဆိုးတစ်ယောက်ကကျွဲရိုင်းတစ်ကောင်ဟာမြစ်အောက်ခြေမှာတိုင်းသူပြည်သားတွေကိုရန်ပြုနေတယ်လို့လာရောက်လျှောကိတင်ပါတယ်။သရပါတံခါးအတွင်းငါ့ရဲ့လက်ယာလက်တစ်ဘက်ဝင်ပြီးခါမှအဲ့ဒီသောင်းကျန်းနေတဲ့ကျွဲရိုင်းကိုငါကိုယ်တော်မြတ်ဆင်ဖြူတော်နဲ့တိုက်သတ်မယ်ဟုဆို၏။(အနော်ရထာခေတ်၁၀၄၄-၁၀၇၇)တွင်မြစ်ခြေရောက်တဲ့ခိုက်ကျွဲရုိင်ူနဲ့ေတွ့ေသာအခါအေနာ်ရထာမင်းကဆင်ဖြူတော်သံပျဉ်စွာကိုချွန်းဖွင့်ပြီးလွှတ်ပေးလိုက်ပေမဲ့၊ကျွဲရိုင်းဟာဆင်ဖြူတော်ထက်ကဘုရင်မင်းကြီးအားဦးတည်ပြီးလှမ်းခတ်တဲ့အခါမှာဘုရင်အနော်ရထာဟာနတ်ရွာစံပြီးကံတော်ကုန်ခဲ့ရပါတယ်။သရပါတံခါးရဲ့မြေနံရံအထက်ပတ်လည်မှာလည်းဘီလူးပန်းဆွဲ၊အုတ်၊အင်းဂတေလက်ရာတွေနဲ့၊လက်ဝဲမှာမောင်တော်နတ်ရုပ်၊လက်ယာမှာနှမတော်နတ်ရုတ်တို့ကို၊တည်ထားခဲ့ပါတယ်။သေလည်ကြောင်မင်းတို့ဟာလည်းအမတ်ဗိုလ်ပါများစွာနဲ့နတ်တော်လမှာပုပ္ပားတောင်ကိုသွားရောက်ပြီးနတ်ကွန်းထံသွားရောက်ပူဇော်လေ့ရှိကြတယ်ဟုဆိုကြပါတယ်။ဒါကေတာ့ရှေးဟောင်းပုဂံမြို့တော်ရဲ့အဝင်အဝတံခါးသရပါသမိုင်းကြောင်းလေးဘဲဖြစ်ပါတယ်။
ပုဂံရဲ့အထင်ကရဘုရားတစ်ဆူဖြစ်တဲ့ရွှေစည်းခုံစေတီရဲ့အကြောင်းကိုလည်းယခုလိုကြားသိခဲ့ရပါတယ်။"အထက်မှာကောင်းမှုလုံ၊အလယ်မှာရွှေစည်းခုံ၊အောက်မှာရွှေတိဂုံ"ဟုပင်ထင်ရှားကျော်ကြားလှတဲ့ဘုရားတစ်ဆူလည်းဖြစ်ပါတယ်။အထက်မှာေကာင်းမှုလံုဆိုတာကေတာ့မြန်မာနိုင်ငံရဲ့အထက်ပိုင်းေဒသဖြစ်တဲ့ကချင်ပြည်နယ်ပူတာအိုမှာရှိတဲ့ပူတာအိုဘုရားကိုဆိုလိုခြင်းဖြစ်ပြီး၊အလယ်မှာေရွှစည်းခုံဆိုတာကေတာ့မြန်မာပြည်ရဲ့အလယ်ပိုင်းပုဂံမှာရှိတဲ့ရွှေစည်းခုံဘုရားကိုဆိုလိုခြင်းဖြစ်ပါသည်။အောက်မှာရွှေတိဂုံဆိုတာကတော့မြန်မာနိုင်ငံအောက်ဘက်မှာရှိတဲ့ရွှေတိဂုံကိုဆိုလိုခြင်းဖြစ်ပါတယ်။
