Ax Lynn Yaung
မင်္ဂလာပါဗျ ကျွန်တော်က စာရေးတာကို ဝါသနာပါတဲ့ သာမန်လူတစ်ယောက်ပါပဲဗျ Professional အရမ်းမကျပေမယ့် ကြိုးစားနေပါတယ် အကယ်၍ ကျွန်တော်ရေးသားတဲ့ စာတွေမှာ အမှားအယွင်းတစ်စုံတစ်ရာရှိခဲ့ရင် ခွင့်လွှတ်ပေးကြပါဗျ။
ကျွန်တော့်အနေနဲ့ ယခု ပြန်လည်မျှဝေပေးချင်တဲ့အကြောင်းအရာကတော့ ကိုယ် control လုပ်နိုင်တဲ့ အရာလား၊မလုပ်နိုင်တဲ့အရာလား ဆိုတာကို ဆန်းစစ်တတ်ဖို့ရန်ဖြစ်ပါတယ်။
အချိန်အတိုင်းအတာတစ်ခုမှာ ပြဿနာ တစ်ခုခုရှိလာခဲ့ရင်၊စိတ်တိုဒေါသထွက်စရာတစ်ခုခုဖြစ်လာခဲ့ရင် အဲ့ဒီအရာက အရေးပါတဲ့အကြောင်းအရာတစ်ခုလား၊အဲ့ဒီကိစ္စလေးအတွက်နဲ့ ကိုယ်စကားများရန်ဖြစ်ပြီးအပင်ပန်းခံဖို့လိုသလားဆိုတာကို ဂရုစိုက်ရမှာပါ။
ဥပမာအားဖြင့်ပေါ့ဗျာ-ခင်ဗျားတို့က ဆိုင်တစ်ဆိုင်မှာ မုန့်စားနေတယ်ဆိုပါစို့။ဘေးက သူစိမ်းတစ်ယောက်က ခင်ဗျားစားနေတာကိုကြည့်ပြီး ဝက်လိုပဲ အသားကုန်အရှက်မရှိ ဖြဲရဲစားနေတယ် လို့ပြောလိုက်တယ်ဆိုရင် ခင်ဗျား ပုံမှန်အတိုင်းပဲ ဆက်စားနေမလား၊ထထွက်သွားမလား၊အဲ့လူကို ရန်သွားရှာမလား။ ရွေးချယ်စရာတွေရှိပါတယ်နော်။လူတိုင်းကတော့ ကိုယ့်ကို အဲ့လိုပြောလိုက်တဲ့အခါမှာ ဘယ်သူမဆို ဒေါသရှေ့တန်းတင်ပြီး ပြဿနာလုပ်မိကြမှာပါပဲ ငါ့ဘာငါစားတာဘာဖြစ်ချင်တာလဲ ငါ့ပါးစပ်နဲ့ငါ ငါ့ပိုက်ဆံနဲ့ငါ ငါစားနိုင်လို့စားတာ နင့်အပူပါလားပေါ့။
ဒါပေမယ့် တစ်ချက်ပြန်စဉ်းစားကြည့်တဲ့အခါမှာ- အဲ့ဒီကိစ္စက သိပ်ကြီးအရေးပါတဲ့အရာမဟုတ်ပါဘူး။ခင်ဗျားတို့သာ အဲ့ဒီလူနဲ့ရန်ထဖြစ်လိုက်မယ်ဆိုရင် အရှက်ရစရာတွေအများကြီးဖြစ်ကုန်မှာ၊တကယ်လို့ ခင်ဗျားတို့သာ သူ့ကို ဥပေက္ခာပြုပြီး ကိုယ်လုပ်စရာရှိတာဆက်လုပ်နေမယ်ဆိုရင် ခင်ဗျားကို attention ပေးပြီး လိုက်blameနေတဲ့ သူပဲ အရှက်ကွဲရမှာပေါ့ဗျာ။ပြဿနာတစ်ခုခု ဖြစ်တယ်ဆိုရင် ချက်ချင်းစိတ်လိုက်မာန်ပါ မဖြေရှင်းပဲနဲ့ စိတ်အေးအေးထားပြီး ဒီအရာက အရေးကြီးသလား ငါ control လုပ်ထားလို့ရနိုင်သလား ခေါင်းအေးအေးထားပြီး စဉ်းစားလိုက်ပါ ဒါမှမဟုတ်ရင်လဲ မေ့ထားပြီး အခြားတစ်ခုအပေါ် အာရုံလွှဲထားလိုက်ပါ။တစ်ပတ်လောက်နေလို့ အဲ့ဒီအရာကိုပြန်စဉ်းစားကြည့်ရင် "ဪ အဲ့တာကြီးက ဘာမှမဟုတ်ပါဘူးလား"ဆိုပြီး ပြန်တောင်ရယ်မိလိုက်ပါဦးမယ်ဗျာ။အကယ်၍ ပြဿနာက ကိုယ် control လုပ်လို့အဆင်မပြေနိုင်တဲ့ ပြဿနာတစ်ခုဖြစ်ခဲ့မယ်ဆိုရင် ...
နမူနာအဖြစ်ပေါ့ ပြောပြမယ်နော်
ခင်ဗျားကို ခင်ဗျားအသိမိတ်ဆွေတစ်ယောက်က ငမွဲလို့ ပြောတယ်ထားပါတော့ဗျာ။
အဲ့ဒီအခါမှာ ကိုယ့်ကို ငမွဲလို့ပြောတာကိုမကြိုက်ဘူး မိတ်ဆွေဖြစ်နေတဲ့အတွက် သည်းခံပေးနေတယ် ဒါပေမယ့် အဲ့ဒီအရာကို လုံးဝမှမကြိုက်တာဖြစ်တဲ့အတွက် control မလုပ်နိုင်ဘူးလေ။တစ်နေ့မှာ လေအရမ်းပြည့်လာတဲ့ပူဖောင်းလိုပဲ သည်းခံရတာ များလာတဲ့ အခါမှာ ပေါက်ကွဲထွက်သွားပါလိမ့်မယ်။
ဒါကြောင့် ကိုယ်control မလုပ်နိုင်တဲ့အရာမျိုးဆိုရင်လည်း တစ်ဖက်လူကို ကိုယ်မကြိုက်ရင်မကြိုက်တဲ့အကြောင်း ပွင့်ပွင့်လင်းလင်း အေးအေးဆေးဆေးနဲ့ ပြောပြဖို့လိုပါတယ်ဗျ။
လူတစ်ဦးနဲ့တစ်ဦးက လက်ချောင်းလေးတွေတောင်အတိုအရှည်မတူကြတာမို့ လူတွေရဲ့ type တွေကလည်း မတူညီကြပါဘူး။သဘောထားမတိုက်ဆိုင်မှုတွေအများကြီးရှိကြတဲ့အခါမှာ ရန်စကားနှင့် ဖြေရှင်းပြီး အမုန်းပွားကြမယ့်အစား တစ်ဖက်နဲ့တစ်ဖက် နားလည်မှုအပြည့်အဝထားပြီး တိုင်ပင်ညှိနှိုင်းကြရင် ကမ္ဘာကြီး ဘယ်လောက်တောင် အေးချမ်းလိုက်မလဲဗျာ။
ကျွန်တော် ပြောလိုတဲ့ အကြောင်းအရာကတော့ ဒီမှာတင် အဆုံးသတ်လိုက်ရပါတယ်ဗျ။
စာဖတ်သူအပေါင်းတို့ စိတ်ချမ်းသာ၊ကိုယ်ကျန်းမာနှင့် လိုရာဆန္ဒပြည့်ဝပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျ။🤗
Keep Reading