Maru
အခုရက်ပိုင်းအတွင်း စာဖတ်သူလေးတွေထဲမှာ စာဖတ်တာကိုသာမက စာရေးသားတာကို ဝါသနာပါတဲ့သူလေးတွေကို တွေ့ရှိရပါတယ်။ရေးသားချင်ပေမယ့်လည်း ဘယ်လိုရေးသားရမလဲဆိုတာမသိတဲ့အတွက် လာရောက်မေးမြန်းသူတွေလည်းရှိပါတယ်။အခုလိုလေးတွေ မြင်တွေ့နေရတော့ဝမ်းသာပီတိဖြစ်မိတာရယ် ကိုယ်တတ်သလောက်လေးမျှဝေပေးချင်တာတွေကြောင့် အခုဆောင်းပါးလေးမှာ ကျွန်မအနေနဲ့ ရိုးရှင်းတဲ့ ဆောင်းပါးရေးသားနည်းလေးကို မျှဝေပေးသွားပါမယ်ရှင်။
✨ဆောင်းပါးဆိုတာဘာလဲ
ဆောင်းပါးဆိုတာဟာ သတင်းစာ၊ မဂ္ဂဇင်း၊ ဘလော့ဂ်၊ Sarphat(စာဖတ်) စတဲ့မီဒီယာတွေမှာဖော်ပြတဲ့ စာတမ်းဖြစ်ပြီး သုတ၊ ရသအပြင် သုတရသရောနှောထားတဲ့စာဖြစ်ပါတယ်။
✨ရေးသားနိုင်တဲ့အကြောင်းအရာများ
ရေးသားရာမှာ အသိပညာပေး၊ စီးပွားရေး၊ အနုပညာ၊ ယဉ်ကျေးမှု၊ ကျန်းမာရေး၊ နည်းပညာ၊ နိုင်ငံရေးစတဲ့အမျိုးမျိုးသောအကြောင်းအရာများကို ရေးသားနိုင်ပါတယ်။
✨ဆောင်းပါးရေးသားနည်း
ဆောင်းပါးရေးသားရာမှာ ငယ်စဉ်က စာစီစာကုံးရေးသားသလို အကြမ်းအားဖြင့်
-ခေါင်းစဉ်
-နိဒါန်း
-စာကိုယ်
-နိဂုံး ပါရှိရပါမယ်။
သို့ရာတွင် စာစီစာကုံးနှင့်ဆောင်းပါးက မတူညီပါ။ စာစီစာကုံးက အဖွဲ့အနွဲ့အခိုင်းနှိုင်းတွေနဲ့များစွာထည့်သွင်းရေးသားလို့ရတဲ့ ပုံစံမျိုးဖြစ်ပါတယ်။
ဆောင်းပါးကတော့ အဖွဲ့အနွဲ့အခိုင်းအနှိုင်း မလွန်ကဲစေပဲ လိုရင်းကိုထိရောက်အောင်ရေးသားရပါမယ်။
✨ခေါင်းစဉ်
ဆောင်းပါးတစ်ပုဒ်မှာ ခေါင်းစဉ်ကအရေးကြီးပါတယ်။
ကိုယ်ရေးသားထားတဲ့စာနဲ့ ပေးထားတဲ့ခေါင်းစဉ်ဟာ ကိုက်ညီမှုရှိရပါမယ်။ခေါင်းစဉ်ကောင်းကောင်းပေးတတ်ဖို့လည်းလိုအပ်ပါတယ်။
✨ခေါင်းစဉ်ပေးနည်းများ
- ကိုယ်ရေးမယ့်စာတွေကိုခေါင်းထဲ ပထမဆုံးစီပြီးမှရေးသားတတ်တဲ့သူတွေက စာစရေးတဲ့အခါ ခေါင်းစဉ်ကိုတန်းပေးလိုက်တာကအဆင်ပြေပါတယ်။
-ရေးရင်းနဲ့မှ အကြံဉာဏ်တွေထွက်လာပြီး ကြိုတင်စဉ်းစားစာစီဖို့ အခက်အခဲရှိသူတွေကတော့ စာရေးပြီဆိုတာနဲ့ ခေါင်းစဉ်ကို ဦးစွာမပေးစေချင်ပါဘူး။(ခေါင်းစဉ်ကိုကြည့်ပြီး စာရေးတဲ့တွက် ဒီအကြောင်းအရာကခေါင်းစဉ်နဲ့ မကိုက်ဘူး မလိုက်ဘူးဆိုတဲ့စိတ်တွေဝင်ရောက်ပြီး ရေးသားမှုတွေကို ဘောင်ခတ်သလိုဖြစ်နေတတ်ပါတယ်။ဒီလိုရေးသားတတ်တဲ့သူတွေအနေနဲ့ စာပါအကြောင်းအရာအားလုံးရေးသားပြီးမှ လိုက်ဖတ်မယ့်ခေါင်းစဉ်ကိုရွေးချယ်ပြီးပေးစေချင်ပါတယ်။)