ရှေးလူအများကဒီဘုရား၃ဆူကိုဖူးပြီးတဲ့သူတိုင်းဟာမြန်မာနိုင်ငံအနှံ့ဘုရားဖူးပြီးပြီဟုပင်ဆိုလိုကြပါတယ်။ေရွှစည်းခံုရဲ့ထူးခြားချက်ကေတာ့ဘယ်လောက်ဘဲသဘာဝဘေးအန္တရာယ်များသွာကြုံတွေ့ရပါစေ၊ရွှေစည်းခုံဘုရားရဲ့ထီးတော်ဟာလုံးဝမြေမခနိုင်လို့ဘဲဖြစ်ပါတယ်။အနော်ရထာနဲ့ကျန်စစ်သားမင်းနှစ်ပါးအတူတကွတည်ထားတဲ့ဘုရားတစ်ဆူဟုလည်းဆိုကြပါတယ်။အနော်ရထာမင်းကြီးနတ်ရွာစံပြီးတဲ့နောက်ကျန်စစ်သားမင်းကဆက်လက်ပြီးကိုးကွယ်တည်ထားခဲ့တဲ့ဘုရားတစ်ဆူဆိုလည်းမမှားပါဘူး။အုတ်နဲ့တည်ထားခြင်းမဟုတ်ဘဲ၊တုရွင်းတောင်ကိုဖြိုချခြင်းမှရလာတဲ့ကျောက်တုံးများစွာကိုအသုံးပြု၍တည်ဆောက်ထားခဲ့တဲ့ဘုရားတစ်ဆူလည်းဖြစ်ပါတယ်။
နေ့မှာလူတည်ပြီး၊ညဘက်ရောက်တဲ့အခါမှာတော့နတ်သူတော်ကောင်းပေါင်းဝိုင်းဝန်းတည်ထားကြတယ်ဟုလည်းပါးစပ်ရာဇဝင်လေးရှိနေပါသေးတယ်။လူတစ်ရစ်၊နတ်တစ်ရစ်ပေါင်း၍တည်ထားကိုးကွယ်ကြတဲ့ပုဂံမြို့ရှိတန်ခိုးကြီးဆုံးဘုရားတစ်ဆူလည်းဖြစ်ပါတယ်။အဖေ့ထက်သားတစ်လကြီးတယ်ဆိုတဲ့စကားပေါ်ပေါက်လာရခြင်းဟာလည်းရွှေစည်းခုံဘုရားတည်ရာမှစတင်ခဲ့ပုံရပါတယ်။အကြောင်းမှာဘုရားတည်ရန်ကြိမ်စကြာရိုက်ခေါ်သောအခါသားတော်နတ်မင်းကခမည်းတော်နတ်မင်းထက်တစ်လစောပြီးရောက်ရှိလာခဲ့သောကြောင့်ရာထူးပေးအပ်သောအခါသားတော်ကလက်မောင်းမှာနှစ်ရစ်ရရှိသောကြောင့်ဒီစကားပုံပေါ်လာခဲ့ခြင်းဖြစ်ပါတယ်။အဖရွှေညိုသင်းနဲ့သားတော်ရွှေစံကားနတ်နန်းဘဲဖြစ်ပါတယ်။
အာနန္ဒာဘုရားနဲ့ရွှေစည်းခုံဘုရားနှစ်ဆူဟာနိုင်ငံခြားသားတွေပုဂံရောက်ချိန်တိုင်းမဖြစ်မနေသွားရောက်ဖူးမြော်လေ့ရှိကြပါတယ်။
လှံထောက်ရာဆိုတဲ့ကျန်စစ်သားမင်းရဲ့အရိန္နမာလှံတော်ကိုထောက်တဲ့နေရာကိုလည်းသီးသန့်ပြသထားပါသေးတယ်။ထိုနေရာမှာလည်းအနော်ရထာမင်း၊ကျန်စစ်သားမင်း၊သေလည်ကြောင်၊နရပတိမင်းတို့ရဲ့လှံေလးေချာင်းထောက်သစ္စာပြုအဓိဠာန်ပြုရာနေရာကိုလည်းဗဟုသုတရဖွယ်ပြသထားပါသေးတယ်။ကျန်စစ်သားမင်းကအနန္တောအနန္တငါးပါးမို့သူ့ရဲ့အရိန္နမာလှဲရဲ့နောက်ဘက်အရိုးကိုသုံးပြီးနောက်ထပ်အရာတစ်ခုလည်းပြုလုပ်ခဲ့တယ်လို့စိတ်ဝင်စားဖွယ်သိခဲ့ရပါတယ်။
