Pan Pyoe Eain
လှသောတန်းခူး
°°°°°°°°°°°°°°°°°
ငုရွှေဝါ ပိတောက်ပန်းတို့
အပြိုင်လန်း ပွင့်စုံညီ ။
ကံ့ကော်တွေ ခိုင်ခိုင်ဖွေးတော့
ရနံ့တော်ဝေ ကြိုင်လှိုင်မွှေးလို့
ဥဩတေးသီ ။
မိုးမင်းက တစ်ကိုယ်ရည်
စွတ်ဖျန်းသည် ပါဝင်နွှဲ ။
ဓလေ့ရိုးရာ ယဥ်ကျေးမှု
မမေ့တိုးစွာ စဉ်တွေ့ရှု့တဲ့
သုခုမပွဲ ။
ရွှင်မြူးစွာ စဥ်အမြဲ
ကျင်းပဆဲ ရေသဘင် ။
ပျိုပျိုမေ သပြေခက်နဲ့
ကိုကိုတွေ ရေပက်ဖို့
မဏ္ဍပ်ကိုဆင် ။
မြတ်စွာသော ဘုရားရှင်
ဦးထိပ်တင် နေ့လေးရက် ။
နေ့အကြို သပ္ပါယ်သန့်လို့
မမေ့ပို ဓိပ္ပာယ်ခန့်တဲ့
တည်တန့်မြဲလျက် ။
အကျဝယ် အရုဏ်တက်ကို
သစ်သီး,ပန်းခက် ရေချမ်းတွေ ။
ကပ်လှူကာ မြတ်စွာဆွမ်းကို
မပြတ်ဖြူစွာ သဒ္ဓါစွမ်းနဲ့
ဒါနခန်းဝေ ။
အကြတ်နေ့ ပြုကြပေ
ကောင်းမှုအမွေ ခေါင်းဆေးခြင်း။
အသက်ရွယ်အို ဖိုးဖွားတို့
မပျက်ကွယ်ပို ကျိုးအားဖြင့်
ရောက်သွားပြုရင်း ။
အတက်ဝယ် ကျင်းပခင်း
စိတ်ရင်းမှ ဖြူစင်စွာ ။
ဒါနတွေ အကြောင်းပြု
ဖြာကျဝေ ထိုကောင်းမှုက
စတုဒိတာ ။
မေတ္တာလှ ဆင်ယင်ကာ
စိတ်လွှာလွှာ မချိုးကွေ့ ။
မပြတ်ရည်သန် အထက်နန်း
နတ်ပြည်မှန် တက်လှမ်းဖို့
လက်ကမ်းကြို၍ ။
နှစ်ဆန်းမှာ တစ်ရက်နေ့
မြဲမမေ့ တရားသံ ။
ဤကမ္ဘာ လောက၌
ရည်သန်စွာ သဘောမိုက်ကို
စီးမလိုက်ရန် ။
နှစ်သစ်တရား ဟောကြာပြန်
လိုက်နာမြန် ကျင့်ကြံမြန်း ။
ဉာဏ်ပိုမှီ ထိုးထွင်ဖောက်က
မှန်ကိုဆီ တိုးဝင်ရောက်တဲ့
နိဗ္ဗာန်ပေါက်လမ်း ။
သံသရာ တစ်ဖက်ကမ်းလည်း
လှမ်းနိုင်တဲ့ အကြောင်းဝေ ။
သာယာပုံ စီခြယ်ရေးတော့
ဖြာဖြာစုံ မှီတွယ်တွေးက
ထူးမြတ်သေးပေ ။
လတန်ခူး ကြန်အင်တွေ
အမှန်ပင်လေ ပြည့်စုံမြဲ ။
နွေသင်္ကြန် အလှများနဲ့
မသွေမှန် ချပြထားတဲ့
ရှု့စားရပွဲ ။
ပန်းပျိုးအိမ်
(ကျိုက်လတ်)
Keep Reading