✨နိဒါန်း
ကျွန်မတို့အခုခေတ်က အပြိုင်အဆိုင်များတဲ့ခေတ်ဆိုလည်း မမှားပါဘူး။စာပေါင်းမြောက်များစွာကို Sarphat(စာဖတ်)၊ Facebook စတဲ့အမျိုးမျိုးသော social media တွေမှာဖတ်ရှုလို့ရနေပါပြီ။ ကိုယ့်လိုတက်သစ်စ စာရေးသူလေးအနေနဲ့ စာပေလောကထဲခြေချပြီဆိုတာနဲ့ ကိုယ့်စာကို ဖတ်ချင်လာအောင်ဆွဲဆောင်ရတော့မှာပါ။ဒီတော့ ခေါင်းစဉ်နဲ့ထပ်တူ နိဒါန်းကလည်းအရေးကြီးလာပါတယ်။
✨နိဒါန်းရေးနည်းများ
- နိဒါန်းရေးသားရာမှာ ဖတ်ရှုသူရဲ့ အာရုံကိုဖမ်းစားနိုင်ရပါမယ်။
-တအားရှည်ရှည်ဝေးဝေး မရေးသားဘဲ ကိုယ်ရေးသားသွားမယ့် အကြောင်းအရာကို အစပျိုးပေးရပါမယ်။
နိဒါန်းက ထိထိရောက်ရောက်နဲ့ တိုတိုလေးဖြစ်နေရင်ကောင်းပါတယ်။
✨စာကိုယ်
ကျွန်မတို့ စာကိုယ်စပြီဆိုတာနဲ့ ကိုယ်ပြောချင်တဲ့အကြောင်းအရာတွေကို စတင်ရေးသားရပါမယ်။
✨ရေးသားနည်းများ(အကြမ်းအားဖြင့်)
-ရေးသားမယ့်အကြောင်းအရာကို အဆိုအမိန့်တစ်ခုနဲ့ဖြစ်စေ အကြောင်းအရာ၊ ဇာတ်လမ်း၊ ပုံပြင်၊ ကိုယ်တွေ့ဖြစ်ရပ်တွေနဲ့ စတင်ရေးသားမယ်ဆိုလည်းအဆင်ပြေပါတယ်။( အဲလိုစပြီးပြီဆိုတာနဲ့ ကိုယ်ရဲ့အမြင် အတွေးတွေကို ဆက်လက်ရေးသားဖော်ပြသွားမယ်ဆို အဆင်ပြေပါတယ်။)
-အကြောင်းရာတစ်ခုနဲ့စတင်ပြီး အဲဒီအတွက် ရှင်းလင်းချက်တွေနဲ့ ရေးသားဖော်ပြမယ်ဆိုလည်းအဆင်ပြတယ်။ အဓိကအချက်တိုင်းကို အချက်အလက်တွေနဲ့ ထောက်ခံပြီး အသေးစိတ်ရှင်းပြပါ။
? သတိပြုရန်
- ကိုယ်နိဒါန်းမှာ အစပျိုးထားတဲ့စာနဲ့ ဆက်စပ်မှုရှိအောင်ရေးသားရပါမယ်။
?ဆောင်းပါးက ပုံစံအမျိုးမျိုးရှိတာမို့ ရေးသားတဲ့ပုံစံတွေဟာ တစ်ခုနဲ့တစ်ခုတူကြမှာမဟုတ်ပါဘူး။ ရေးသားပါ။ ရေးရင်းနဲ့ ရေးတတ်လာပါလိမ့်မယ်။ ဒါ့အပြင် အခြားသူတွေရဲ့ဆောင်းပါးရေးတဲ့ပုံစံတွေကိုလေ့လာပါ။
?ကျွန်မတို့စာကိုယ်စပြီဆိုတာနဲ့ စာတွေက တအားရှည်လာပါတယ်။ အဲ့အခါကြစာကို တဆက်တည်းရေးပြီးဖော်ပြတာထက် စာပိုဒ်လိုက်လေးတွေ ခြား/ခွဲပြီးရေးသားတာက ဖတ်
Unlock to read this premium article with 10 points.