စစ်ကိုင်းတောင်နဲ့မန္တလေးတောင်တွေမှာလည်းကျန်စစ်သားမင်းရဲ့ခြေတော်ရာတွေကိုတွေ့နိုင်သလိုအရင်ကကျန်စစ်သားမင်းသာသူ့ရဲ့လှံနဲ့တစ်ချက်ထခုန်လိုက်ရင်ပုဂံကနေစစ်ကိုင်း၊မန္တလေးထိရောက်အောင်သွားနိုင်စွမ်းရှိတယ်လို့လည်းပါးစပ်ရာဇဝင်တစ်ခုသဖွယ်ဆိုကြပါတယ်။ပုဂံမြို့ရှိစည်တော်များဟာလည်းတစ်ဖက်ကစည်တော်တီးခတ်သံကိုတစ်ဖက်စောင်းတန်းကမကြားနိုင်ဘဲဘုရားအဝေးရှိလူများကသာကြားနိုင်တဲ့ထူးခြားအံ့သြဖွယ်အချက်ကိုလည်းကြားသိခဲ့ရပါတယ်။ကျန်စစ်သားမင်းကြီးစီးတဲ့မြင်းခွာရာနဲ့အနောဒတ္တာရေအိုင်များကိုလည်းပြသထားပါတယ်။ရင်ပြင်များမှာလည်းလူတွေဟာလိုရာဆုတစ်ခုကိုေတာင်းပြီးချိန်တိုင်းမှာပိုက်ဆံလိပ်တစ်လိပ်ကိုပစ်၍ထိုပိုက်ဆံဟာလိပ်သွားပါကဆုတောင်းပြည့်သည်ဟုမှတ်ယူလေ့ရှိကြပြီး၊ပိုက်ဆံပြန်နေပါကဆုတောင်းမပြည့်နိုင်ဟုမှတ်ယူလေ့ရှိကြတယ်လို့လည်းကြားသိခဲ့ရပါတယ်။
ပုဂံမှာရှိတဲ့စိတ်ဝင်စားဖွယ်ကျောက်မြင်းအရုပ်ဟာလည်းတုရွင်းတောင်ကကျောက်တွေနဲ့ပြုလုပ်ထားပြီးမိမိရဲ့ခန္ဓာကိုယ်မှာနာကျင်မှုခံစားနေရတဲ့နေရာကိုကိုင်ပြီး၊မြင်းရဲ့မျက်လုံးဒါမှမဟုတ်မိမိခံစားနေရတဲ့နေရာလိုမျိုးနေရာကိုမြင်းရုပ်မှာရှာပြီးမိမိကိုယ်ကိုပြန်ထိပါကထိုဝေဒနာဟာသက်သာပျောက်ကင်းစေတဲ့အယူလည်းရှိပါတယ်။ဥပမာမျက်လုံး၊ခါး၊ဒူးခေါင်းနာရင်ထိုမြင်းရဲ့မျက်လုံး၊ဒူးခေါင်း၊ခါးတို့ကိုနှိပ်ပြီးမိမိနာကျင်နေတဲ့နေရာကိုထိပါကသက်သာပျောက်ကင်းသည်ဟုပင်ဆိုကြသည်။
"ထုမှာဓမ္မရံ၊အနုမှာအာနန္နာ၊ဉာဏ်ေတာ်မှာသဗ္ဗီညု"ဟုဆိုလေ့ရှိကြတဲ့ ပုဂံမှာထုထည်အကြီးဆုံးဘုရားဟာဓမ္မရံကြီးဘုရားဖြစ်သလို၊မြင်ေတွ့ရတဲ့မြန်မာမှုအနုပညာလက်ရာဟာအနုစိတ်လွန်းတဲ့အာနန္နာဘုရားဟာလည်းပုဂံကိုလာရောက်သူတိုင်းလည်ပတ်သင့်တဲ့ဘုရားတစ်ဆူဆိုလည်းမမှားပါဘူး။ပုဂံခေတ်ရဲ့လက်မှုအနုပညာလက်ရာအဆင့်အတန်းမြင့်မားပုံကိုအသေးစိတ်တွေ့ရှိနိုင်တဲ့ဘုရားတစ်ဆူလည်းဖြစ်ပါတယ်။ရွှေစည်းခုံဘုရားမှာအထင်ကရရေအိုင်တစ်အိုင်လည်းရှိပါသေးတယ်။ထို့ပြင်အရင်ခေတ်ကခရေပင်ကိုချယားပင်းဟုခေါ်ကြောင်းလည်းဗဟုသုတရဖွယ်သိခဲ့ရပါတယ်။နှစ်ပေါင်းကိုးရာသက်တမ်းရှိသော၁၂လရာသီလုံးခေရပန်းပွင့်တဲ့ခရေပင်အိုကြီးကိုလည်းတွေ့ခဲ့ရပါတယ်။ခရေရဲ့ထုံးစံအတိုင်းကြွေလိုမွှေး၊ဝေလည်းမွှေးမို့ကျွန်မတို့မိသားစုတွေခရေပန်းလေးတွေလည်းကောက်ခဲ့ပါသေးတယ်။အနော်ရထာမင်းမတိုင်ခင်ကနတ်၊အရီးကြီးကိုးကွယ်မှုများနဲ့အသားကျနေတဲ့ကိုးကွယ်သူများအတွက်လည်းပုဂံမှာ၃၇မင်းနတ်များကိုတစ်စုတစ်စည်းတည်းကိုးကွယ်နိုင်မဲ့နတ်နန်းကိုလည်းလုပ်ထားပြီးရွှေစည်းခုံဘုရားရဲ့အနောက်ဘက်မှာတည်ထားခဲ့ပါတယ်။
ထိုကဲ့သို့ပြုလုပ်ထားခြင်းဟာနတ်ကိုးကွယ်ယုံကြည်မှုကနေထေရဝါဒဗုဒ္ဓဘာသာကိုသက်ဝင်ယုံကြည်ဖို့ရန်အတွက်လည်းဖြစ်ပါတယ်။ရှင်အရဟံရဲ့အမိန့်တော်အတိုင်းလိုက်နာခဲ့တဲ့အနော်ရထာမင်းရဲ့သာသနထွန်းကားေအာင်လုပ်ေဆာင်နိုင်ခဲ့ခြင်းဟာနောက်ဆုံးမှာတော့ပုဂံနိုင်ငံသားတွေသာမကယခုထက်ထိတိုင်ကျွန်မတို့မြန်မာနိုင်ငံသားအများစုဟာထေရဝါဒဗုဒ္ဓဘာသာကိုသက်ဝင်ယုံကြည်ပြီးဗုဒ္ဓသာသနာဟာနေလိုလလိုထွန်းလင်းတောက်ပနေခဲ့တာလည်းဖြစ်ပါတယ်။
ဒါ့ပြင်ထီးလိုမင်းလိုဘုရားဟာလည်းနရပတိစည်သူမင်းတည်ထားကိုးကွယ်ခဲ့တဲ့ပုဂံရှေးဟောင်းမြို့ရဲ့အထင်ကရဘုရားတစ်ဆူလည်းဖြစ်ပါတယ်။သားတော်ဇေယျ(နားတောင်ူများမင်း)လက်ထက်မှာတည်ဆောက်ပြီးစီးခဲ့ပါတယ်။ထိုချိန်ကနရပတိစည်သူမင်းကဲ့လက်ဖဝါးမှာရှိတဲ့ပြည်တည်နာဟာဘယ်သမားတော်မှကုသမရအောင်ဖြစ်ခဲ့ပြီး၊ညစဉ်နဲ့အမျှရောဂါဝေဒနာခံစားခဲ့ရပါတယ်။ထိုအခါမင်းကြီးရဲ့မိဖုရားတော်စောမြကန်ဟာထိုခူနာသက်သာစေရန်မင်းကြီးရဲ့လက်ကိုသူမရဲ့အာခံတွင်းမှာငုံပေးပြီးတစ်ညလုံးလိုလိုမင်းကြီးအားကောင်းမွန်စွာအိပ်စက်အနားယူစေခဲ့ပါတယ်။တစ်ညမှာတော့မင်းကြီးရဲ့ပြည်တည်နာဟာပေါက်ထွက်လာခဲ့ပြီးမိဖုရားကမင်းကြီးအိပ်စက်အနားယူနေချိန်အနှောက်အယှက်ဖြစ်မှာဆိုးသောကြောင့်ထိုပြည်တွေကိုငုံထားရင်ူမထွေးထုတ်ဘဲသူမမြိုချလိုက်ခဲ့ပါတယ်။
ထိုအခါမင်းကြီးဟာမိဖုရားရဲ့သူ့အေပါ်သိတတ်ချစ်ခင်မှုကြောင့်ဆုတစ်ခုတောင်းစေခဲ့တယ်။မိဖုရားကသူ့ရဲ့သားတော်နားတောင်းများမင်းကိုသာထီးနန်းအရိုက်အရာပေးဖို့မင်းကြီးထံတောင်းဆိုခဲ့ပါတယ်။မင်းကြီးကသဘောတူလက်ခံခဲ့ပေမဲ့အခြားမှူးမတ်အများစုနဲ့တိုင်းသူပြည်သားများသဘောတူလက်ခံစေရန်အတွက်မင်းကြီးလည်းသူနတ်ရွာစံခါနီးအချိန်မှာသားတော်ငါးပါးရဲ့အလယ်မှာထီးတစ်ချောင်းစိုက်၍မင်းဖြစ်ထိုက်သူရဲ့ဘက်ကိုထီးတော်တိမ်းညွှတ်ပါစေဟုဆုတောင်းအဓိဠာန်ပြုလုပ်ခဲ့ပါတယ်။၃ကြိမ်၃ခါပြုလုပ်ချိန်မှာထီးတော်ဟာနားတောင်းများမင်းဘက်ကိုသာတိမ်းခဲ့တာကြောင့်ထီးနန်းဟာလည်းသားအငယ်ဆုံးကိုသာလိုလားသလို၊ငါကိုယ်တော်မြတ်ဟာလည်းငါ့အရိုက်အရာကိုသားအငယ်ဆုံးကိုသာဆက်ခံစေလိုတဲ့အတွက်ကြောင့်ထိုနေရာမှာဘဲထီးလိုမင်းလိုဘုရားတည်ထားခဲ့ပုံရပါတယ်။
ပညာရှင်အချို့ကလည်းတိလောကမင်ဂလာလို့အမည်ရတဲ့ရခိုင်ဘာသာကိုအသံထွက်မှားခဲ့သောကြောင့်ထီးလိုမင်းလိုလို့မြန်မာပြန်ဆိုကြတယ်ဟုလည်ူဆိုကြပါတယ်။ဉာဏ်တော်ဟာပေ၁၅၀ရှိပြီး ၊အလျားအနံဟာပေ၁၄၀ရှိတဲ့ ပုဂံမြို့ရဲ့အထင်ကရဘုရားတစ်ဆူလည်းဖြစ်ပါတယ်။နတ်တောင်းများမင်းဟာလည်းဖခမည်းတော်တည်ထားကိုးကွယ်ခဲ့တဲ့စူဠာမဏိစေတီတော်ဘုရားရဲ့ပုံစံတူကိုပြုလုပ်ကိုးကွယ်ခဲ့ပုံရပါတယ်။တကယ့်ကို လက်ညှိုးထိုးမလွဲတဲ့ ပုဂံဘုရားပေါင်းများစွာတည်ရှိရာကမ္ဘာ့ရဲ့ယဥ်ေကျးမှုအေမွအနှစ်ေရှးေဟာင်းနယ်ေမြတစ်ခုပီသလှပါတယ်။ကျွန်မတို့မောင်နှမလည်းသမိုင်းကြောင်းကိုရှင်းပြနေတဲ့tourguideအကိုရဲ့ဗဟုသုတရဖွယ်စကားများမှာမြောပြီးညနေစောင်းမှန်းတောင်မရိပ်မိခဲ့ပါဘူး။
ကျွန်မတို့ရဲ့ခရီးစဉ်လေးဟာနှစ်ညအိပ်၃ရက်မို့ဒီနေ့ညနေခင်းလေးမှာအချိန်ရတုန်းလေးကျွန်မတို့ရဲ့ချစ်ရတဲ့သူငယ်ချင်းတွေဖို့ဇော်ဂျီရုပ်ေးလနဲ့ပုဂံရောက်အမှတ်တရ စားစရာလေးေတွကိုခရီးပြန်လက်ေဆာင်အဖြစ်ဝယ်ယူသွားခဲ့ပါတယ်။ကျွန်မတို့ရဲ့အချိန်တန်ဒီအိမ်ပြန်ရတော့မဲ့အချိန်လေးဟာလုံးဝကိုမမေ့နိုင်စရာကိုယ်နဲ့ခင်မင်ရင်းနှီးခဲ့တဲ့သုတစ်ယောက်ကိုအပြီးပိုင်နှုတ်ဆက်ရမဲ့ခံစားချက်လိုမျိုးဖြစ်နေပြီးရင်ထဲမှာနင့်နေအောင်လွမ်းဆွတ်ဖွယ်ခံစားချက်တစ်မျိုးခံစားကြရပါတယ်။
ဒါပေမဲ့ယခုမပြန်မီအခိုက်အတန့်လေးမှာနေဝင်ဆည်းဆာအလှကိုခံစားရင်းနဲ့ကောင်းမွန်စွာဒီညနေခင်းရဲ့အမှတ်တရကိုထာဝရရင်ထဲမှာသိမ်းဆည်းထားဖို့ကျွန်မတို့မောင်နှမလည်းစိတ်ဆုံးဖြတ်ခဲ့ပါတယ်။လောကနန္ဒာဘုရားကမ်းဘေးရဲ့အလှများဟာလည်းလုံးဝကိုရင်သပ်ရှုမောဖွယ်ကောင်းလှပါတယ်။
ဧရာဝတီမြစ်ရေတက်နေပုံဟာလည်းလုံးဝကိုမှော်ဆန်တဲ့သက်ဝင်ပန်းချီကားတစ်ချပ်လိုပါဘဲ။ပုဂံမြို့ရဲ့နေဝင်ဆည်းဆာအလှတွေဟာလည်းလုံးဝကိုချန်လှပ်ထားမရတဲ့သမိုင်းဝင်ပန်းချီကားတစ်ချပ်ဆိုလည်းမမှားပါဘူး။
ကျွန်မတို့မောင်နှမနှစ်ယောက်ဟာ ငယ်စဉ်ကတည်းက ပန်းချီဆွဲတာနဲ့ဓာတ်ပုံရိုက်ခြင်းဆိုတဲ့ အနုပညာဆန်တဲ့အရာတွေကိုကြိုက်နှစ်သက်သူတွေမို့ ဒီလိုအခွင့်အရေးကိုလက်လွှတ်မခံဘဲ တစ်ယောက်ကပန်းချီဆွဲ၊တစ်ယောက်က အမှတ်တရဓာတ်ပုံရိုက်နဲ့တော်တော့်ကိုအလုပ်ရှုပ်နေခဲ့ပါတယ်။လူကြီးတွေဟာလည်း ကျွန်မတို့ရဲ့ပျော်ရွှင်မှုတွေကိုကျွန်မတို့ရဲ့လုပ်ဆောင်ချက်တွေရယ်မောသံလေးတွေကနေတစ်ဆင့်တွေ့မြင်နေရတာမို့၊သူတို့ရဲ့ဆုံးဖြတ်ချက်ဟာလည်းမမှားတဲ့အရာတစ်ခုဖြစ်ခဲ့လို့ဝမ်းသာကြည်နူးနေပုံရပါတယ်။
အရင်က အဘွားရဲ့ မျက်နှာကြောတင်းတင်းနဲ့ ကျွန်မတို့ကိုကြည့်လေ့ရှိတဲ့အမူအရာကလည်းခရီးစဉ်အစမှအဆုံးရောက်လာတဲ့အခါမှာတော့ လုံးဝထိုအရိပ်အယောင်ဟာလေထဲတွင်ပျောက်ကွယ်သွားပုံရပါတယ်။ကျွန်မတို့မောင်နှစ်မရဲ့အပျော်တွေကသူ့ရဲ့အမြင်မကြည်မှုကိုထပ်မံအနိုင်ရသွားပုံရပါတယ်။ဒီခရီးစဉ်လေးကတော့ကျွန်မတို့မောင်နှမကိုတကယ့်ကိုမမေ့နိုင်တဲ့ဘဝအမှတ်တရတွေကိုဖန်တီးပေးခဲ့တယ်လို့ဆိုလည်းမမှားပါဘူး။
ကျွန်မတို့မောင်နှမဟာသူများတွေမီးပုံးပျံစီးနေတာမြင်တော့ကျွန်မတို့လည်းစီးခွင့်ပေးဖို့မိဘတွေကိုပူဆာခဲ့ပါတယ်။အဘွားကအစကတည်းကအယူသည်းသူမို့အဘွားကသဘောမတူမှာကိုကြိုသိတဲ့အဖေနဲ့အမေကအဘွားရှေ့မှာတော့ဒါမဖြစ်ဘူးလို့ပြောပြီးအဘွားကိုတစ်နေရာရာကိုအဖေကအယောင်ပြခေါ်သွားပြီးအမေကကျွန်မတို့မောင်နှမနဲ့အတူမီးပုံပျံစီးပေးခဲ့ပါတယ်။တကယ့်ကိုမီးပုံပျံပေါ်ကနေအောက်ကပုဂံမြို့ရဲ့ထူးခြားတဲ့အလှစစ်တွေကိုမြင်ရတာကလည်းရှားပါးအခွင့်အရေးလိုပါဘဲ။ထိုအခွင့်အရေးကိုပေးခဲ့တဲ့အဖေနဲ့အမေကိုလည်းတကယ့်ကိုစိတ်ရင်းနဲ့ကျေးဇူးတင်မိပါတယ်။
ဒါ့ပြင်ကျွန်မတို့ကိုခုလိုခရီးစဉ်ကိုစီစဉ်ပေးတဲ့အဖွဲ့Yolo,travel4,uဖွဲ့ကိုလည်းကျေးဇူးတင်သလို၊ဒီခရီးစဉ်လေးကနေကောင်းမွန်တဲ့ဒေသန္တရဗဟုသုတတွေများစွာအပြင်မိသားစုတစ်ဦးနဲ့တစ်ဦးကြားနားလည်မှု၊ချစ်ခြင်းမေတ္တာတွေလည်းတိုးပွားလာတယ်လို့လည်းခံစားရပါတယ်။တကယ့်ကိုဘဝမှာကောင်းမွန်တဲ့စိတ်ခံစားချက်များစွာကိုရရှိခဲ့ပြီးဘဝအသစ်ကို စတင်နိုင်မဲ့စိတ်ဓာတ်သစ်၊ခွန်အားသစ်တွေကိုပြန်လည်အားဖြည့်ပေးတဲ့ခရီးစဉ်လေးတစ်ခုဆိုလည်းမမှားပါဘူး။လုံးဝကိုအစားကောင်း၊အသောက်ကောင်း၊အမှတ်တရကောင်းများစွာပိုင်ဆိုင်ခဲ့ရတာမို့”ဘုရားလည်းဖူး၊လိပ်ဉလည်းတူး”ခဲ့တဲ့ခရီးစဉ်ကောင်း၊အမှတ်တရကောင်းတစ်ခုအဖြစ်လည်းယခုတိုင်စိတ်ထဲမှာစွဲမှတ်ကျန်ရစ်နေလျက်ရှိပါတယ်။ ။
Keep Reading